အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

23 May, 2013

ရန်ကုန်မြို့ ရွှေတောင်တန်း ဗောတံတား၌ စက်တပ်သမ္ဗန် နစ်မြုပ်


ရန်ကုန်မြို့ ဆိပ်ကမ်းမြို့နယ် ရွှေတောင်တန်း(၁) ဗောတံတားအနီး၌ ခရီးသည်နှင့် ကုန်တင် စက်တပ်သမ္ဗန် တစ်စင်းသည် မေ ၂၁ ရက် နံနက် ၅ နာရီခန်တွင် နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ စက်တပ် သမ္ဗန်သည် ရန်ကုန်-ကွမ်းခြံကုန်း မြို့နယ်သို့ ပြေးဆွဲလျက်ရှိသည့် ခရီးသည်နှင့် ကုန်တင် စက်တပ်သမ္ဗန် အမျိုးအစားဖြစ်ပြီး အမျိုးသား ၁၁ ဦး၊အမျိုးသမီး ၁၃ ဦး စုစုပေါင်း ခရီးသည် ၂၄ ဦးနှင့် ဘိလပ်မြေ၊ သံချောင်းနှင့် အခြားကုန်များ တင်ဆောင်ကာ ရွှေတောင်တန်းဆိပ်ကမ်း ဗောတံတားအနီး ၁၀ ပေကျော် အကွာအဝေး အရောက်၌ ရေစီးအားကို မထိန်းနိုင်ဘဲ နစ်မြုပ်သွားခြင်း ဖြစ်သည်။ စက်တပ်သမ္ဗန် နစ်မြုပ်မှုတွင် အမျိုးသား ကိုးဦး၊ အမျိုးသမီး ခြောက်ဦးကို ကယ်တင်နိုင်ခဲ့ပြီး အမျိုးသမီးအလောင်း တစ်လောင်းကို ရှာဖွေ တွေ့ရှိခဲ့သည်။ ကျန်ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။ နစ်မြုပ်သွားသည့် စက်တပ် သမ္ဗန်မှာ အောင်ရတနာမြင့် ဖြစ်ပြီး အလျား ၃၆ ပေ၊ အနံ ၉ ပေ၊ ဇောက် ၅ ပေ ရှိကြောင်း ၂၀၁၃ ခုနှစ် မေလ ၂၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

Khit Lu Nge

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...