အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

01 May, 2014

တစ်နှစ်ခွဲကျော် ရင်ဆိုင်ခဲ့တဲ့အမှု တေးသံရှင် မီးမီးခဲ အနိုင်ရ


တေးသံရှင် မီးမီးခဲနဲ့ သူ့ရဲ့ ခင်ပွန်းဟောင်း ထူးအယ်လင်း တို့ကို ရန်ကုန်အနောက်ပိုင်းခရိုင် ဒုခရိုင်စစ်တရားရုံးက ဒီနေ့ မွန်းလွဲ
၂နာရီ ၁ဝမိနစ်မှာ တရားဝင် ကွာရှင်းခွင့် ပြုလိုက်ပြီလို့ မီးမီးခဲ ရဲ့ ပြောကြားချက်အရ သိရပါတယ်။
“သူနဲ့ ကိုးနှစ်ခွဲလောက် အတူနေခဲ့တုန်းက အစ်မ သူ့အတွက် အမြဲရှိပေးခဲ့တယ်၊ သည်းခံပြီး ပေါင်းခဲ့တယ်၊ ခုတော့ အရမ်းစိတ်နာလို့
သူနဲ့ ပတ်သက်ပြီး ဘာမှ မပြောချင်တော့ပါဘူး”လို့ မီးမီးခဲက သူ့ရဲ့ ခံစားချက်ကို ပြောပါတယ်။

‘တရားဝင်လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲစေလိုမှု’ နဲ့ ‘လင်မယားနှစ်ဦးပိုင် ပစ္စည်းများအား ခွဲဝေပေးစေလိုမှု’တို့မှာ မီးမီးခဲ ရဲ့
တောင်းဆိုချက်အတိုင်း တရားရုံးက ခွင့်ပြုလိုက်တာဖြစ်လို့ တစ်နှစ်ခွဲကျော် ရင်ဆိုင်ခဲ့တဲ့ ဒီအမှုမှာ မီးမီးခဲ ဘက်က အနိုင်ရခဲ့တယ်လို့
ဆိုနိုင်ပါတယ်။

သူတို့နှစ်ယောက် လင်မယားဖြစ်စဉ် နေထိုင်ခဲ့တဲ့ အိမ်မှာ လက်ရှိအချိန် ထူးအယ်လင်း နေထိုင်လျက်ရှိပြီး ကားတစ်စီးနဲ့ အခြား
ဂီတနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေလည်း ရှိတယ်လို့ သိရပါတယ်။

“အစ်မက မချမ်းသာပါဘူး၊ ဒါပေမယ့် အနုပညာတော့ မဆင်းရဲပါဘူး”လို့ မီးမီးခဲ က ဆက်လက် ပြောပါတယ်။

လက်ရှိအချိန် မီးမီးခဲမှာ ဘားဘီလေး(ခ)ဖြူဖြူစင်စင်လင်း ဆိုတဲ့ အသက်လေးနှစ်ခွဲအရွယ် သမီးလေးတစ်ယောက်ရှိပြီး
Horizol International School မှာ ကျောင်းတတ်နေပါတယ်။

“ဘယ်လောက်ပဲ ပင်ပန်းပါစေ၊ သူ့အတွက် အမြဲတမ်း အသက်ရှင်မယ်၊ အစ်မတို့က အခြေအနေမဲ့တွေ မဟုတ်ဘူး၊ အစ်မကိုယ်တိုင်
ကြိုးစားသလို အစ်မ မိသားစုရဲ့အကူအညီကိုလည်း ယူမှာပါ”လို့ ဘားဘီလေးနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

“ကျွန်မကို ချစ်သလို ဘားဘီလေးကိုလည်း ချစ်ပါ၊ အနုပညာနဲ့ ဆက်လက် အသက်ရှင်ပါ့မယ်” လို့ သူ့ရဲ့ ပရိတ်သတ်ကို
အမှာစကား ပါးလိုက်ပါတယ်။

မီးမီးခဲ က ဖေ့ဘွတ်မှာ အသစ်ဖွင့်ထားတဲ့ Naw Barbie နာမည်နဲ့ အကောင့် https://www.facebook.com/mee.khel ကို
ပြန်လည်ဆက်သွယ်ပေးကြဖို့ကိုလည်း သူ့ပရိတ်သတ်တွေကို တောင်းဆိုထားပါတယ်။

ထက်နောင်နောင်
ဓာတ်ပုံ-မီးမီးခဲ ဖေ့ဘွတ်
The Myanmar Age

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...