ပြည်သူ့ရင်ပြင်၊
ရွှေတိဂုံဘုရားနှင့် အနီးကပ်ဆုံး နေရာတွင် တည်ဆောက်ရန် မသင့်လျော်သော
သုံးထပ်အမြင့်ရှိ Shopping Mall အား ဆောက်လုပ်ခွင့် ပြုထားကြောင်း
သတင်းရရှိသည်။
ပြည်သူ့ရင်ပြင် ဧရိယာ တစ်ခုလုံး၏ ရာခိုင်နှုန်း ၆၀ ကျော်အား ကုမ္ပဏီ
သုံးခုမှ ရယူကာ စီးပွားဖြစ် လုပ်ကိုင်နေခြင်း ဖြစ်သည်။ အဆိုပါ နေရာသည်
ရွှေတိဂုံဘုရားနှင့် အနီးကပ်ဆုံး နေရာဖြစ်ပြီး ယင်းကဲ့သို့
ဆောက်လုပ်မှုကြောင့် ရွှေတိဂုံဘုရား၏ ကြည်ညိုဖွယ် မြင်ကွင်းကို ထိခိုက်စေကာ
မြို့တော်အလှအပမြင်ကွင်း ပိတ်နိုင်ကြောင်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။
ပြည်သူ့ရင်ပြင်အတွင်း ပုဂ္ဂလိက ကုမ္ပဏီသုံးခုဖြစ်သော Natural World၊ Happy
Zone နှင့် ရေလွှာလျှောစီးကွင်း တည်ဆောက်မည့် ကုမ္ပဏီတို့ကို လေလံစနစ်ဖြင့်
လုပ်ကိုင်ခွင့် ပြုထားကြောင်း၊ ပြည်သူ့ရင်ပြင် တစ်ခုလုံးမှာ ဧက ၁၀၀ ကျော်
ကျယ်ဝန်းပြီး အဆိုပါ ကုမ္ပဏီသုံးခုကို လုပ်ကိုင်ခွင့်ပြုထားသော ဧကမှာ ၆၀
ကျော် ရှိကြောင်း သိရသည်။
ပြည်သူ့ရင်ပြင်နှင့်
ပြည်သူ့ဥယျာဉ်အတွင်း အရက်ဘီယာ စားသောက်ဆိုင်များအပြင် ယခုအခါ
ရှော့ပင်းမောလ်ပါ တည်ဆောက်ခွင့် ပြုပြီဖြစ်ကြောင်း သတင်းရရှိသည်။
ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နှင့် မျက်နှာချင်းဆိုင်ဘက် အခြမ်း၊
ဦးဝိစာရလမ်းပေါ်ရှိ ပြည်သူ့ဥယျာဉ်အတွင်း ရှော့ပင်းမောလ်တစ်ခု
တည်ဆောက်နေပြီး Natural World ကုမ္ပဏီမှ တည်ဆောက်ခွင့် ရရှိခြင်းဖြစ်ကြောင်း
သိရသည်။
အဆိုပါ ရှော့ပင်းမောလ်ကို အလျား ၁၈၆ မီတာ၊ အနံ ၄၂ မီတာ
ကျယ်ဝန်းပြီး Basement အပါအ၀င် သုံးထပ်အဆောက်အအုံ ဖြစ်ကြောင်း၊ မြန်မာမှု
လက်ရာများကို အဓိကထား ရောင်းချမည်ဖြစ်ကြောင်း၊ ရွှေတိဂုံစေတီတော်သို့
လာရောက်သည့် နိုင်ငံခြားသား ဧည့်သည်များကို ဆွဲဆောင်ရန် ရည်ရွယ်သည်ဟု
သိရသည်။
ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း အများပြည်သူ
အပန်းဖြေခြင်းနှင့် မသက်ဆိုင်သည့် အရက်ဘီယာ အပါအ၀င် စားသောက်ဆိုင်ပေါင်း
ယခုအခါ များပြားစွာ ဖွင့်လှစ်ခွင့် ပြုထားကြောင်း သိရသည်။
(ပြည်သူ့ရင်ပြင် ၀င်းအတွင်း ကုမ္ပဏီတစ်ခုမှ တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်နေစဉ်)
EMG
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
May
(981)
-
▼
May 22
(31)
- ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း (၁ဝ)ကြိမ်မြောက် က...
- တောင်ငူတစ်ခရိုင်လုံးရှိ အမျိုးသမီးများ၏ လက်ဗွေရာမျ...
- ၂၀၁၅ – ၁၆ မှာ ၂၄ နာရီ လျှပ်စစ်မီးတကယ် ရတော့မလား
- မိုဘိုင်းဖုန်းနှင့် ကျန်းမာရေး
- ရှုရှားနိုင်ငံထုတ် ဘက်စုံသုံး ရဟတ်ယာဉ်များ အိန်္ဒိယ...
- လာဘ်စားမှုကင်းသော ကျောင်းအပ်လက်ခံမှု ဖြစ်ရေး နာမည်ကြ...
- ပြေးလမ်းမပါ အတက်အဆင်း ပြုလုပ်မှုအား ပထမဆုံးအကြိမ်ြ...
- ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှုစာရင်းကိုင်သင်တန်း ပညာသင်...
- ချယ်လ်ဆီးသို့ မော်ရင်ဟို ပြန်ရောက် လာချိန်တွင် ဦး...
- ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အားတက်ဖွယ် မရှိသေး
- မဟတ္တမ ဂန္ဓီ၏ သွေးနမူနာကို လန်ဒန်မြို့တွင် လေလံတင်ေ...
- CNN ရဲ့ မြန်မာနိုင်ငံမှ Icon of Reform နဲ့ သီးသန့်...
- သြစီမိုင်းတွင်းလုပ်ငန်းတွေ မြန်မာမှာ ရင်းနှီးမြုပ်...
- သြစီနဲ့ကန် အာရှ ပစိဖိတ်အတွင်း ပိုမိုအလေးပေးဖို့ ကြ...
- လည်ချောင်းနာခြင်းနဲ့ သွားတိုက်တံ
- ဖိုးသောကြာရဲ့ စတိုင်သစ်နဲ့ဆိုဟန် ၂၀၁၃ မကုန်ခင် ကြာ...
- ခံတွင်းကျန်းမာရေး ကောင်းမွန်ဖို့ နည်းလမ်းများ
- လက်ရှိ ဘဏ်တိုးနှုန်းထက် ထက်ဝက်ခန့် လျော့နည်းမည့် My...
- နှစ်ပေါင်း ၅၀ ကျော်ကြာ ဈေးကွက်လက်ဝါးကြီး အုပ်ထားေ...
- ကရင်လက်နက်ကိုင် အဖွဲ့များအကြား ပြန်လည်သင့်မြတ်ရေး ...
- ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်း...
- ပြည်သူ့ရင်ပြင်၊ ရွှေတိဂုံဘုရားနှင့် အနီးကပ်ဆုံး နေရ...
- အမေရိကန် မြန်မာ ကုန်သွယ်ရေး သဘောတူညီမှု လက်မှတ်ထိုး
- နော်အားလိုဝါးဖော နဲ့ ခင်မိုးဝေ တို့ သွင်းဂိုးများန...
- မြောက်ကိုရီးယားအစိုးရက တရုတ်ငါးဖမ်းသင်္ဘောသားများကို...
- မဟာမြတ်မုနိဘုရားကြီးအား သြဒိဿဥဒက(ပန်းမန်ပူဇော်ပွဲ)
- တရုတ်ရေပိုင်နက် ကျူးကျော်သူများ ကာကွယ်ရန်ဖိလစ်ပိုင...
- မြစ်ဆုံကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က တရုတ်...
- ဆန္ဒပြသူ များကို ရော်ဘာ ကျည်ဆန်ဖြင့် ပစ်ခတ်ခဲ့သော ရ...
- မြန်မာတနိုင်ငံလုံးရှိ ကျောင်းနေအရွယ် ကလေးအားလုံး ပ...
- ထပ်လိုသေးလား မိန်းခလေးရယ် ...
-
▼
May 22
(31)
-
▼
May
(981)