Reason အဖွဲ့၏ အဖွဲ့ဝင် တစ်ဦးဖြစ်သူ အောင်လသည် သီချင်းဆိုသည့်
အပိုင်းတွင် သာမက သရုပ်ဆောင် ပိုင်းတွင်ပါ လူသိများလာသော အနုပညာရှင်
တစ်ဦးဖြစ်ပြီး သရုပ်ဆောင် အလုပ်ကို ပရော်ဖက်ရှင်နယ် အထိ လုပ်သွားရန် စိတ်ကူး ထားခြင်း မရှိကြောင်း ပြောသည်။
''ကျွန်တော် သရုပ်ဆောင် အလုပ်ကို ဝါသနာ ပါပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်
အလုပ်ကိုတော့ ပရော်ဖက်ရှင်နယ် အဖြစ် လုပ်ဖို့ စိတ်ကူး မရှိပါဘူး။
သရုပ်ဆောင် အလုပ်ကို လုပ်ရင်လည်း ဂီတနဲ့
ပတ်သက်တဲ့ ကာရိုက်တာမျိုး ပါတဲ့ ကားမျိုး ဆိုရင်တော့ ရိုက်ဖြစ်မှာပါ'' ဟု ၎င်းက ပြောသည်။
''ကျွန်တော်အခု ပင်လယ်ထဲက မြစ်များ MTV ကို ရိုက်နေတယ်။ တော်တော်တော့ ပြီးနေပါပြီ။ သင်္ကြန် အပြီးလောက်တော့ ထွက်ဖြစ်ပါမယ်။ သရုပ်ဆောင်ကို အလျဉ်းသင့်မှ လုပ်မယ် ဆိုပေမယ့် ဂီတကိုတော့ အမြဲ လုပ်သွားမှာ''ဟု ၎င်းက ဆက်လက် ပြောသည်။
တေးသံရှင် အောင်လသည် Reason အဖွဲ့နှင့်အတူ မာတိကာဟု အမည် ပေးထားသော တေးစီးရီးနှင့် ပင်လယ်ထဲက မြစ်များ တေးအယ်လ်ဘမ်ကို ထုတ်ဝေ ဖြန့်ချိ ခဲ့ကြောင်း သိရသည်။
မြင့်မြင့်စိုး