မြန်မာနိုင်ငံသို့
ချစ်ကြည်ရေး အလည်အပတ်ခရီး ရောက်ရှိနေသော ဂျပန်နိုင်ငံ ၀န်ကြီးချုပ်
ရှင်ဇိုအာဘေးသည် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်ရှိ
အာဇာနည်ဗိမာန်သို့ မေ ၂၅ ရက် နံနက် ၈ နာရီ မိနစ် ၄၀ က သွားရောက်ဂါရဝ
ပြုခဲ့သည်။
အဆိုပါ အာဇာနည်ဗိမာန်သို့ ဂါရ၀ပြုမှုတွင် ဂျပန်ဝန်ကြီးချုပ်
ရှင်ဇိုအာဘေးနှင့်အတူ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးသန့်ကျော်၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၊ မြန်မာနိုင်ငံဆိုင်ရာ
ဂျပန်သံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အာဇာနည်ဗိမာန်ကို ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျဆုံးခဲ့ရသော
ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘ၀င်း၊ မန်းဘခိုင်၊
ဦးရာဇတ်၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ အတွင်းဝန်
ဦးအုန်းမောင်နှင့် ကိုယ်ရံတော် ကိုထွေးတို့ စုစုပေါင်း
အာဇာနည်ကိုးဦးတို့၏ ရုပ်ကလာပ်များအား မြှုပ်နှံ၍ ဂုဏ်ပြုတည်ဆောက်ထားခြင်း
ဖြစ်သည်။
အဆိုပါ အာဇာနည်ကိုးဦးတွင် မိုင်းပွန်စော်ဘွားကြီး
စ၀်စံထွန်း၊ ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့မှာ ၎င်းတို့၏
အဆောင်အယောင်များကိုသာ မြှုပ်နှံထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန်ရန်နှင့်
နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်အတွက်
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မေ ၂၄ ရက် ညပိုင်းက ရောက်ရှိလာခဲ့သည်။
ထို့အတူ ဂျပန်စီးပွားရေး လုပ်ငန်းရှင် အများအပြားလည်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်အတူ လိုက်ပါလာခဲ့သည်။
သုံးရက်ကြာမြင့်မည့် ဂျပန်ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံသို့
လာရောက်လည်ပတ်မှုသည် နှစ်ပေါင်း ၃၆ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ၁၉၇၇
ခုနှစ်တွင် ဂျပန်ဝန်ကြီးချုပ် တာကီယိုဖုကုဒသည် မြန်မာနိုင်ငံသို့
လာရောက်ခဲ့ဖူးသည်။
EMG
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်ဇနီး၊ ကိုယ်စားလှယ်အဖွဲ့အား အာဇာနည်ဗိမာန်၌ မေ ၂၅ ရက်က တွေ့ရစဉ်
26 May, 2013
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အာဇာနည်ဗိမာန်သို့ သွားရောက်ဂါရ၀ပြု
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
May
(981)
-
▼
May 26
(17)
- ကလေးမြို့တွင် ပထမဆုံး ဖျော်ဖြေခဲ့တဲ့ Lဆိုင်းဇီ
- တေးသံရှင် ကျားပေါက် (ဟန်ထူးလွင်) နှင့် တွေ့ဆုံခြင်း
- ပြင်သစ် စစ်သား ကို နောက်ကျောမှ လည်လှီး မှု ဖြစ်ပွါး
- ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အာဇာနည်ဗိမာန်သို့ သ...
- မန္တလေး စိန်ဈေးကွက်၌ ဘယ်လ်ဂျီယံစိန်ထက် အိန္ဒိယစိန်ြ...
- Esquare ဖိနပ်စက်ရုံ၌ ဆန္ဒထုတ်ဖော်သော အလုပ်သမား ၂၀၀ ...
- မြ၀တီ ရေပူ၊ကရင်စုရပ်ကွက်မိသားစု၂၈စု နေထိုင်သော မြေ...
- တရုတ်စီးပွားရေး လုပ်ငန်းများ ၀င်ရောက်နေရာ ယူလာခြင်...
- ဆွေးနွေးပွဲအကြို မြစ်ကြီးနား လုံခြုံရေး
- အိန္ဒိယ အပူလှိုင်း ရာချီသေဆုံး
- ဆီးရီးယားမှာ တိုက်နေကြောင်း Hezbollah ဝန်ခံ
- ဂျပန်ဝန်ကြီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
- ဈေးကွက်ဝင် ကချေသည်များ
- စာသင်ခန်းရှေ့ထွက်လာပြီး တောင်းပန်ကာ ကိုယ့်ကိုယ်ကို...
- မုဒိမ်းအကျင့်ခံရသည့်မိန်းကလေး ကျောင်းအိမ်သာထဲတွင် ...
- ဘ၀မှာ အချိန်တစ်နာ၇ီလောက်ပိုအိပ်ရင် ဘာတွေပြောင်းလဲန...
- ရန်ကုန် ယာဉ်ထိန်းရဲ Nissa Fair Lady ပြိုင်ကား သုံးပြီ
-
▼
May 26
(17)
-
▼
May
(981)