အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

17 May, 2013

ဦးသိန်းစိန် ခရီးအကြို နိုင်/ကျဉ်းများ ထပ်လွှတ်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ မေလ ၂၀ ရက်နေ့တွင် စတင်ထွက်ခွာမည့် အမေရိကန် ပြည်ထောင်စု ခရီးစဉ်အကြိုဟု ယူဆရသည့် လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုကို ယနေ့နံနက်ပိုင်းမှ စတင်လွတ်ပေးနေကြောင်း သတင်းရရှိသည်။
တနိုင်ငံလုံးမှ အကျဉ်းသား ၂၃ ဦးလွတ်မြောက်မည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအံ့ဘွယ်ကျော်၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားပြီး တောင်ငူထောင်မှ နိုင်ငံရေးအကျဉ်းသား စောဂျက်တက်နှင့် ဆန့်ညွှန့်တို့ လွတ်မြောက်လာကြောင်း သိရသည်။

သာယာဝတီထောင်ရှေ့တွင်လည်း လွတ်မြောက်လာမည့်သူများကို မိသားစုဝင်များက သွားကြိုနေကြကြောင်းလည်း သိရသည်။

ဧရာဝတီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...