အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

15 August, 2014

ပဋိသန္ဓေတားဆေးများက မျိုးစေ့အိမ်ကို ထက်ဝက်ခန့် ကျုံ့ စေနိုင်

 ပဋိသန္ဓေတားဆေးသုံးစွဲသော အမျိုးသမီးများတွင် မျိုးစေ့အိမ် (ovary) သည် ထက်ဝက်ခန့် ကျုံ့ သွားနိုင်ကြောင်း ဒိန်းမတ်နိုင်ငံမှ ဆေးသုတေသီများက ယမန်နေ့ က ထုတ်ပြန်ကြေငြာသည်။အချို့ အမျိုးသမီးများသည် အိမ်ထောင်မပြုမီဖြစ်စေ၊ အိမ်ထောင်ပြုပြီးလျင်ဖြစ်စေ ကိုယ်ဝန်မရရှိလို၍လည်းကောင်း၊ သားဆက်ခြားလို၍လည်းကောင်း ပဋိသန္ဓေတားဆေးများအသုံးပြုလေ့ရှိပြီး ဆင်းရဲသောနိုင်ငံများတွင်လည်း သား ဆက်ခြားရန်အားပေးသည့်အနေဖြင့် ပဋိသန္ဓေတားဆေးများကို အစိုးရအဖွဲ့ က အခမဲ့ပေးဝေခြင်းများ ပြုလုပ်ခဲ့ဖူး သည့် သာဓကများရှိသည်။ သို့ သော်
ပဋိသန္ဓေတားဆေးကို ရေရှည်သုံးစွဲလျင် မျိုးစေ့အိမ်မှာတဖြည်းဖြည်း ကျုံ့ ဝင် သွားလေ့ရှိပြီး သာမန်အမျိုးသမီးများနှင့် နှိုင်းယှဉ်လျင် ထက်ဝက်ခန့် သာရှိကြောင်း သိရသည်။
ငယ်ရွယ်သောအမျိုးသမီးများတွင် သန္ဓေတားဆေးသုံးစွဲမှုကြောင့် မျိုးစေ့အိမ်ကျုံ့ ခြင်းပိုမိုမြန်ဆန်ပြီး အသက် ၁၉ မှ ၃၀ နှစ်ကြားအရွယ်များတွင် ၂၉ ရာခိုင်နှူန်းမှ ၅၂ ရာခိုင်နှူန်းအထိ ကျုံ့ နေသည်ကို စမ်းသပ်တွေ့ ရှိခဲ့ပြီး ယင်းအမျိုးသမီးများအနေနှင့် နောက်နောင်တွင်လည်း ကိုယ်ဝန်ရရှိရန် ရာနှူန်းနည်းသွားမည်ဖြစ်ကြောင်း သတိပေးပြောကြားသည်။

သုတေသီများက ပဋိသန္ဓေတားဆေးအသုံးပြုလေ့ရှိသော အသက် ၁၉ နှစ်မှ ၄၆ နှစ်အရွယ် အမျိုးသမီး ၈၃၃ ဦးကို စမ်းသပ်စစ်ဆေးကြည့်ရာ မျိုးစေ့အိမ်အရွယ်အစားကျုံ့ နေသည့်အပြင် မျိုးဥကြွေရာတွင်လည်း ကျန်းမာသန်စွမ်း သော မျိုးဥများဆင်းခြင်းမဟုတ်ပဲ အိုမင်းရင့်ရော်နေသော မျိုးဥများသာ ကျဆင်းလေ့ရှိသည်ကို တွေ့ ရှိခဲ့ခြင်းကြောင့် ယင်းအမျိုးသမီးများ၏ ကိုယ်ဝန်ရရှိနိုင်နှူန်းသည်လည်း နဲပါးသွားနိုင်ဖွယ်ရှိကြောင်း သုံးသပ်ခြင်းဖြစ်သည်။

သွေးဆုံးတဲ့အရွယ်ကိုနီးကပ်လာရင် မျိုးစေ့အိမ်အရွယ်အစားဟာ သဘာဝအလျောက်ကျုံ့ သွားပြီး မျိုးဥကြွေတဲ့နှူန်း လည်း နဲသွားပါတယ်။ ဒါပေမယ့် သန္ဓေတားဆေး ရေရှည်သုံးတဲ့အမျိုးသမီးတွေမှာတော့ အရွယ်ငယ်စဉ်မှာကို သွေး ဆုံးတော့မယ့် အမျိုးသမီးတစ်ဦးရဲ့  လက္ခဏာတွေကို တွေ့ ရတဲ့အတွက် သန္ဓေတားဆေးရေရှည်သုံးဖို့ ကို သေသေ ချာချာစဉ်းစားသင့်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။

သို့ သော် သန္ဓေတားဆေးသုံးစွဲမှုကို ရပ်တန့် လိုက်ပါက မျိုးဥကြွေအားပြန်လည်ကောင်းမွန်လာပြီး ကိုယ်ဝန်ရရှိနိုင် သည့် အလားအလာလည်း တိုးတက်မှုရှိမည်ဖြစ်ကာ မျိုးစေ့အိမ်အရွယ်အစားမှာမူ ပြန်လည်ကြီးထွားလာနိုင်တော့ မည်မဟုတ်ကြောင်း သိရသည်။

ကျန်းမာရေး၊ သြဂုတ် (၁၂) သမန်းကျား
Lashio News Diary

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...