အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 June, 2013

လာမယ့် ၇၂နာရီ အတွင်း မန်ယူနဲ့ စီရော်နယ်ဒိုတို့ တရားဝင် တွေ့ဆုံ ဆွေးနွေးကြတော့မယ်

ရီးရဲလ်မက်ဒရစ် စတား စီရော်နယ်ဒိုသည် အသင်းဟောင်း မန်ယူနိုက်တက် အသင်းသို့ တကျော့ပြန် ခြေချရေး လာမည့် (၇၂)နာရီ အတွင်း တရားဝင် တွေ့ဆုံ ဆွေးနွေးတော့မည် ဖြစ်ကြောင်း သိရသည်။El Pais ၏အဆိုအရ စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ် အသင်း၏ ရာသီအကြို ခြေစမ်းပွဲစဉ်များ မတိုင်မီ အပြောင်းအရွေ့ ဖြစ်မြောက်ရန် ဆန္ဒရှိနေကြောင်း သိရသည်။ မကြာသေးမီက
အနားယူသွားပြီ ဖြစ်သည့် နည်းပြ ဖာဂူဆန်သလည်း စီရော်နယ်ဒိုကို ပြန်လည် ခေါ်ယူရေးအတွက် ဆွေးနွေးမှုများ အောင်မြင်မည်ကို ယုံကြည်ကြောင်း ပြောကြားသွားခဲ့သည်။

စီရော်နယ်ဒိုကို ရီးရဲလ်ဥက္ကဌ ပီရက်ဇ်က မြင့်မားသော လုပ်ခနှုန်းထားဖြင့် နှစ်ရှည် စာချုပ် ချုပ်ဆိုရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သော်လည်း၊ စီရော်နယ်ဒိုက ပယ်ချခဲ့သည်။ ပီရက်ဇ်သည် တစ်နှစ်လုပ်ခပေါင်(၁၂)သန်းဖြင့် နောက်ဆုံး အကြိမ် ကမ်းလှမ်းခဲ့သော်လည်း၊ စီရော်နယ်ဒိုက (၁၇)သန်းအထိ အလိုရှိနေကြောင်း သိရသည်။ စီရော်နယ်ဒိုက ပယ်ချလိုက်ပြီး နောက်ပိုင်း ပီရက်ဇ်ကမူ အရာရာတိုင်းတွင် အကန့်အသတ် ရှိကြောင်း တုန့်ပြန် ပြောကြား လိုက်သောကြောင့် စီရော်နယ်ဒို အနေဖြင့် ပိုမိုစိတ်ပျက်သွားကြောင်း သိရသည်။

football-cafe.com

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...