ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများ နေထိုင်မှုဘ၀ ရိုးရာယဉ်ကျေးမှုပြပွဲတရပ်ကို ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ကျင်းပ ခဲ့ရာ မိမိရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများမပပျောက်အောင်ထိန်း သိမ်းကြဖို့ ချင်းမိုင်ခရိုင်အုပ်ချုပ် ရေးမှူး ကပြောသည်။
သျှမ်းလူမျိုးများရိုးရာယဉ် ကျေးမှုပြပွဲ(ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)
ရိုးရာမပျက် နေထိုင်မှုစရိုက်အဓွန့်ရှည် ရေးရည်ရွယ်၍
နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ်မှာ လိသျှမ်း၊ ဂုံသျှမ်း၊ တိုင်း
ယောင်းသျှမ်း၊ တိုင်းလုံ (သျှမ်းကြီး) တို့ အတွက် ထိုင်းနိုင်ငံ
ချင်းမိုင်မြို့အုပ်ချုပ်ရေး ယဉ်ကျေးမှုဌာနက ကမကထပြု ကျင်းပပေးခဲ့ခြင်းဖြစ်သည်။
“ချင်းမိုင်မြို့ယဉ်ကျေးမှု အဖွဲ့အကြီးအကဲ
တယောက်ဖြစ်တဲ့ နိုင်းဖိုင်းထွန်း လတ်လိတ်လုဗ်က ပွဲကျင်းပရခြင်း
ဖြစ်ကြောင်းကိုပြောတယ်။ ဘိုးစဉ်ဘောင်ဆက်ရှိခဲ့တဲ့
ဒီမိမိကိုယ်ပိုင်ယဉ်ကျေးမှု တွေပျောက်ပျက် မသွားအောင် ထိန်းသိမ်းရမှာဖြစ်တဲ့အတွက် ဒီပွဲကိုနှစ်တိုင်းကျင်းပဖို့ ထိုင်းအစိုးရက ပိုက်ဆံထုတ်ထားပေးတယ်လို့ ပြောသွား တယ်။ ချင်းမိုင်ခရိုင်အုပ်ချုပ်ေ ရးမှူး နိုင်းရစ် ဒေချဖန်း ကလဲ တိုင်းရင်းသားတွေဟာမိမိရိုး ရာယဉ် ကျေးမှုကို ထိန်းသိမ်းကြဖို့တိုက်တွန်း တယ်။ သူလဲတိုင်းရင်းသားတယောက် ဖြစ်တယ်လို့ပြောတယ်” - ဟု ပွဲတက်ရောက် သတင်းယူသည့် သျှမ်းသံတော်ဆင့် မှ ထိုင်းဘာသာသတင်းထောက်က ပြောသည်။
သျှမ်းလူမျိုးများရိုးရာယဉ် ကျေးမှုပြပွဲ(ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)
အဆိုပါ ပွဲအား ချင်းမိုင်မြို့လယ် Walking Street တနင်္ဂနွေနေ့ဈေးရှိရာ ဆာမ်ကဆတ် (ဘုရင့် ၃ ပါးရုပ်ထု စိုက်ထားသည့်နေရာ) ၌ စက်တင်ဘာ ၈ ရက်နှင့် ၉ ရက် ၂ ရက်ကျင်းပပြီး ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ရိုးရာ ဝတ်စုံ များ ဝတ်ဆင်၍ လမ်းလျှောက်အလှပြခြင်းရှိခဲ့ ကြောင်း၊ ၂ ရက်စလုံး သျှမ်းလူမျိုးတို့၏ ရိုးရာအသုံး အဆောင် ပစ္စည်းများပြသရောင်းချခြင်း များလည်း ရှိသည်။
ယခုနှစ်ပွဲအား ထိုင်းနိုင်ငံမြောက်ပိုင်း လမ်းဖွန်း၊လမ်းပန်း၊ မယ်ဟောင်ဆောင်နှင့်ချင်းမို င်
၎ ခရိုင်ရှိ သျှမ်းများရိုး ရာယဉ် ကျေးမှု ပူးပေါင်းပြသခဲ့သကဲ့သို့ ပကညော
ခေါ် ထိုင်းနိုင်ငံဘွား ကရင်ယဉ်ကျေးမှုအဖွဲ့လည်း ပူးပေါင်း
ပါဝင်သည်ဟုဆိုသည်။
သျှမ်းသံတော်ဆင့်သတင်း
သျှမ်းလူမျိုးများရိုးရာယဉ်
ရိုးရာမပျက် နေထိုင်မှုစရိုက်အဓွန့်ရှည်
“ချင်းမိုင်မြို့ယဉ်ကျေးမှု
သျှမ်းလူမျိုးများရိုးရာယဉ်
အဆိုပါ ပွဲအား ချင်းမိုင်မြို့လယ် Walking Street တနင်္ဂနွေနေ့ဈေးရှိရာ ဆာမ်ကဆတ် (ဘုရင့် ၃ ပါးရုပ်ထု စိုက်ထားသည့်နေရာ) ၌ စက်တင်ဘာ ၈ ရက်နှင့် ၉ ရက် ၂ ရက်ကျင်းပပြီး ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ရိုးရာ ဝတ်စုံ များ ဝတ်ဆင်၍ လမ်းလျှောက်အလှပြခြင်းရှိခဲ
ယခုနှစ်ပွဲအား ထိုင်းနိုင်ငံမြောက်ပိုင်း လမ်းဖွန်း၊လမ်းပန်း၊ မယ်ဟောင်ဆောင်နှင့်ချင်းမို
သျှမ်းသံတော်ဆင့်သတင်း