အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

20 May, 2013

မြန်မာ-တရုတ်နယ်စပ် မူဆယ်ဂိတ်၌ တရုတ်နိုင်ငံမှ ကြက်နှင့် ကြက်ထွက်ပစ္စည်းများ တင်သွင်းမှု ရှိနေသည့်အတွက် သက်ဆိုင်ရာက ဖျက်ဆီးနေရ

တရုတ်နိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါ မျိုးစိတ်သစ် H7N9 ဖြစ်ပွားနေသည့်အတွက် မြန်မာနိုင်ငံသို့ ကူးစက်မလာရန် မြန်မာ-တရုတ်နယ်စပ် မူဆယ်ဂိတ်၌ တရုတ်နိုင်ငံမှ ကြက်နှင့် အခြားကြက်ထွက် ပစ္စည်းများ တရားဝင်တင်သွင်းမှုကို ရောဂါစဖြစ်စဉ် ကတည်းက ပိတ်ထားသော်လည်း လက်ရှိနယ်စပ် ဒေသများမှ တင်သွင်းမှုများ ရှိနေသည့်အတွက် သက်ဆိုင်ရာမှ ဖျက်ဆီးမှုများ ပြုလုပ်နေရကြောင်း မွေးမြူရေး ဦးစီးဌာနမှ သိရသည်။

လက်ရှိ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်ဂိတ် အပါအ၀င် နယ်စပ်ဂိတ်များမှ ကြက်နှင့်အခြား ကြက်ထွက်ပစ္စည်း တင်သွင်းမှုကို မွေးမြူရေး ဦးစီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာ နယ်စပ်ဂိတ်များ ပူးပေါင်း၍ တင်းကျပ်စွာ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ယင်းကဲ့သို့ စစ်ဆေးခြင်းကို တရုတ်နိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေစဉ် ကတည်းက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

ဧပြီလအတွင်းက နယ်စပ်ဒေသများမှ တင်သွင်းလာသည့် ကြက်ကောင်ရေ ၄၄၅ ကောင်နှင့် ကြက်ဥ ၉၇၂၀ လုံးကို မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးရုံး၌ပင် ဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းမှ ကြက်နှင့် အခြားကြက်ထွက် ပစ္စည်းများကို ကျန်းမာရေး ကင်းစင်ကြောင်း လက်မှတ်ဖြင့် ကူးသန်းရောင်းဝယ်ခွင့် ပြုထားကြောင်းနှင့် လက်ရှိ အချိန်အထိ ပြည်တွင်း၌ ကူးစက်ပျံ့နှံ့မှု မရှိသေးကြောင်း မွေးမြူရေး ဦးစီးဌာနမှ သိရသည်။

ထို့ပြင် ဗီယက်နမ် အစိုးရကလည်း တရုတ်မှ ကြက်၊ ဘဲ တင်သွင်းကုန် အားလုံးကို တားမြစ်ချက် ထုတ်ပြန်ခဲ့ပြီး နှစ်နိုင်ငံ ထိစပ်နေသော နယ်စပ်များကိုလည်း ပိုမိုတင်းကျပ် ထားကြောင်း ဧပြီ ၂ ရက်က စိုက်ပျိုးရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

လက်ရှိတရုတ်နိုင်ငံတွင် H7N9 ကူးစက်ခံရသူ ၁၃၅ ဦးနှင့် သေဆုံးသူဦးရေ ၃၅ ဦးအထိ ရှိနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြချက်အရလည်း သိရှိရသည်။

Eleven Media Group

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...