အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

25 March, 2014

ရဟတ်ယာဉ်ဖြင့် ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးလုပ်ငန်း ခွင့်ပြုပေးတော့မည်


မကြာမီ ကာလတွင် စီးပွားရေး လုပ်ငန်းရှင်များသည် ရဟတ်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်လို ပါက ပို့ဆောင်ရေးဝန်ကြီးဌာန  လေကြောင်းသယ်ယူ ပို့ဆောင်ရေးဌာန အနေဖြင့် မှ ခွင့်ပြုပေးသွားရန်ရှိကြောင်း မတ်လ ၂၅ ရက်က သိရသည်။မတ်လ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ အလံပြဘုရားလမ်းရှိ ကုန်သယ်ကြီးများဟိုတယ်တွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံလေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ လေကြောင်း ညီလာခံတွင် လေကြောင်း သယ်ယူပို့ဆောင်ရေးမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း ကပြောသည်။

“နိုင်ငံတော်အတွက် အကျိုးရှိမယ်ဆိုရင် အစိုးရကော ပုဂ္ဂလိကကိုပါ လုပ်ကိုင်ခွင့်ပေးမှာပါ ကန့်ကွက်စရာ မရှိပါဘူး သတ်မှတ်ချက်တွေနဲ့တော့ ကိုက်ညီဖို့လိုပါတယ်”ဟု ဦးတင်နိုင်ထွန်းက ဆိုသည်။

ပြီးခဲ့သည် ၂၀၁၂ ခုနှစ်အတွင်းကလဲ ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေးဌာန အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များ အဆင်ပြေစေရန်အတွက် ခရီးသည်လေယာဉ်များအား စင်းလုံးငှားရမ်းခွင့်အား ခွင့်ပြုပေးခဲ့ပြီး ယခုတွင်လဲ ရဟတ်ယာဉ်များအား သယ်ယူပို့ဆောင်ရေး လုပ်ငန်းအတွက် ထပ်မံခွင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ လုပ်ကိုင်ခွင့်ကတော့ အမြန်ဆုံးပေးမှာပါ။ ဒါပေမယ့် သက်ဆိုင်ရာလေကြောင်း ဦးစီးရဲ့ ထောက်ခံချက်ကတော့ ပါရမယ် ”ဟု ဦးတင်နိုင်ထွန်း ထပ်လောင်း ပြောဆိုသည်။

ယခုလက်ရှိတွင် ရဟတ်ယာဉ်များအား သယ်ယူပို့ဆောင်ရေး လုပ်ငန်းအတွက် အသုံးပြုရာတွင် သက်ဆိုင်ရာ အစိုးရ နှင့် လေဆိပ်များကိုသာ အသုံးပြုခွင့်ပေးထားပြီး လာမည့်လအနည်းငယ်၌ ပုဂ္ဂလိက လုပ်ငန်းရှင်များပါ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နှင်းနွယ်
The Myanma Age

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...