အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

09 June, 2013

ဒီတစ်ခါတော့ ဘယ်ရမလဲ

ဝက်မွေးသော လယ်သမားတစ်ယောက်ထံ လူတစ်ယောက် ရောက်လာပြီး"ခင်ဗျားဝက်တွေကို ဘာတွေကျွေးလဲ" ဟု စစ်မေးသည်။ "ပဲဖတ်တို့၊ ပြောင်းဖူးတို့ ကျွေးပါတယ်၊ ဘာဖြစ်လို့လဲ"
"ကျုပ်က တိရစ္ဆာန်အခွင့်အရေး ကာကွယ်ရေးအဖွဲ့ကပဲ။ တိရစ္ဆာန်တွေကို ကောင်းကောင်းကျွေးပါ" ဟု ပြောပြီး ၀က်များကို အစာကောင်းမွန်စွာ မကျွေးမှုဖြင့် လယ်သမား ဒဏ်ရိုက်ခံရသည်။
နောက်လေးငါးရက်ကြာပြီးနောက် လူတစ်ယောက် ထပ်ရောက်လာပြီး လယ်သမားအား "ခင်ဗျား ၀က်တွေကို ဘာတွေကျွေးလဲ" ဟု မေးပြန်သည်။
ထိုအခါ လယ်သမားက "ကျွန်တော် သူတို့ကို ကောင်းကောင်းမွန်မွန် ကျွေးပါတယ်။ ပင်လယ်ငါးတွေ၊ ငါးဥတွေနဲ့ ပုစွန်တွေ ကျွေးပါတယ်"
လာရောက်စစ်ဆေးသူက "ကျုပ်က ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကပဲ။ တချို့လူတွေ စားစရာမရှိလို့ ငတ်ပြတ်နေချိန်မှာ ခင်ဗျားက ၀က်တွေကို ဒီလိုကျွေးနေတဲ့အတွက် ဒဏ်ကြေးဆောင်ရမယ်" ဟုဆိုကာ ဒဏ်ဆောင်လိုက်ရပြန်သည်။
ရက်အနည်းငယ်အကြာတွင် စစ်ဆေးရေးအရာရှိတစ်ယောက် ထပ်ရောက်လာပြန်ရာ "၀က်တွေကို ဘာတွေကျွေးလဲ" ဟု မေးပြန်သည်။
ထိုအခါ လယ်သမားက အနည်းငယ် တုံ့ဆိုင်းနေပြီးမှ "ကျွန်တော် ၀က်တွေကို ငါးဒေါ်လာစီပေးပြီး သူတို့ကြိုက်တာ ၀ယ်စားခိုင်းပါတယ်" ဟု ပြောလိုက်လေသည်။

ချစ်သူအိမ်ကလေး

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...