အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

14 June, 2013

ဘင်္ဂလာဒေခ်ျ့မှ ခိုလုံရန် ရောက်ရှိလာသူများကို စေတီပြင်ရွာသားများက ဆန် ၆၃ အိတ်လှူဒါန်း

ရခိုင်ပြည်နယ် မောင်တောာမြို့နယ်သို့ ခိုလုံရန် ရောက်ရှိလာကြသော ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ ဗုဒ္ဓဘာသာဝင် ဒုက္ခသည်များ အတွက် ရသေ့တောင်မြို့နယ် စေတီပြင် ကျေးရွာသားများက ဆန် ၆၃ အိတ် လှူဒါန်းခဲ့သည်ဟု သတင်း ရရှိသည်။ ယခုကဲ့သို့ ဆန်အိတ်များ လှူဒါန်းရခြင်းမှာ တစ်ဘက်နိုင်ငံမှ ဗုဒ္ဓ ဘာသာဝင်များ ဒုက္ခဖြစ်၍ မောင်တောမြိုသို့ ခိုလုံရန် ရောက်ရှိလာသည်ကို ကြားသိရသဖြင့် ဘာသာရေး၊ လူမူရေး အရ လာရောက် ကူညီ လှူဒါန်းခြင်း ဖြစ်ကြောင်း ဆန်အိတ်လှူဒါန်းသည့် အဖွဲ့အား ဦးဆောင်လာသူ ဦးမောင်အေးညွှန့်က ပြောသည်။

“ ကျွန်တော်တို့က ဘင်္ဂလာဒေခ်ျ့ ရောက်လာကြတဲ့ ဗုဒ္ဓ ဘာဝင်တွေ စားရေး သောက်ရေး အခက်အခဲ ရှိနေတာကို ကြားရတဲ့ အတွက် စေတီပြင်၊ ချွတ်ပြင်နဲ့ သိန်တောင်ကျေးရွာတွေက စုဆောင်း ကောက်ခံထားတဲ့ ဆန်အိတ် ၆၃ အိတ်ကို မောင်တောမြို့ ဗဟိုကျောင်းကို လာရောက် ကူညီလှူဒါန်းတာ ဖြစ်ပါတယ်။”

ဆန်အိတ် ၆၃ အိတ်ထဲတွင် စေတီပြင်ရွာမှ ၅၀ အိတ်၊ သိန်တောင်ကျေးရွာက ၁၁ အိတ်နှင့် ချွတ်ပြင်ကျေးရွာမှ ၂ အိတ်တို့ ဖြစ်ကြသည်။ ဆန်အိတ် တစ်အိတ်၏ လက်ရှိ ဈေးပေါက်ဈေးမှာ မောင်တောမြို့တွင် ကျပ် တစ်သောင်း ငါးထောင်ရှိသည်ဟု သိရသည်။

ယခုလို လှူဒါန်းရသဖြင့် လှူဒါန်းရသူ ကျေးရွာသားများသာမက ဘင်္ဂလာဒေခ်ျ့မှ ရောက်ရှိ လာကြသော ဗုဒ္ဓ ဘာသာဝင်များ၊ ဗဟိုကျောင်း ဆရာတော် အပါအ၀င် မောင်တောဒေသခံများကပါ ၀မ်းမြောက်ကြရသဖြင့် အထူးကျေနပ်မိသည်ဟု ဦးမောင်အေးညွှန့်က ဆိုသည်။

ဘင်္ဂလာဒေခ်ျ့မှ ခိုလုံလာရန် ရောက်ရှိလာသူများ၏ အခြေအနေနှင့် ပတ်သက်ပြီး ဗဟိုကျောင်း ဆရာတော်အား နိရဉ္စရာမှ ဆက်သွယ် မေးကြည့်ရာ ဘင်္ဂလာဒေခ်ျ့မှ ဗုဒ္ဓ ဘာသာဝင်များမှာ ဆက်လက် ခိုလုံရန် ရောက်ရှိနေဆဲ ဖြစ်ပြီး ယခု နောက်ဆုံး ၀င်ရောက်လာသော အဖွဲ့တွင် လူပေါင်း ၄၀ ကျော် ပါဝင်သည်ဟု ဆရာတော်က ဆိုသည်။

“ ဒီလ ၆ လပိုင်း ၃ ရက်နေ့ကနေ ၉ ရက်နေ့ထိ ဘင်္ဂလာက ရောက်ရှိလာတဲ့ အိမ်ထောင် စု (၁၂) စုဖြစ်ပါတယ်။ လူပေါင်းက ၄၈ ယောက် ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဆရာတော် သီတင်သုံးတဲ့ ဗဟိုကျောင်းမှာ တည်းခိုနေထိုင်နေကြပါတယ်” ဟု ဆိုသည်။

ဘင်္ဂလာမှ ၀င်ရောက်လာသူများမှာ အခက်အခဲများ ရှိနေကြသဖြင့် နိုင်ငံတကာတွင် ရောက်ရှိနေကြသော ဗုဒ္ဓ ဘာသာဝင်များ အနေဖြင့်လည်း အတတ်နိုင်ဆုံး သူတို့အတွက် အကူအညီများ ထောက်ပံ့ပေးကမ်းကြစေလိုကြောင်း ဆရာတော်က ပြောသည်။

“ ဒီမှာ ဖြစ်နေတာက ဟိုဘက်က နေ့တိုင်းလိုလို ၀င်ရောက် ခိုလုံမူတွေ ရှိနေတယ်။ ဒါကြောင့် နိုင်ငံတကာမှာ ရောက်ရှိနေကြတဲ့ တကာ တကာမတွေ အနေနဲ့လည်း နိုင်သလောက် ထည့်ဝင် ကူညီကြစေလိုပါတယ်။ အဓိကတော့ ဒီတစ်မိုး ဖြစ်ပါတယ်။ အနေအထိုင်၊ အလုပ်အကိုင် အဆင်မပြေခင် သူတို့ စားဝတ်နေရေး အခက်အခဲ မဖြစ်စေလိုတဲ့ အတွက် ကူညီကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု ဆိုသည်။

ဆက်သွယ် ကူညီ လှူဒါန်းလိုကြသူများ အနေဖြင့် ဆရာတော် စရဏ (ဗဟိုကျောင်းဆရာတော်- မောင်တော) ဖုံး ၀၉၄၉ ၆၅၈ ၁၂၀ နှင့် ၀၉၄၂၁ ၇၂၃ ၉၈၃ သို့ ဆက်သွယ်နိုင်ကြပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

narinjara

မောင်တောမြို့နယ် လောင်းဒုံကျေးရွာတွင်ရောက်နေသည့် ဘင်္ဂလာဒေ့ခ်ျမှ ပြောင်းရွေ့လာသူများကို တွေ့ရစဉ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...