မိမိ၏ နေအိမ်ခြံဝင်းထဲ ကျူးကျော်ဝင်ရောက်လေ့ ရှိသူများကို တေလာဆွစ်ဖ်
က သီချင်းစာသားဖြင့် သတိပေးထားလိုက်သည်။ Country ဂီတစတား အဆိုတော်မလေးသည်
ရုဒ်အိုင်းလန်းရှိ သူမ၏ ဇိမ်ခံအိမ်ကြီးသို့ ကျူးကျော် ဝင်ရောက်လာတတ်သည့်
အစွန်းရောက် ပရိသတ်များကြောင့် မကြာခဏ စိတ်အနှောင့်အယှက် ဖြစ်ရလေ့ ရှိသည်။
ထို့ကြောင့် တေလာက ဝင်ခွင့်မရှိ စာတန်းကို ဒေါ်လာ (၁၇)သန်းတန်
စံအိမ်ကြီးရှေ့တွင် ရေးထိုးထားပြီး
သူမ၏ သီချင်းစာသားဖြင့် ပိုင်နက်အတွင်း
ဝင်ရောက်လာပါက ဒုက္ခတွေ့နိုင်မည်ဟု ခြိမ်းခြောက်ထားခြင်း ဖြစ်သည်။ သူမသည်
(၂၀၁၂)ခုနှစ်က သီချင်းဖြစ်သော #I #Knew #You #Were #Trouble မှ သီချင်းစာသားကို ကိုးကားထားခြင်း ဖြစ်သည်။
အသက်(၂၃)နှစ်ရှိ တေလာသည် "လျှောက်ဝင်လာရင်တော့ မင်းဒုက္ခတွေ့
မယ်ဆိုတာ ငါသိထားတယ်"ဟု အဓိပ္ပါယ်ရသည့် 'I knew you were trouble when you walked in'ဆိုသော သီချင်းစာသားကို ဖြတ်သန်း
သွားလာခွင့် မပြုဆိုသည့် စာတန်းနှင့်အတူ ရေးသားထားစေခြင်း ဖြစ်သည်။
ငယ်ငယ်ရွယ်ရွယ်နှင့် သန်းပေါင်း အတော်များများ ကြွယ်ဝလာသော သူဌေးမလေးသည်
ဘီဗလီဟေးလ်နှင့် တက်နက်ဆီတို့တွင်လည်း အိမ်ကြီးတစ်လုံးစီ
ပိုင်ဆိုင်ထားသေးသည်။ ထို့အပြင် မက်ဆာချူးဆက်ရှိ ဟားနစ်ဆိပ်ကမ်းတွင်လည်း
အိမ်တစ်လုံး ဝယ်ယူဖူးသော်လည်း မတ်လက ပြန်လည် ရောင်းထုတ်ခဲ့ရာ ဒေါ်လာ(၁)သန်း
အမြတ်အစွန်း ရခဲ့သည်။
Planet Myanmar Network
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
July
(52)
-
▼
Jul 06
(12)
- တရားမ၀င် လမ်းကြောင်းမှ လူကုန်ကူးမှုများကို ကယ်ထုတ်...
- ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးကိုြ...
- စက်လှေကား ပါဝင်သည့် လူကူးခုံးကျော်တံတား သုံးစင်းကိ...
- မန္တလေးတွင် ယာဉ်ရပ်နား ကန့်သတ် နေရာများ၌ သတ်မှတ်နှုန...
- တာချီလိတ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မယ်...
- ကလေးသူငယ်များအား သားမယား ပြုကျင့်သူများကို သေဒဏ်ပေ...
- ယခုနှစ် နှစ်ဝက်အထိ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်...
- အလုပ်သမား ၀န်ကြီးဌာနသို့ ဆက်သွယ် အလုပ်လျှောက်ထားသည...
- "နေအိမ်ခြံဝင်းထဲ ကျူးကျော်သူများကို သီချင်းစာသားဖြ...
- လူမှောင်ခိုဂိုဏ်းအားဖမ်းဆီးအရေးယူစစ်ဆေးလျက်ရှိ
- ဆင်ဆာ လွတ်လပ်ခွင့် ရှိပေမယ့် မြန်မာတွေ ကြည့်ရှု အဆင...
- လေဒီဂါဂါက ချစ်သူအတွက် တန်ဖိုးကြီးကျောပိုးအိတ် မွေး...
-
▼
Jul 06
(12)
-
▼
July
(52)