အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

09 March, 2014

ခရိုင်းမီးယားအရေးအမျိုးသမီးတွေအပေါ်ပိုင်းဗလာနဲ့ 






ခရိုင်မီးယားပါလီမန်အနီးမှာအပေါ်ပိုင်းဗလာနဲ့ ဆန္ဒပြတဲ့အမျိုးသမီး၂ယောက်ကိုရဲ ကဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
ပူတင်ရဲ့ စစ်ပွဲကိုရပ်လို့ ရင်ဘတ်မှာ စာရေးသားပြီးဆန္ဒပြကြတာဖြစ်ပါတယ်။
ရုရှားလိုလားသူတွေရဲ့ ပြင်းပြင်းထန်ထန်ရိုက်နှက်မှုကိုခံခဲ့ရတယ် ဆန္ဒပြသူအမျိုးသမီးတွေက သူတို့ ရဲ့ ဝက်ဆိုက်မှာရေးသားထားပါတယ်။ဗီဒီယိုထဲမှာတော့ အမျိုးသမီးတွေကိုလုံခြုံရေးတွေ က သယ်ပြီးဗင်ကားထဲထည့်လိုက်တာကိုတွေ့ ရပါတယ်။
ခရိုင်းမီးယားလွှတ်တော်အမတ်တွေက ရုရှားနဲ့ ပူးပေါင်းဖို့ မဲဆန္ဒတွေပေးအပြီး လူထုဆန္ဒခံယူပွဲတစ်ခုကို မတ်၁၆ရက်မှာကျင်းပမယ်လို့ ကြေငြာပြီးတဲ့နောက်ဒီဆန္ဒပြပွဲဖြစ်ပွားခဲ့တာပါ။အလားတူပဲ နယူးယော့မှာလည်း အမျိုးသမီးတွေကအပေါ်ပိုင်းဗလာနဲ့ ယူကရိန်းအရေးအတွက်ဆန္ဒပြခဲ့ကြတယ် လို့ သိရပါတယ်။

ပြီးခဲ့နှစ်တုန်းကရုရှားသမ္မတပူတင်ဂျာမဏီကိုသွားရောက်စဉ်မှာအပေါ်ပိုင်းဗလာနဲ့ အမျိုးသမီးတွေက  ပူတင်ကိုအာဏာရှင်လို့ အော်ဟစ်ပြီး ဆန္ဒပြမှုနဲ့ ကြုံခဲ့ရပါသေးတယ်။
အဲဒီအမျိုးသမီးတွေရဲ့ ဆန္ဒပြမှုအကြောင်းပူတင်ကိုမေးမြန်းကြည့်တဲ့အခါပူတင်က
ဒီတင်ဆက်မှုနဲ့ ပတ်သက်လို့ ကတော့  ကျနော်သဘောကျပါတယ် လို့ ပြန်ဖြေခဲ့ပါတယ်။
the melting pot 4 U

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...