အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

19 May, 2013

အချစ်ကြီးသူ ယုသန္တာတင်

ယုသန္တာတင်က ‘မီးတောင်ပြိုများ’ ဆိုတဲ့ဇာတ်ကားမှာ မြင့်မြတ်၊ ရွှေမှုံရတီတို့ နဲ့  ရိုက်ကူးနေပါတယ်။ မြင့်မြတ်ရဲ့ အလုပ်ရှင်သူဌေး အချစ်ကြီးတဲ့သူ တစ်ယောက်အဖြစ် သရုပ်ဆောင်ရတာလို့ ပြောပြ တဲ့ ယုသန္တာတင်က အခုတလော အချစ်ကြီးတဲ့ ဇာတ်ရုပ်မျိုးတွေ ရိုက်ဖြစ်နေတယ်လို့ ပြောပြ ပါတယ်။”တအားအစွန်းရောက်ပြီး အချစ်ကြီး တဲ့ကားမျိုးတွေပဲ ရိုက်ဖြစ်နေတယ်။ တိုက် ဆိုင်သွားတာလည်းပါတယ်။ အခုတလော လာပေးတာ ဒီလိုဇာတ်လေးတွေများတယ်။ ကိုယ့်အတွက်လည်းပိုအဆင်ပြေတယ်လို့ ပြော လို့ရတယ်။ယုကနဂိုကတည်းကလည်း အနေ တည်တယ်။ အကြော တင်းတဲ့ပုံစံမျိုးနဲ့ဆို ပိုလိုက်တယ်။ ဇာတ်ကားတွေ တစ်ကား ထက်တစ်ကား ပိုပြီးကြိုးစားပါတယ်။ ကားရိုက် များလာတော့ အရင်ထက်စာရင် ပိုပြီးအရှိန်နည်းနည်းရလာတယ်။ အဆင် ပြေလာတယ်။ ဇာတ်ကားတွေလည်း ဆက်တိုက်ထွက် လာမှာပါ” လို့ ပြောပြပါတယ်။ ဇာတ်ကား တွေ၊ေ ကြာ်ငြာ တွေ ဆက်တိုက် ရိုက်ကူးသွားမယ့် ယုသန္တာတင်က အနုပညာ လှုပ်ရှား မှုပုံရိပ်တွေကို ဖေ့စ် ဘုတ်ကနေ အမြဲတင်ဖြစ် နေတာကိုလည်း “အနု ပညာလှုပ်ရှားမှုတွေကို ပရိသတ် တွေ သိစေချင်လို့ အမြဲ Update လုပ်ဖြစ်တယ်။ပရိသတ်တွေနဲ့ လည်း ပိုပြီးထိတွေ့မှုရှိတယ်။ သူတို့ရဲ့ ရေးေ ပးတဲ့ ကွန်မန့်တိုင်း၊ ဝေဖန်ထားတဲ့ အကြောင်းအရာတိုင်း ပြန်ပြီး မပြောဖြစ်ပေမယ့် အကုန်ဖတ် ဖြစ်တယ်။လိုအပ်တာရှိရင်လည်း ပြင် တယ်” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
By Popular Myanmar

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...