အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

11 May, 2013

ကျောင်းဖွင့်ချိန် နီးပေမယ့် ကျောင်းစိမ်းဝတ်စုံတွေ အရောင်းအ၀ယ်အေး စာရေးကိရိယာ ရောင်းအားတက်လာ

ကျောင်းဖွင့်ရာသီ နီးကပ်လာပေမယ့် ကျောင်းစိမ်းပုဆိုး၊အင်္ကျီရောင်းချရမှုမှာ မနှစ်ကထက်အရောင်းအဝယ်အေးလျက်ရှိတယ်လို့ဈေးချိုအထည်ဆိုင်များမှသိရှိရပါတယ်။
...
''မနှစ်ကထက်စာရင် နည်းနည်းအေးတယ်၊နယ်ဘက်ကဝယ်လက်ပဲများတယ်၊ မူလတန်း အရွယ်ဝတ်ကလေးတွေအရောင်းတွင်တယ်၊ တက်ထရွန်၊ စိန်မိုက်ကယ်အမျိုးအစားထဲကအင်္ကျီနဲ့ တွဲလျက်ချုပ်ထားတဲ့ ဂါဝန်လေးတွေ စကတ်လေးတွေ ရောင်းရပါတယ်၊ ဈေးနှုန်းက ၁၅၀၀နဲ့၂၀၀၀ ဝန်းကျင်လောက်ပဲ၊ သရီးရိုင်းဖယ်အမျိုးအစားထဲကတော့ ၀ယ်သူနည်းတယ်၊ အဲဒါက တစ်ကိုက်ကို ၂၀၀၀ နှုန်းနဲ့ မူလတန်းအရွယ်ဝတ် အင်္ကျီဂါဝန်၊ စကတ်တွဲလျက် အသင့်ချုပ်ပြီးသား ဆို ၃၀၀၀ဝန်းကျင်လောက်ရှိတယ်''လို့ အထည်ရောင်းသူတစ်ဦးက ပြောပါတယ်။

'ကျွန်မတို့ ဆိုင်က မူလတန်းအရွယ်ဝတ်ကျောင်းစိမ်းပုဆိုးအင်္ကျီတို့မတင်ဘူး ကျားဝတ် မဝတ် ကျောင်းစိမ်းလုံခြည်ထဲကတော့ စိန်မိုက်ကယ်၊ မိုက်ခရို၊ စိန်ပြောင်အဝယ်လိုက်တယ်၊ ဈေးနှုန်းက ၁၀၀၀ နဲ့ ၁၅၀၀ ကြားမှာရှိတယ်၊ အင်္ကျီထဲကတော့ တစ်ကိုက် ၈၀၀ လောက်ရှိတဲ့အရိပ်ဖြူအမျိုးအစားကို ၀ယ်ကြတာများတယ်''လို့ နောက်ထပ်အထည်ရောင်းသူတစ်ဦးက ပြောပါတယ်။

ပျံကျဈေးရောင်းသူတစ်ဦးကတော့ “

ဒီနှစ်ဒီဇိုင်းအသစ်နဲ့ဝင်လာတဲ့ကိုရီးယားစကတ်လေး တွေ ရောင်းနေရတယ်၊ အဲဒါက မူလတန်းကလေးတွေ အတွက်လေ၊ တစ်ထည်ကို ကျပ်တစ်ထောင်နဲ့ ရောင်းပါတယ်'' လို့ ပြောပါတယ်။

ကျောင်းသုံးပစ္စည်းဖြစ်တဲ့လွယ်အိတ်နဲ့ကျောပိုးအိတ်ရောင်းသူတစ်ဦးကတော့''ကျောင်းဖွင့်ချိန်ရောက်ရင် ပစ္စည်းမပြတ်အောင် တင်ထားတာပါ၊ သိပ်တော့မရောင်းရသေးဘူး၊ဒီဇိုင်းကတော့ အသစ်တွေချည်းပဲ၊ မနှစ်ကနဲ့ဒီနှစ် မတူဘူးလေ၊ ဈေးနှုန်းကတော့ ၁၀၀၀ နဲ့၁၅၀၀ ကြားမှာရှိတယ် အဲဒီထက် ဈေးများတာလည်းရှိတယ်''လို့ပြောပါတယ်။

စာအုပ်ခဲတံ၊ ပေတံ၊ စာရေးကိရိယာအရောင်းဆိုင်တွေကမတ်နဲ့ ဧပြီလမှ အရောင်းအေး ပေမယ့် ခုရက်ပိုင်း ရောင်းအားတက်လာတယ်လို့ သိရပါတယ်။Eleven နဲ့ Top Choice ဗလာစာအုပ်တွေ ရောင်းရပါတယ်၊ တစ်ဒါဇင်ကို ၂၀၀၀ ဝန်းကျင်လောက်ရှိတယ်၊အဲဒါအပြင် တစ်ဒါဇင် ၁၆၀၀ နဲ့ ၁၇၀၀ ကြားမှာရှိတဲ့ ဗလာစာအုပ်တွေလည်း ရောင်းရပါတယ်လို့လမ်း ၃၀ မှာ ရှိတဲ့ ပန်းနုစာရေးကိရိယာအရောင်းဆိုင်မှ ပြောပါတယ်။

ကျော်စိုးလင်း

မြန်မာဓိက

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...