မြန်မာနိုင်ငံတွင် ထပ်မံ ထုတ်ဝေမည့် ငွေစက္ကူများတွင်
ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ပြန် လည်ထုတ်ဝေသွား မည်ဖြစ် ကြောင်း
မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စော ဦးကပြောသည်။ နိုဝင်ဘာ ၁၃
ရက်က ကျင်း ပသော ပြည်သူ့ လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး (၂၁)ရက် နေ့တွင်
ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ က ပြောကြားခဲ့ခြင်းဖြစ်သည်။
''သမ္မတဦးသိန်းစိန်အစိုးရ အနေနဲ့ နောက်ထပ်ထုတ်ဝေမယ့် ငွေစက္ကူများမှာ
အမျိုးသားခေါင်း ဆောင် ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ထုတ်ဝေမှာဖြစ်ပါတယ်''ဟု
ဗဟို ဘဏ်ဒုတိယဥက္ကဋ္ဌက ပြောသည်။ ကျင်းပလျက်ရှိသော ပြည်သူ့ လွှတ်တော် အစည်း
အဝေးတွင် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် မှကိုယ်စားလှယ် ဦးသိန်းညွန့်က
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်တွင် ယခင်အစိုးရအဆက် ဆက်ထုတ်ဝေခဲ့သော
ငွေစက္ကူ များ၌ အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏ရုပ်ပုံအား
အလေးထားဖော်ပြဂုဏ် ပြုထုတ်ဝေခဲ့ပါသည်။ ယခုထုတ် ဝေလျက်ရှိသော
ငွေစက္ကူများတွင် ၁ဝဝဝကျပ်တန်အထိမှာ ခြင်္သေ့ ပုံများဖော်ပြထားသည်ဖြစ်ရာ
အဆိုပါခြင်္သေ့ပုံသည် နိုင်ငံရေး ပါတီတစ်ခု၏ တံဆိပ် အမှတ်အ သား ဖြစ်နေ
ကြောင်း တွေ့ရှိနေ ရပါသည်။ သို့အတွက် နိုင်ငံရေး ပါတီတစ်ခု၏ တံဆိပ်အမှတ်အ
သားအား နိုင်ငံတော်အဆင့်အ မှတ်အသားနှင့် မတူသင့် ဟုယူဆ ပါသည်။ ထို့ကြောင့်
မြန်မာတစ် နိုင်ငံလုံးမှ ကြည်ညိုလေးစားပြီး ကမ္ဘာက ပါလေးစား ခံရ သည့်
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံများ ဖြင့်
ငွေစက္ကူများ၏ တန်ဖိုးအသီး သီးတွင် ယခင်ခေတ်အဆက်ဆက် ကအတိုင်း
ပြန်လည်အစားထိုး ထုတ်ဝေပေးရန် ဤလွှတ်တော် က ပြည်ထောင်စု အစိုးရအဖွဲ့အား
တိုက်တွန်းကြောင်း အဆိုတင် သွင်းခဲ့ခြင်းဖြစ်ရာ ဗဟိုဘဏ်ဒုတိ ယဥက္ကဋ္ဌက
ယင်းအဆိုနှင့်ပတ် သက်၍ အထက်ပါအတိုင်းပြန် လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ယင်းနှင့် ပတ်သက်၍ ဒီမိုက ရက်တစ်ပါတီ (မြန်မာ)မှ ဥက္ကဋ္ဌ ဦးသုဝေက
''ဗိုလ်ချုပ်အောင်ဆန်း က တိုင်းပြည်ရဲ့ အမျိုးသားခေါင်း ဆောင်တစ်ဦးဖြစ်တယ်။
ပြန်ထား ပေးလိုက်ခြင်းအားဖြင့် တိုင်းပြည် ရဲ့ညီညွတ်မှုသင်္ကေတတစ်ခုကို
ပြတာပဲ။ သူ့ကို အလေး ထားတာ ကိုပြတာပဲ။ ဒါကြောင့်ဝမ်းသာ တယ်။ သဘောကျတယ်''ဟု
ပြောသည်။
ရွှေရည်မဉ္ဇူ
Yangon Media Group
ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့်ထုတ်ဝေခဲ့သည့် ငွေစက္ကူအားတွေ့ရစဉ်။ Photo credit- www.banknotes.com
မြန်မာနိုင်ငံတွင် ထပ်မံ ထုတ်ဝေမည့် ငွေစက္ကူများတွင်
ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ပြန် လည်ထုတ်ဝေသွား မည်ဖြစ် ကြောင်း
မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စော ဦးကပြောသည်။ နိုဝင်ဘာ ၁၃
ရက်က ကျင်း ပသော ပြည်သူ့ လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး (၂၁)ရက် နေ့တွင်
ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ က ပြောကြားခဲ့ခြင်းဖြစ်သည်။
''သမ္မတဦးသိန်းစိန်အစိုးရ အနေနဲ့ နောက်ထပ်ထုတ်ဝေမယ့် ငွေစက္ကူများမှာ အမျိုးသားခေါင်း ဆောင် ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ထုတ်ဝေမှာဖြစ်ပါတယ်''ဟု ဗဟို ဘဏ်ဒုတိယဥက္ကဋ္ဌက ပြောသည်။ ကျင်းပလျက်ရှိသော ပြည်သူ့ လွှတ်တော် အစည်း အဝေးတွင် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် မှကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်တွင် ယခင်အစိုးရအဆက် ဆက်ထုတ်ဝေခဲ့သော ငွေစက္ကူ များ၌ အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏ရုပ်ပုံအား အလေးထားဖော်ပြဂုဏ် ပြုထုတ်ဝေခဲ့ပါသည်။ ယခုထုတ် ဝေလျက်ရှိသော ငွေစက္ကူများတွင် ၁ဝဝဝကျပ်တန်အထိမှာ ခြင်္သေ့ ပုံများဖော်ပြထားသည်ဖြစ်ရာ အဆိုပါခြင်္သေ့ပုံသည် နိုင်ငံရေး ပါတီတစ်ခု၏ တံဆိပ် အမှတ်အ သား ဖြစ်နေ ကြောင်း တွေ့ရှိနေ ရပါသည်။ သို့အတွက် နိုင်ငံရေး ပါတီတစ်ခု၏ တံဆိပ်အမှတ်အ သားအား နိုင်ငံတော်အဆင့်အ မှတ်အသားနှင့် မတူသင့် ဟုယူဆ ပါသည်။ ထို့ကြောင့် မြန်မာတစ် နိုင်ငံလုံးမှ ကြည်ညိုလေးစားပြီး ကမ္ဘာက ပါလေးစား ခံရ သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံများ ဖြင့် ငွေစက္ကူများ၏ တန်ဖိုးအသီး သီးတွင် ယခင်ခေတ်အဆက်ဆက် ကအတိုင်း ပြန်လည်အစားထိုး ထုတ်ဝေပေးရန် ဤလွှတ်တော် က ပြည်ထောင်စု အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုတင် သွင်းခဲ့ခြင်းဖြစ်ရာ ဗဟိုဘဏ်ဒုတိ ယဥက္ကဋ္ဌက ယင်းအဆိုနှင့်ပတ် သက်၍ အထက်ပါအတိုင်းပြန် လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ယင်းနှင့် ပတ်သက်၍ ဒီမိုက ရက်တစ်ပါတီ (မြန်မာ)မှ ဥက္ကဋ္ဌ ဦးသုဝေက ''ဗိုလ်ချုပ်အောင်ဆန်း က တိုင်းပြည်ရဲ့ အမျိုးသားခေါင်း ဆောင်တစ်ဦးဖြစ်တယ်။ ပြန်ထား ပေးလိုက်ခြင်းအားဖြင့် တိုင်းပြည် ရဲ့ညီညွတ်မှုသင်္ကေတတစ်ခုကို ပြတာပဲ။ သူ့ကို အလေး ထားတာ ကိုပြတာပဲ။ ဒါကြောင့်ဝမ်းသာ တယ်။ သဘောကျတယ်''ဟု ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့်ထုတ