မြန်မာနိုင်ငံ၌
မိခင်နို့ အစားထိုးပစ္စည်းများ ရောင်းဝယ်ဖောက်ကားမှု အပြည်ပြည်ဆိုင်ရာ
ပြဌာန်းချက် နည်းဥပဒေများ ယခုနှစ်အတွင်း စတင်ပြဌာန်းနိုင်ရန်
စီစဉ်လျက်ရှိကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်)မှ သိရသည်။
... ''မိခင်နို့ အစားထိုးပစ္စည်းများ ရောင်းဝယ်ဖောက်ကားမှုနဲ့ ပတ်သက်တဲ့ ပြဌာန်းချက် နည်းဥပဒေထုတ်ဖို့ ကျန်းမာရေးဝန်ကြီး ဌာနအပါအ၀င် အခြားသက်ဆိုင်ရာ ဌာနအသီးသီးနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်။ မူကြမ်းထွက်ဖို့အတွက် နေပြည်တော်မှာ အစည်းအဝေးတွေလုပ်ပြီး ဆွေးနွေးဖို့ရှိတယ်။ မြန်မာနိုင်ငံမှာ မိခင်နို့ အစားထိုးပစ္စည်းတွေနဲ့ ပတ်သက်လို့ ပြဌာန်းချက် မရှိသေးပေမယ့် အရင်က ညွှန်ကြားချက်တော့ ရှိတယ်။ ဒါပေမဲ့ သိပ်မထိရောက်ခဲ့ပါဘူး။ ဒါကြောင့် နည်းဥပဒေ တစ်ခုအနေနဲ့ ပြဌာန်းနိုင်အောင် လုပ်တာပါ'' ဟု ၎င်းက ဆက်လက်ပြောပြသည်။
အဆိုပါ နည်းဥပဒေ အပါအ၀င် လုပ်ငန်းခွင် ၀င်ရောက်နေသည့် နို့တိုက်မိခင်များ အားခွင့်ရက် ၆ လအထိ ရရှိရန်၊ ၀န်ကြီးဌာနပေါင်းစုံ ပါဝင်သည့် National Infant feeding subcommittee အဖွဲ့ဖွဲ့စည်းပြီး National Infant Feeding Coordinator ခန့်အပ်ရန်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မိခင်နို့တိုက်ကျွေး ဆေးရုံများ လုပ်ဆောင်ရန်၊ သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဒေသများတွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေး သင်တန်းများပေးရန်၊ ဆေးတက္ကသိုလ်များနှင့် သူနာပြုတက္ကသိုလ်များတွင် သင်ကြားနေသည့် သင်ရိုးညွှန်းတမ်းများတွင် မပါဝင်သေးသည့် အချက်များအား ထည့်သွင်းသင်ကြားရန် စသည့်အချက်များ ပါဝင်သည့် ''မြန်မာကလေး သူငယ်များအား စနစ်တကျ အစာကျွေးမွေး ပြုစုခြင်းဆိုင်ရာ မဟာဗျူဟာ'' စီမံကိန်းအား ရေးဆွဲလျက်ရှိကြောင်း သိရသည်။
EMG
ရန်ကုန်မြို့အတွင်းရှိ စတိုးဆိုင်တစ်ခုတွင် မိခင်နို့အစားထိုး ပစ္စည်းများ ရောင်းချမှုကို မေ ၁၇ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်