အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

26 May, 2014

အနုပညာ ဝါသနာပါတဲ့ ညီမဖြစ်သူ ငွေမှုံရတီ အကြောင်းပြောပြတဲ့ ရွှေမှုံရတီ


 ၈ တန်းကျောင်းသူအရွယ်ကနေ အနုပညာလောကကို ဝင်ရောက် ခဲ့တဲ့ ရွှေမှုံရတီက အခုအချိန်မှာ ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို ရရှိထားပြီဖြစ်ပါတယ်။ အခုဆိုရင် ညီမဖြစ်သူ ငွေမှုံရတီကလည်း အနုပညာဝါသနာပါတဲ့အတွက် အနုပညာအလုပ်တွေကို လုပ်ဖို့
စီစဉ်နေပြီလို့ သိရပါတယ်။" ညီမလေးက အဆိုတော် ဝါသနာပါတာ။ အသံကောင်းတော့ သီချင်းဆိုချင်နေတာလေ။ ရွှေမှုံတုန်းက မေမေက train လုပ်ပေး သလိုပဲ။ ညီမလေး ကို လုပ်ပေးနေတယ်။

အခု အဆိုသင်တန်းအနေနဲ့ IC ဦးကိုကိုလွင်ဆီမှာ တက်နေ တယ်။ မော်ဒယ်သင်တန်းကို Star& Model International ဆရာဂျွန်လွင်ဆီမှာ တက်နေတယ်။ သူကအရပ်လည်း ရှည်တယ်လေ။ ရွှေမှုံရဲ့ဆရာအရင်းဆီမှာပေါ့" လို့ ညီမဖြစ်သူနဲ့ ပတ်သက်ပြီး ရွှေမှုံရတီက ပြောပြပါတယ်။

လန်ဒန်မြို့ ဗုဒ္ဓဘာသာစင်တာ ဖြစ်မြောက်ရေး ရန်ပုံငွေပွဲတော် မှာလည်း ရွှေမှုံရတီနဲ့အတူ ငွေမှုံရတီက ပါဝင်သီဆိုဖျော်ဖြေ ခဲ့ဖူးပါတယ်။ ညီမဖြစ်သူအတွက် အကောင်းဆုံး ပံ့ပိုးသွားမယ်ဆိုတဲ့ ရွှေမှုံရတီက " တတ်နိုင်သမျှတော့ ရွှေမှုံပံ့ပိုးပေးသွားမှာပါ။ တစ်ခုပဲ သူဝါသနာပါတဲ့ အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် ဖြစ်အောင်လုပ်ပေါ့။

အကောင်ဆုံးကြိုးစားရမယ်ဆိုတာကိုတော့ သူ့ကိုပြောပြထားတယ်။ မလုပ်နိုင်ဘူးဆိုရင် အစထဲက မလုပ်နဲ့။ လုပ်ပြီးခါမှ ပေါ့ပေါ့ရွတ်ရွတ်
လုပ်တာတွေ မလုပ်ဖို့ပေါ့။ သူက ကြိုးစားတော့ လုပ်ပေးရကျိုးနပ်တာပေါ့။ အခုနည်းနည်းငယ်သေးတယ်လေ။ ၁၃ နှစ်ပဲရှိတော့ ၁၅၊ ၁၆ နှစ်လောက်
မှာ စီးရီးထုတ် ပေးဖို့လုပ်မယ်။ ရွှေမှုံကိုယ်တိုင် သေသေချာချာလုပ်ပေးဖို့ စိတ်ကူးထားတယ်။

မေမေကတော့ သူ့ကို နောက်က ပံ့ပိုးပေးသလို ရွှေမှုံက လည်းကိုယ်ပံ့ပိုးပေးလို့ရတဲ့ အနုပညာပိုင်းနဲ့ ပတ်သက် တာတွေပံ့ပိုးပေးသွားမှာပါ။ အခုတော့သီချင်းဆိုတာကိုပွဲကြီးတွေဆို ၂ ယောက်တွဲ ဆိုတာတော့ လုပ်ဖြစ်နေပြီ။ ပရိသတ်အတွက် ရွှေမှုံ
ကြိုးစားသလိုပဲသူ့ကိုကြိုးစားစေချင်တယ်။

ပရိသတ်အားပေးရကျိုးနပ်အောင်၊ ပရိသတ်ဆိုတာ ဘယ်လိုတန်ဖိုး
ထားရတယ်။ ဘယ်လိုပေးဆပ် ရတယ်ဆိုတာ အကောင်းဆုံးသင်ပေး
သွားမှာပါ။ အနုပညာလောကထဲကို ရောက်လာရင် အားပေးစေချင်ပါ တယ်။ ရွှေမှုံရော၊ အမေရော၊ အကောင်းဆုံးသင်ပေးမှာပါ" လို့
ပြောပြခဲ့ပါတယ်။

မေမွန်မောင်

Popular Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...