မြန်မာနိုင်ငံ၏ အဓိက၀င်ပေါက်ဖြစ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌
အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် အစ္စလာမ္မစ် နိုင်ငံများမှ
ဝင်ရောက်လာသူများအား အဓိကထား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ နိုင်ငံများမှ ၀င်ရောက်လာသူများကို အဓိကထား စစ်ဆေးခြင်းမှာ
အိန္ဒိယနိုင်ငံ၊
ဗုဒ္ဓဂယာ ကျောင်းတော်ဝင်း အတွင်း ဗုံးပေါက်ကွဲမှု
ဖြစ်စဉ်ကြောင့် ခရီးသည် ၀င်ထွက်စစ်ဆေးမှုများအား ယခုကဲ့သို့
တိုးမြှင့်ထားခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့
ဝင်ရောက်လာသည့် နိုင်ငံသားနှင့် နိုင်ငံခြားသား ခရီးသည်များအား ရန်ကုန်
အပြည်ပြည်ဆိုင်ရာ လေဆိပ် လူဝင်မှုကြီးကြပ်ရေး ဌာနမှ စစ်ဆေးမေးမြန်းမှုများ
ပြုလုပ်ပြီးမှသာ နိုင်ငံတွင်း ၀င်ရောက်ခွင့် ပြုလျက်ရှိသည်။
ယင်းသို့ စစ်ဆေးမေးမြန်းရာတွင် နိုင်ငံတွင်း ဖြစ်ပွားလျက်ရှိသည့်
ဘာသာနှစ်ခုကြား ပဋိပက္ခများနှင့် ဇူလိုင် ၇ ရက်က အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာ
ကျောင်းတော်ဝင်း အတွင်း ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့်
အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် အစ္စလာမ္မစ် နိုင်ငံများမှ
ဝင်ရောက်လာသူများအား အဓိကထား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူ
တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
''လေဆိပ်လူဝင်မှု ကြီးကြပ်ရေးဌာန
အနေနဲ့ လက်ရှိဖြစ်စဉ်တွေကြောင့် ခရီးသည် အ၀င်အထွက်ကို သေသေချာချာ
စိစစ်နေပါတယ်။ အထူးသဖြင့် အစ္စလာမစ် နိုင်ငံတွေက ၀င်ရောက်လာသူတွေကို ပိုပြီး
စစ်မေးတယ်။ စီးပွားရေးကိစ္စနဲ့ လာတယ် ဆိုရင်လည်း သူတို့ ဆက်သွယ်မယ့်
စီးပွားရေး သမားတွေ၊ ကုမ္ပဏီတွေကို သေချာမေးမြန်းမှုတွေ လုပ်တယ်။ ဒါ့အပြင်
ဗီဇာအစစ်၊ ပတ်စ်ပို့အစစ်နဲ့ ၀င်ရောက်လာတာ ဟုတ် မဟုတ်ကိုလည်း
သေချာစစ်ဆေးပါတယ်။ ရန်ကုန်လေဆိပ် လူဝင်မှု ကြီးကြပ်ရေးဌာန အနေနဲ့
အရင်ထက်ပိုပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေ လုပ်နေပါတယ်'' ဟု ရန်ကုန်
အပြည်ပြည်ဆိုင်ရာ လေဆိပ် လူဝင်မှုကြီးကြပ်ရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး
ဦးအောင်သီဟက ဇူလိုင် ၁၀ ရက်က ပြောကြားသည်။
ယင်းပြင်
မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့် ခရီးသည်များအား ဗီဇာအစစ်၊
ပတ်စ်ပို့အစစ်များဖြင့် ၀င်ရောက်လာသူများ ဖြစ်ကြောင်းကိုလည်း
စက်ပစ္စည်းများဖြင့် သေချာစွာ စစ်ဆေးမှုများ ပြုလုပ်နေကြာင်း သိရသည်။
မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့် နိုင်ငံအသီးသီးမှ ခရီးသည်များအား
ပြည်ဝင်ခွင့်ဗီဇာ ခွင့်ပြုခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် ဦးသာအောင်ညွန့်က ''အရှေ့အလယ်ပိုင်း
နိုင်ငံတွေကပဲဖြစ်ဖြစ်၊ မြန်မာသံရုံး မရှိတဲ့ နိုင်ငံတွေကပဲဖြစ်ဖြစ်
မြန်မာနိုင်ငံကိုလာဖို့ ဗီဇာလျှောက်မယ်ဆိုရင် မြန်မာသံရုံးရှိတဲ့ အနီးဆုံး
နိုင်ငံမှာ သွားပြီးတော့ လျှောက်ထားရမယ်။ ဗီဇာလျှောက်ရင်တော့ နိုင်ငံကူး
လက်မှတ်မှာပါတဲ့ အချက်တွေအပြင် မြန်မာနိုင်ငံမှာ ဘယ်နှစ်ရက်နေမယ်၊
ဘာကြောင့် လာတယ်၊ ဘယ်မှာတည်းမယ် စတဲ့အချက်တွေကို ဖြည့်ရတယ်။ အရင်ကတော့
အချက် ၃၁ ချက်လောက် ဖြည့်ရတယ်။ အခုတော့ သာမန်အဆင့်လောက်ပဲ ဖြည့်ရတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဗုဒ္ဓဂယာမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက်ပိုင်း
နိုင်ငံခြားရေး ၀န်ကြီးဌာန အနေနဲ့လည်း တိုင်းပြည် လုံခြုံရေးအတွက်
ဗီဇာပေးတဲ့အခါမှာ စောင့်ကြည့်ရမယ့် နာမည် စာရင်းတွေကို အရင်အတိုင်းပဲ
စစ်ဆေးပြီးတော့ ဆောင်ရွက်နေပါတယ်။ စောင့်ကြည့်ရမယ့် စာရင်းထဲမှာ
မပါဘူးဆိုရင်တော့ ဗီဇာ ထုတ်ပေးသွားမှာပါ'' ဟု ဇူလိုင် ၁၀ ရက် ညနေပိုင်းက
ပြောကြားသည်။
ယင်းအပြင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ
လေဆိပ်လုံခြုံရေးအား တာဝန်ယူ ဆောင်ရွက်နေသည့် လေကြောင်း ရဲတပ်ဖွဲ့မှလည်း
လေဆိပ် လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
EMG
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လူဝင်မှု ကြီးကြပ်ရေး ကောင်တာတွင် အစစ်ဆေးခံရန် စောင့်ဆိုင်းနေသူများ
12 July, 2013
မြန်မာနိုင်ငံ၏ အဓိက၀င်ပေါက် ရန်ကုန်လေဆိပ်၌ အရှေ့အလယ် ပိုင်း နိုင်ငံများနှင့် အစ္စလာမစ် နိုင်ငံများမှ ၀င်ရောက်လာသူများအား အဓိကထား စစ်ဆေးဟုဆို
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
July
(52)
-
▼
Jul 12
(19)
- မိခင်က သားငယ်ကို ကတ်ကျေးနဲ့ အချက် ၉၀ ကျော် ထိုး
- ဘရစ်တနီ၏ သီချင်းဗီဒီယိုသစ်တွင် သူမ၏သားနှစ်ဦး ပါဝင...
- ဘောလီးဝုဒ် သရုပ်ဆောင်တွေက အရည်အချင်း ပြည့်ဝတယ်ဆိုသ...
- အဲယားအိန္ဒိယရဲ့ ရန်ကုန်-ကာလကတ္တား ခရီးစဉ် တိုးချဲ့ပျ...
- မလေးမှ ပြန်ရန် လေယာဉ်လက်မှတ်ခ မတတ်နိုင်သူ မြန်မာ ၁...
- မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းမှ ကရင်၊ မွန်ပြည်နယ်န...
- ဧရာဝတီမြစ် ရေလက်ကြား အနီးရှိ ဦးပါရဲဘုရား ကမ်းပါြး...
- အမျိုးသား ပညာရေး ဥပဒေကြမ်းတွင် တက္ကသိုလ်များအား ကို...
- ဘုရားသုံးဆူ နယ်စပ် ကုန်သွယ်ရေးစခန်း ဖွင့်လှစ်နိုင်...
- ပုဂ္ဂလိက ရုပ်ရှင်ရုံများ ရင်းနှီးမြှုပ်နှံရန် ကိုရီ...
- မြန်မာနိုင်ငံ၏ အဓိက၀င်ပေါက် ရန်ကုန်လေဆိပ်၌ အရှေ့အလ...
- ရန်ကုန်မြို့ ရုံးခန်းငှားရမ်းခနှုန်း နယူးယောက်၊ တို...
- ဦးဇင်ဝိုင်း လကုန် မြန်မာပြည်ပြန်လာမည်
- မြန်မာ့ စိန်တစ်လုံး သရက်သီး တစ်တန် အမေရိကန် ဒေါ်လာ ...
- တိရစ္ဆာန်မှ လူသို့ကူးစက်ပြီး သေဆုံးမှုမြင့်သည့် ရောဂ...
- လူငယ်များအကြား ဘိန်းစာရွက်အား အလွန်အကျွံ အသုံးပြုလ...
- ဆယ်ကျော်သက် အရွယ် ကိုယ်ဝန် မယူဖို့ ပညာပေး
- ယခင်အစိုးရ လက်ထက်က ပြဋ္ဌာန်းခဲ့သည့် ထားဝယ်အထူး စီးပွ...
- အမျိုးစောင့်ဥပဒေကို ထောက်ခံတဲ့ နေထက်လင်း
-
▼
Jul 12
(19)
-
▼
July
(52)