NLD ရွှေဂုံတိုင်ရုံးချုပ် ရှေ့ ဦးဝင်းတင် ရက်လည်ဆွမ်းကျွေးအလှူ မြင်ကွင်း၊ ဓာတ်ပုံ- ဧရာဝတီ
ဧပြီလ ၂၁ ရက်နေ့က ကွယ်လွန်အနိစ္စ
ရောက်သွားတဲ့ ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ ရက်လည်
ဆွမ်းကျွေးပွဲကို ရန်ကုန်မြို့မှာတော့ နေရာ ၃ နေရာမှာ ကျင်းပခဲ့ပြီး
မြန်မာပြည် အနှံ့ မြိ့ရွာ
တွေနဲ့ နိုင်ငံတကာရောက် မြန်မာမိသားစုတွေကလည်း ဒီကနေ့ ကျင်းပကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရွှေဂုံတိုင် ရုံးချုပ်နဲ့ ဦးဝင်းတင် မကွယ်လွန်ခင် နေထိုင်ခဲ့ဖူးတဲ့
ရန်ကင်းမြို့ နယ်၊ ကျောက်ကုန်းနေအိမ်၊ အမှတ်(၃၂)၊ စိန်ချယ်လမ်း၊
ကျိုက်က္ကဆံရပ်ကွက်၊ ဗဟန်းမြို့နယ် တို့က နေ အိမ်တွေမှာ နံနက် ၇ နာရီမှ
၁၀နာရီထိ ကျင်းပကြပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာတော့ ဟံသာဝတီ ဦးဝင်းတင်ကို ရည်စူးပြီး သံဃာတော် ၂၄ ပါးကို လှူဖွယ်ဝတ္တု တွေနဲ့ ဆွမ်းအစရှိတဲ့ ခဲဖွယ်တွေ ဆက်ကပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ဦးဝင်းတင်ရက်လည်ဆွမ်းကျွေး မြင်ကွင်းတချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
အိမ့်သံစဉ် ~