အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

17 May, 2013

KNU နှင့် အစိုးရတပ်များ အပစ်ရပ် ကျင့်ဝတ်ဆိုင်ရာ ဆွေးနွေးရန် ရန်ကုန်မှာ တွေ့ဆုံမည်

ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ အပစ်အခတ်ရပ်စဲစဉ် ကာလအတွင်း လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်း (Code of Conduct) များအတွက် အကြိုဆွေးနွေးပွဲကို မေလနှောင်းပိုင်းတွင် ရန်ကုန်မြို့၌ တွေ့ဆုံမည်ဟု KNU ပြန်ကြားရေးနှင့် စည်းရုံးရေး တာဝန်ခံ ဖဒိုစောလှထွန်း က မီဒီ...ယာများကို ပြောဆိုလိုက်သည်။

ထိုဆွေးနွေးပွဲတွင် နှစ်ဘက်တပ်များ လိုက်နာရမည့်စည်းကမ်း၊ တပ်နေရာချထားရေး၊ နှစ်ဘက်တပ် သွားလာရမည့် လမ်းကြောင်းများကို အဓိက ဆွေးနွေးမည်ဟု ဖဒိုစောလှထွန်းက အင်္ဂါနေ့က ပြောသည်။

ထို့အပြင် ခိုင်မာသော အပစ်အခတ် ရပ်စဲရေး ရရှိရန်၊ ဒေသခံများ၏ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုနှင့် ဘဝရပ်တည်ရေး ကိစ္စရပ်များအတွက်လည်း ဆွေးနွေးမည်ဟု ဖဒိုစောလှထွန်း က ထပ်လောင်းပြောကြား သည်။

တိုင်းရင်းသားအားလုံး အပစ်အခတ် ရပ်စဲမှသာ ခိုင်မာတဲ့ နိုင်ငံရေးအရဆွေးနွေးမှု ဖြစ်နိုင်မည်ဟု ၎င်းက ပြောသည်။

“KNU ရဲ့ နိုင်ငံရေးအရ ခိုင်မာမှု၊ မခိုင်မာမှုဟာ တဖက်မှာ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ အပစ်အခတ် ရပ်စဲရေး၊ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ တိုင်းရင်းသားတွေရဲ့ သွားရမယ့် နိုင်ငံရေး Process (လုပ်ငန်းစဉ်) ပေါ်မှာလည်း မူတည်တယ်ဗျ” ဟု ဖဒိုစောလှထွန်း က ပြောသည်။

KNU က အဖွဲ့ဝင်အဖြစ် ပါဝင်သော UNFC နှင့် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီတို့ နိုင်ငံရေး အရ ဆွေးနွေးနိုင်ရေးကိစ္စ ဆက်လက်ဆွေးနွေးရန် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က သဘောတူခဲ့ကြသည်။

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် KNU တို့ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးဆွေးနွေးခဲ့ပြီး ထိုနှစ် ဧပြီလ ၆ ရက်တွင် ရန်ကုန်မြို့၌ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးခဲ့သည်။ စက်တင်ဘာလ ၃ ရက်နေ့တွင် ဘားအံမြို့၌ တတိယအကြိမ် တွေ့ဆုံကာ အပစ်အခပ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် ငါးချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

Mizzima News

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...