အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

10 May, 2013

ကမ္ဘာ့ဘဏ်အုပ်စုနှင့် မြန်မာနိုင်ငံ အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်သွားမည်

ကမ္ဘာ့ဘဏ်အုပ်စုနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရတို့ကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင် လုပ်ဆောင်သွားမည်ဟု ၂၀၁၃ ခုနှစ် မေ ၉ ရက် နေပြည်တော် သင်္ဂဟဟိုတယ်တွင် ပြုလုပ် ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် သိရသည်။

... မြန်မာနိုင်ငံ အစိုးရနှင့် ကမ္ဘာ့ဘဏ်အုပ်စု၏ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများအနက် တစ်ခုဖြစ်သည့် အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံအတွင်း ဆောင်ရွက်သွားမည့် ကမ္ဘာ့ဘဏ်၏ စီမံကိန်းများနှင့် စပ်လျဉ်းပြီး အရည်အသွေးနှင့် ရလဒ်ကောင်းများ ထွက်ပေါ်လာစေရန်နှင့် ကမ္ဘာ့ဘဏ်အုပ်စု၏ အဖွဲ့အစည်း တစ်ခုဖြစ်သည့် ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံများသို့ အတိုးမဲ့ချေးငွေများနှင့် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (International Development Association) ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ငွေကြေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ရလဒ်ကောင်းများ ထွက်ပေါ်စေရန် စီမံဆောင်ရွက်ခြင်းနှင့် ကမ္ဘာ့ဘဏ် စီမံကိန်းများ လုပ်ငန်းလည်ပတ်မှုဖြစ်စဉ် စသည်တို့ ပါဝင်သည်။
ကမ္ဘာ့ဘဏ်အုပ်စုအနေနဲ့ မြန်မာနိုင်ငံ အစိုးရရဲ့ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဖြစ်တဲ့ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရေး၊ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင်ရေးနဲ့...

သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ''ယခုကဲ့သို့ အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပနိုင်ခဲ့တဲ့အတွက် ၀မ်းမြောက်မိပါတယ်။ မြန်မာနိုင်ငံနဲ့ ကမ္ဘာ့ဘဏ်တို့ အုပ်စုကြား လုပ်ငန်းစဉ်များနဲ့ လုပ်ထုံးလုပ်နည်းတွေကို အပြန်အလှန် ပိုမိုသိရှိ နားလည်လာတာကြောင့် ကမ္ဘာ့ဘဏ် အုပ်စုရဲ့ စီမံကိန်းတွေကို ပိုမိုထိရောက်စွာ အကောက်အထည် ဖော်နိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံသားတွေအတွက် ပိုမိုအကျိုးရှိလာစေမှာ ဖြစ်ပါတယ်''ဟု ပြောသည်။

''ကမ္ဘာ့ဘဏ်အုပ်စုအနေနဲ့ မြန်မာနိုင်ငံ အစိုးရရဲ့ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဖြစ်တဲ့ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရေး၊ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး စတဲ့လုပ်ငန်းစဉ်တွေမှာ ကူညီဆောင်ရွက်သွားဖို့ ကတိက၀တ်ပြုထားပြီး ဖြစ်ပါတယ်။ ယနေ့ကျင်းပတဲ့ အလုပ်ရုံ ဆွေးနွေးပွဲဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘာ့ဘဏ် အုပ်စုတို့အကြား ပူးပေါင်းဆောင်ရွက်မူများကို ပိုမိုအားကောင်း ခိုင်မာလာအောင်တည် ဆောက်လာနိုင်မယ်လို့ ယုံကြည်ပါတယ်'' ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ မစ္စတာခန်သန်ရှင်ကာက ပြောသည်။

ကမ္ဘာတစ်ဝန်းတွင် ကမ္ဘာ့ဘဏ်အုပ်စု အနေနှင့် အဓိကရည်မှန်းချက် နှစ်ခုနှင့် စီမံကိန်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ရည်မှန်းချက် နှစ်ခုဖြစ်သော အလွန်အမင်း ဆင်းရဲနွမ်းပါးမှုကို ၂၀၃၀ ခုနှစ် မတိုင်ခင် အဆုံးသတ် တိုက်ဖျက်နိုင်ဖို့နှင့် ကမ္ဘာပေါ်မှဖွံ့ဖြိုးမှုနိမ့်ကျသော တိုင်းပြည်များ၏ ၄၀ ရာခိုင်နှုန်းဖြစ်သော လူဦးရေ၏ ၀င်ငွေတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့ဘဏ်အုပ်စု အနေဖြင့် မြန်မာနိုင်ငံနှင့် အပြည့်အ၀ ပြန်လည်ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းနိုင်စေဖို့ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများကို ပေးအပ်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...