အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

17 June, 2014

မယ်စကြ၀ဠာ (မြန်မာ) ပြိုင်ပွဲဝင်များ၏ ကချင်ခရီးစဉ် ဖျက်သိမ်း

Photo: မယ်စကြ၀ဠာ (မြန်မာ) ပြိုင်ပွဲဝင်များ၏ ကချင်ခရီးစဉ် ဖျက်သိမ်း
Tuesday, June 17, 2014

မယ်စကြ၀ဠာ (မြန်မာ) ပြိုင်ပွဲဝင်များ၏ လူမှုရေးလှုပ်ရှား မှု  အစီအစဉ်အဖြစ် သွားရောက်ရန် စီစဉ်ထားသော ကချင်ပြည်နယ်ခရီးစဉ်ကို  ရာသီဥတု အခြေအနေကြောင့် ဖျက်သိမ်းလိုက် ကြောင်း Miss Universe Myan-mar Organization မှ ကိုချမ်းလင်းသူက ပြောသည်။

 ‘‘ခုသွားမယ့်အချိန်က မိုး တွင်းလည်းဖြစ်နေတယ်။ နောက် ရိုက်ကူးရေး အစီအစဉ်တွေလည်း ပါမှာဆိုတော့ သွားဖို့က အဆင်မပြေဘူးဖြစ်သွားတာ။ အဲဒါကြောင့် မြစ်ကြီးနားခရီးစဉ်က မသွားဖို့ သေချာသွားပြီ’’ ဟု ၎င်းက ပြောသည်။

 ယခင်က မယ်စကြ၀ဠာ (မြန်မာ) ပြိုင်ပွဲဝင်များ၏ လူမှု ရေးလှုပ်ရှားမှု အစီအစဉ်အဖြစ် မြစ်ကြီးနားမြို့အနီးရှိ စစ်ဘေးဒုက္ခသည်  စခန်းများသို့ သွား ရောက်လှူဒါန်းမည့် အစီအစဉ်အ ပါအ၀င် ကချင်ပြည်နယ်ရှိ အလှ အပနေရာများသို့ သွားရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

‘‘မန္တလေး ပြင်ဦးလွင်ဘက် ကို သွားဖို့တော့ စဉ်းစားနေတယ်။ ဒီအချိန်ဆို ပြင်ဦးလွင်မှာက ပန်း တွေလည်း  ပွင့်နေပြီဆိုတော့ တော်တော်လှနေပြီ။ မြန်မာနိုင်ငံ ရဲ့ လှပတဲ့ဒေသတစ်ခုကိုလည်း ပရိုမိုးရှင်းလုပ်တဲ့ သဘောပါ။ ပြိုင်ပွဲဝင်တွေရဲ့ လူမှုရေးလှုပ်ရှားမှုအတွက်လည်း အစီအစဉ်တွေ ဆွဲနေပါတယ်’’ ဟု ၎င်းက ပြော သည်။

 ယင်းခရီးစဉ်သေချာပါက ဇွန်လ တတိယပတ်အတွင်းသွားရောက်မည်ဖြစ်ပြီး ထိုင်းနိုင်ငံဖူးခက်ကမ်းခြေသို့ သွားရောက် မည့် ခရီးစဉ်ကိုမူ ဇူလိုင်လ ပထမ ပတ်အတွင်း သွားရောက်မည်ဟု ၎င်းက ဆိုသည်။

မယ်စကြ၀ဠာ(မြန်မာ) ပြိုင်ပွဲဝင်များ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
7Day Daily

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...