အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

12 May, 2013

ယောက်ျားလေးနဲ့မိန်းကလေးခြားနားချက်

မိန်းကလေး တယောက်က
ယောက်ျားလေး တယောက်ကိုတကယ်ချစ်ရင်
သူ့ရဲ့ အနာဂတ်ကို မတွေးပဲ လက်ထပ်ဖို့ စဉ်းစားလိမ့်မယ်..

ယောက်ျားလေး တယောက်က
... မိန်းကလေး တယောက်ကို တကယ်ချစ်ရင်
သူမရဲ့ အတိတ်ကို ပြန်မကြည့်ပဲ လက်ထပ်ဖို့ ကြိုးစားလိမ့်မယ်..


ဒီလိုပဲ
အတိတ်မှာ ဒဏ်ရာတွေနဲ့ မိန်းကလေးက
သူမ တကယ် ချစ်တဲ့ ယောက်ျားလေးကို
ပတ်ဝန်းကျင်ရဲ့ မျက်လုံးတွေ အောက်မှာ မနစ်မွမ်းစေ ချင်လို့
မျက်ရည်တွေနဲ့ လက်ထပ်ဖို့ အကြိမ်ကြိမ် ငြင်းဆိုနေလိမ့်မယ်..

အနာဂတ်အတွက် ဘာ ရေရာမှု့မှ မရှိသေးတဲ့ ယောက်ျားလေးက
သူ တကယ်ချစ်တဲ့ မိန်းကလေးကို
ဆင်းရဲတွင်းထဲ ဆွဲမခေါ်ရက်လို့
ရင်နာနာနဲ့ လက်ထပ်ဖို့ထိ မ၀ံ့ရဲတတ်ကြဘူး..

တခါတခါ
လူတွေက..
တယောက်ကို တယောက်အရမ်းချစ်တာ သိသိရက်နဲ့
ကိုယ့်ရဲ့ အားနည်းချက်ကိုယ်စီကြောင့်
သိပ်ချစ်မိသွားလို့ဆိုတဲ့ ခေါင်းစဉ်တခုအောက်မှာ
ကျောခိုင်းဖို့ ကြိုးစားနေတတ်ကြတယ်လေ...


(လွမ်းဝေ)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...