အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

05 May, 2014

တောင်သမန်အင်းနှင့် မန္တလေးကန်တော်ကြီးတို့ကို ပြန်လည်တူးဖော်သွားမည်


၁၉၉၅ ခုနှစ်နောက်ပိုင်း တူးဖော်ခြင်းမရှိခဲ့သည့် တောင်သမန်အင်းနှင့် မန္တလေးကန်တော်ကြီးတို့အား ပြန်လည်တူးဖော်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။မိုးတွင်းကာလ မန္တလေးကန်တော်ကြီးတွင် ရေပမာဏ ပိုမိုသိုလှောင်နိုင်စေရန်နှင့် မြို့တွင်းရေကြီးရေလျှံမှု လျှော့ချနိုင်ရန် ရည်ရွယ်ပြီး သဲနုန်းတူးဖော်သည့် သောင်တူးစက်များဖြင့် တူးဖော်သွားမည် ဖြစ်သည်။
ထို့အတူ တောင်သမန်အင်း ရေထိန်းတံခါးမှ နှစ်စဉ်မိုးတွင်းကာလများတွင် ရေထိန်းနိုင်မှု အခက်အခဲများကိုလည်း ဖြေရှင်းနိုင်စေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“၁၉၉၅ နောက်ပိုင်း တောင်သမန်အင်းကို တူးဖော်ခြင်း မရှိပါဘူး။ ကန်တော်ကြီးကတော့ ရေနည်းချိန်တွေမှာ ကန်ပေါင်နံဘေး မြေသားချဲ့တာလောက်ပဲ လုပ်နိုင်ခဲ့တယ်။ အခုသောင်တူးစက်က ရေခန်းချိန် စောင့်စရာမလိုဘဲ ရေပြင်အောက်ခြေအထိ သဲနုန်း နွံတွေကိုပါ တူးဖော်နိုင်တဲ့စက်ကို ၀ယ်ယူအသုံးပြုသွားမှာပါ”ဟု လမ်းတံတားဌာနမှ ဒေါ်ခင်မေဌေးက ပြောကြားခဲ့ပါသည်။

အဆိုပါ သောင်တူးစက်ဝယ်ယူရန် ယခုလဆန်းတွင် စတင်၍ တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်းနှင့် ယင်းသောင်တူးစက် တစ်လုံးလျှင် ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း သုံးထောင်ဝန်းကျင်ခန့် ကုန်ကျနိုင်ကြောင်း ကော်မတီဝင်တစ်ဦးထံမှ သိရသည်။

“အဓိက ကတော့ မိုးတွင်းမှာ မြို့တွင်းရပ်ကွက်တွေ ရေလျှံမှုဖြစ်စဉ်လျှော့ချနိုင်အောင် ကန်တော်ကြီးကို ဦးစားပေးလုပ်မှာပါ။ နောက်ပြီးမှ တောင်သမန်အင်းကိုပါ ပြန်လည်တူးဖော်သွားမယ်”ဟု ကော်မတီဝင်တစ်ဦးက ဆိုသည်။ တောင်သမန်အင်း ရေပြင်ဧရိယာမှာ ၁၃၀၀ဧကရှိပြီး မန္တလေးကန်တော်ကြီးမှာ ၇၀၀ ဧက ရေပြင်ဧရိယာရှိကြောင်း ထပ်မံ သိရသည်။

(တောင်သမန်အင်းနှင့် ဦးပိန်တံတားကို တွေ့ရစဉ်)
Eleven Media Group

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...