16 May, 2013
လေယာဉ် ပြေးလမ်းချော်မှု လေယာဉ်မှူးများ သတိပေးခံရ
မြန်မာ့လေကြောင်း မှ ခရီးသည်တင် လေယာဉ်တစီး စစ်တွေလေဆိပ်တွင် ပြေးလမ်းချော်မှု ဖြစ်ပွားပြီးနောက် ပို့ဆောင်ရေး ဒုဝန်ကြီးက မြန်မာ့လေကြောင်းမှ လေယာဉ် မှူးကြီးများနှင့် လေယာဉ်မှူးများ အားလုံးကို ဆင့်ခေါ်ပြီး လေယာဉ် ပျံသန်းရာတွင် မတော်တဆမှုများ မဖြစ်ပွားရန် အထူးဂရုစိုက်ကြရန်နှင့် ဖြစ်ပွားပါက လေယာဉ်မှူးကြီးများကို ပြစ်ဒဏ်ချမှတ် အရေးယူသွားမည်ဟု သတိပေး ပြောဆိုကြောင်း သတင်းရရှိသည်။စစ်တွေ၌ ပြေးလမ်းချော်ပျက်စီးသွားသည့် XY-ADW FOKKER 28 ခရီးသည်တင် လေယာဉ် (ဓာတ်ပုံ ဧရာဝတီပို့ဆောင်ရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးကြီး ဉာဏ်ထွန်းအောင်က ဇွန်လ ၈ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ပြုလုပ်သည့် အထူးအစည်းအဝေးတွင်ထိုကဲ့သို့သတိပေးခြင်းဖြစ်သည်ဟုမင်္ဂလာဒုံလေတပ်အသိုင်းအ၀န်းမှသိရှိရသည်မြန်မာ့လေကြောင်းမှ လေယာဉ်မှူးကြီးများနှင့် လေယာဉ်မှူးများသည် လေယာဉ် ခရီးစဉ်များကို အထူးဂရုစိုက် ပျံသန်းကြရမည် ဖြစ်ပြီး အစိုးရအနေနှင့်ဆုံးရှုံးမှုများ မလိုလားကြောင်း၊ လေယာဉ်များ လုံခြုံစိတ်ချစွာ ပျံသန်းနိုင်ရေး အတွက် နေ့စဉ် မပျံသန်းမီ စစ်ဆေးခြင်းနှင့် ပျံသန်းပြီး စစ်ဆေးမှုများကို သာမန်စစ်ဆေးမှုမျိုး မဟုတ်ဘဲ လေယာဉ်များ ကြံ့ခိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ရမည် ဟု ဗိုလ်မှူးကြီး ဉာဏ်ထွန်းအောင်က မှာကြားသည်ဟု ဆိုသည်။ “ရာသီဥတုကြောင့် ဒါမှမဟုတ် စက်ချို့ယွင်းမှုကြောင့် မဟုတ်ဘဲ မောင်းတဲ့သူ အမှားကြောင့် ခရီးသည်တင် လေယာဉ် မတော်တဆမှုဖြစ်လို့ လူသေရင် လေယာဉ်မှူး ထောင်ကျနိုင်တယ်၊ လူမသေရင် အလုပ်ပြုတ်၊ ရာထူးက အငြိမ်းစားပေး ခံရနိုင်တယ်”ဟု ရန်ကုန် မင်္ဂလာဒုံလေတပ်မှ အရာရှိတဦးက ပြောသည်။ လေယာဉ်ဦးခေါင်းပိုင်းလည်း ထိခိုက်မှုရှိ (ဓာတ်ပုံ - ဧရာဝတီ)ဇွန်လ ၆ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မှ စစ်တွေသို့ ထွက်ခွာသွားသော မြန်မာ့လေကြောင်း မှ ခရီးသည်တင် XY-ADW FOKKER 28 လေယာဉ်သည် စစ်တွေလေဆိပ်သို့ ဆင်းသက်စဉ် နံနက် ၈ နာရီ ၂၀ မိနစ်၌ ပြေးလမ်းချော်ပြီး ပြေးလမ်း၏ ညာဘက်သို့ ထိုးကျကာ ပြေးလမ်းမှ ပေ ၂၀၀၀ ခန့်လွန်၍ လေယာဉ် ညာတောင်ပံနှင့် ဘီးများ ပြုတ်ထွက်ခြင်း အပါအ၀င် လေယာဉ်ပျံသန်း၍ မရနိုင်အောင် ပျက်စီးသွားပြီး တွဲဖက် လေယာဉ်မှူးတဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည်။ယင်း လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း ၆ ဦး၊ ခရီးသည် ၆၂ ဦး စုစုပေါင်း ၆၈ ဦးပါရှိပြီး တွဲဖက်လေယာဉ်မှူး ဦးစိုးရီ တဦးတည်းသာ နဖူးတွင် ဒဏ်ရာ အနည်းငယ် ရရှိကြောင်း၊ ကျန်အမှုထမ်းများနှင့် ခရီးသည်များ ထိခိုက် ဒဏ်ရာ မရရှိကြောင်း ဇွန်လ ၇ ရက်နေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာက ဖော်ပြထားသည်။လေယာဉ် ညာတောင်ပံ ကျိုးသွားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)ထိုမတော်တဆမှုကို မြန်မာ့လေကြောင်းက စစ်ဆေးနေပြီး ရာသီဥတုနှင့် စက်ချွတ်ယွင်းမှုကြောင့် မဟုတ်ဘဲ လေယာဉ်မှူး၏ အမှားကြောင့် ထိုဖြစ်ရပ်ဖြစ်ပွားသည်ဟု စစ်ဆေးတွေ့ရှိပါက ထိုလေယာဉ်မောင်းနှင်ခဲ့သူ လေယာဉ်မှူးကြီး တဦး အရေးယူခံရ နိုင်ဖွယ်ရှိသည်ဟု သိရှိရသည်။ မြန်မာ့လေကြောင်းသည် နှစ်ပေါင်း ၆၀ သက်တမ်းရင့် စစ်အစိုးရပိုင် လေကြောင်းလိုင်း ဖြစ်ပြီး ပြည်တွင်း ခရီးစဉ်များကို ATR 72 လေယာဉ် ၂ စီး၊ FOKKER 28 လေယာဉ် ၃ စီး၊ FOKKER 27 လေယာဉ် ၇ စီး၊ ATR 42 လေယာဉ် ၁ စီး ဖြင့် ပြေးဆွဲနေပြီး လေယာဉ်အများစုမှာ နှစ်ပေါင်းများစွာ ကြာမြင့်နေသော လေယာဉ်များ ဖြစ်သည်။
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
May
(981)
-
▼
May 16
(23)
- မွန်ဘုရင်မ ရှင်စောပု ဘ၀ အကြောင်း
- မဟာစန် မုန်တိုင်းနောက်ဆုံးသတင်း
- တက္ကသိုလ်နောက်ဆုံးနှစ် အောင်မြင်မည့်သူများ ထပ်တိုးပ...
- ဈေးသက်သာတဲ့ မဲ့ခြောက်နဲ့ တင်းတိပ် ပျောက်နည်း
- အင်္ဂလိပ်-မြန်မာစစ်မှ အမြောက် ပြည်သူ့ရင်ပြင်၌တွေ့
- ရန်ကုန် ဘတ်စ်ကားလိုင်း စနစ်များ ပြင်မည်
- လက်ရွေးစင်အဖြစ်မှ ဖာဒီနန် အနားယူပြီ
- ထိုင်းနယ်စပ်၌ ပစ်ချခဲ့သော အိတ်များမှ မူးယစ်ဆေးဝါးမ...
- နိုင်ငံတကာနည်းတူ ၁၂ တန်း ဖြစ်ဖို့ စီစဉ်နေ
- ပဒူတုပ်၍ တဦးသေ၊ နှစ်ဦးဒဏ်ရာရ
- ပျိုမေတို့ အတွက် ပျားရည်ရဲ့ အသုံးဝင်ပုံ
- ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်း ရုရ...
- ကချင်ပြည်နယ် တိုးတက်ရေး ပါတီ အသစ်ပြန်ဖွဲ့မည်
- ထမင်းရောင်းနေတဲ့ ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်
- ဘီယွန်းစ်တွင် ဒုတိယကလေး ကိုယ်ဝန်လွယ်ထားပြီဟု သတင်မ...
- ကာရေဂါနေရာအတွက် စပို့တင်းနောက်ခံလူကို လီဗာပူးလ် ချ...
- မိုး လေ ကြားမှာ နှစ်တစ်ရာကျော် ညောင်ပင်ကြီး လဲပြို...
- နီပေါတွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျမှု လူ ၅ ဦး ဒဏ်ရာ...
- ဒုက္ခသည်များကို ပြန်ပို့ရန် ထိုင်းအစိုးရ အစီအစဉ် မရ...
- ဆီးဂိမ်းအကြို ပျော်ကြ ရွှင်ကြမယ်
- မဟာစင်ဆိုင်ကလုန်း ဘင်္ဂလားဒေ့ရှ်ဝင်ရောက်၊ ၂ ဦး သေဆုံး
- လေယာဉ် ပြေးလမ်းချော်မှု လေယာဉ်မှူးများ သတိပေးခံရ
- အမေရိကန် သမ္မတ အိမ်ဖြူက ဘားမားအစား မြန်မာနိုင်ငံလို...
-
▼
May 16
(23)
-
▼
May
(981)