ဆီးရီးယား တပ်မတော်သည် အယ်ကွယ်ရှာမြို့အား ထိုးစစ်ဆင်ခဲ့ရာ မြို့၏ ၇ဝ ရာခိုင်နှုန်း ကျော်အား သူပုန်များထံမှ ပြန်လည်သိမ်းပိုက် နိုင်ခဲ့ကြောင်း
ဆီးရီးယား
တပ်မတော်သည် အယ်ကွယ်ရှာမြို့အား ထိုးစစ်ဆင်ခဲ့ရာ မြို့၏ ၇ဝ ရာခိုင်နှုန်း
ကျော်အား သူပုန်များထံ မှ ပြန်လည်သိမ်းပိုက် နိုင်ခဲ့ကြောင်း Press TV
သတင်းဌာနက ဖော်ပြခဲ့ပါသည်။
မြို့၏အရှေ့ ဘက်ပိုင်းအား ဆီးရီးယား တပ်ဖွဲ့ဝင်များက အပြည့်အဝ
ပြန်လည်ထိန်းချုပ် နိုင်ခဲ့ကြောင်းလည်း သတင်း ဖော်ပြ ချက်အရ သိရှိရပါသည်။
လက်ဘနွန် နယ်စပ်အနီးရှိ အယ်ကွက်ရှာ မြို့အတွင်း စစ်ဆင်မှု ပြုလုပ်နေ စဉ်သူပုန်ခေါင်းဆောင် ၂ ဦးအား သုတ်သင်နိုင်ခဲ့ကြောင်းနှင့် သူပုန်များသည် လက်နက်များ စွန့်လွှတ်ကာ မြို့မှ ထွက်ပြေးလျက် ရှိကြောင်း ဆီးရီးယား စစ်သည်တစ်ဦးက ပြောကြားခဲ့ပါသည်။
ဆီးရီးယားစစ်ဘက် သည်မေလ ၁၉ ရက်နေ့မှစ၍ အက်ကွက်ရှာမြို့အား ထိုးစစ်ဆင်
ခဲ့ခြင်း ဖြစ်ပြီး မေလ ၂ဝ ရက်နေ့တွင် သူပုန်များ အသုံးပြုသော အစ္စရေး
စစ်သုံးယာဉ် တစ်စီးအား သိမ်းဆည်းခဲ့ကြောင်း သိရှိရပါသည်။
မြ၀တီ
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်