(၂၇)ကြိမ် မြောက် ဆီးဂိမ်းအကြို ဗိုဗီနမ် (ဗန်တို)ပြိုင်ပွဲ ဩဂုတ် ၂၂ရက်က
စတင်ယှဉ်ပြိုင်ခဲ့ရာတွင် မြန်မာ အသင်းအနေဖြင့် ပထမပြိုင်ပွဲ နေ့မှာပင်
ရွှေတံဆိပ်နှစ်ခုဆွတ်ခူး နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို
ကမ္ဘော ဒီးယား၊ လာအို၊ ဗီယက်နမ်၊ အင် ဒိုနှင့် အိမ်ရှင်မြန်မာအသင်းမှ
ကစားသမား ၇ဝဦးဖြင့် နှစ်သင်း ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး
ပြိုင်ပွဲအမျိုးအစားအနေဖြင့် အပြ (၁၂)မျိုးနှင့်
အတိုက်(၆)မျိုးထည့်
သွင်းထားသည်။
ပထမရက် ယှဉ်ပြိုင်ရာတွင် မြန်မာအသင်းအတွက် ပထမဦး ဆုံး
ရွှေတံဆိပ်ကို သိန်းစိုး၊ ဇော် ဇော်၊ စိုင်းစိုးစိုး၊ ကျော်စိုးထက်နှင့်
အတွဲမှဆွတ်ခူးပေးခဲ့ပြီး မောင်ခိုင် ဇင်ဝင်းနှင့် မဆုလဲ့ဖြိုးအတွဲမှ ငွေ
တံဆိပ်နှင့် ကီလို(၆၀-၆၅)အတိုက် ပြိုင်ပွဲတွင် မင်းထွန်း(A)နှင့် သန့်
ဇင်ထွန်း(B)မှ ကြေးတံဆိပ်များ ရယူပေးခဲ့သည်။
မြန်မာအသင်းအတွက်
ဒုတိယမြောက် ရွှေတံဆိပ်ကို နှစ် ယောက်တွဲပြိုင်ပွဲတွင် မပပဝင်း နှင့်
မခြူးသဉ္ဇာစိုးတို့က ဆွတ်ခူး ပေးခဲ့ကာ အတိုက်ကီလို (၄၅- ၅၀)ပြိုင်ပွဲတွင်
မဂျူးလစ်ကျော် က ငွေတံဆိပ်နှင့် (တစ်ကိုယ်တော် အပြ)ပြိုင်ပွဲ၌
မခိုင်ဝါဖူးမှကြေး တံဆိပ်ရရှိခဲ့ကြသည်။
ပထမနေ့ပွဲစဉ် အပြီးတွင်
မြန်မာ(A)အသင်းမှ ရွှေနှစ်ခု ငွေ နှစ်ခု၊ ကြေးနှစ်ခုရထားပြီး မြန်မာ
(B)အသင်းမှာ ကြေးတစ်ခုရထား သည်။ လာအိုအသင်းက ရွှေ နှစ်ခု၊ ကြေးတစ်ခု၊
ဗီယက်နမ် အသင်းက ရွှေတစ်ခု၊ ငွေလေးခု၊ ကြေးတစ်ခု၊ အင်ဒိုနီးရှားက ရွှေ တစ်ခု၊
ငွေတစ်ခုနှင့် ကြေးသုံးခု ရရှိထားသည်။
သြဂုတ်(၂၂)၊ ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာ
Yangon Media Group
26 August, 2013
ဆီးဂိမ်းအကြို ဗိုဗီနမ်(ဗန်တို)ပြိုင်ပွဲ အဖွင့်ရက်တွင် မြန်မာ ရွှေတံဆိပ်နှစ်ခု ဆွတ်ခူး
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
August
(18)
-
▼
Aug 26
(12)
- ပရိသတ်တွေမေးကြတဲ့ မိုးအောင်ရင်ရဲ့ အချစ်ရေး
- ဆံပင်ဒီဇိုင်းအသစ်နဲ့ မိုးယုစံ
- ဖူလ်ဟမ် - အာဆင်နယ်ပွဲ မတိုင်မီ ထူးခြားချက်များ
- ဆီးဂိမ်းအကြို ဗိုဗီနမ်(ဗန်တို)ပြိုင်ပွဲ အဖွင့်ရက်တ...
- မန်ယူအသင်း၏အရည်အချင်းအပေါ် မော်ရင်ဟိုဝေဖန်မှုအား အီဗ...
- ဆိုင်ကယ်စီးနင်းသူများကို ထောင်သုံးနှစ်ချမည်ဟုဆို
- ထိုင်းတွင် ဗီဇာ သက်တမ်းကုန် မြန်မာများ တရားဝင် ဆက်...
- တအားကြီး Sexy ကျတဲ့ပုံစံဘက်ကို ညီမ မရိုက်တဲ့အတွက် ...
- ချမ်းမီမီကို - တစ်ကိုယ်လုံးမှာအရပ်ကိုကြိုက်တယ်
- သင်ဇာဝင့်ကျော် - တက်တူးထိုးထားတဲ့မိန်းကလေးတွေမြင်ရ...
- ကိုယ်အသက်ရှင်ဖို့ အတွက် သူများဆီက အသည်းတစ်ခြမ်းကို...
- မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူ...
-
▼
Aug 26
(12)
-
▼
August
(18)