ဧရာဝတီတိုင်း ဒေသကြီး ၊ ဟင်္သာတခရိုင် ၊ မြန်အောင်မြို့နယ် ၊
ညောင်မြစ်ဆွဲကျေးရွာအုပ်စု ၊ သပြေလှကျေးရွာရှိ လက်လုပ် လက်စား တောင်သူ
လယ်သမားများ ၊ အစိုရ ၀န်ထမ်း အငြိမ်းစားများ အများစု နေထိုင်သည့် ရွာကလေး
ဖြစ်ပါတယ် ၊ သို့သော် ပိုင်ရာ ဆိုင်ရာများနှင့် လူအသိုင်းအ၀ိုင်း၏
နင်းခြေခြင်းကိုလည်း အများဆုံး ခံခဲ့ပါတယ် ၊ ကျွန်တော်တို့ ရွာ မီးလင်းရေး
အတွက် သက်ဆိုင်ရာ လူကြီးများနှင့် တိုင်ပင်ပြီး ရွာမီးလင်းရေး
လုပ်ဆောင်ခဲ့ကြပါတယ် ၊ ညောင်မြစ်ဆွဲ ကျေးရွာအုပ်စု မီးလင်းရေး
ကော်မတီ ဥက္ကဌ ဦးမြင့်သန်း (ပြည့်ဖြိုး ဆန်စက် ) ၊ အဖွဲ့ဝင် ကိုဝင်းစိန် (
ဆီစက် ) ၊ အဖွဲ့ဝင်
ဦးမင်းစိုး ( သပြေတန်း ဆန်စက် ) ၊
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်သိန်း ၊ တို့နှင့် အကြိမ်ကြိမ်
အစည်းအဝေး လုပ်ခဲ့ ပါသည်။
ထို့နောက် ညောင်မြစ်ဆွဲကျေးရွာအုပ်စုအတွက်
ထရမ်စဖော်မာ များ ကျလာခဲ့ရာ ညောင်မြစ်ဆွဲအုပ်စုတွင် ကျေးရွာ (၁၁)ရွာ
ရှိသော်လည်း (၁၀) ရွာသာ မီးလင်းခဲ့ပြီး သပြေလှရွာတွင် မီးလင်းခဲ့ခြင်း
မရှိပါ။သို့ဖြစ်၍ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီး ၊ စွမ်းအင်ဝန်ကြီး ထံ
တိုင်စာပေးပို့ တိုင်တန်းခဲ့ပါသည်။ထိုသို့ တိုင်ကြားပြီးနောက်
ညောင်မြစ်ဆွဲရကအ ရုံးတွင် (၃-၁၂-၂၀၁၂) ရက်နေ့တွင် ပြုလုပ်သည့်
အစည်းအဝေးတွင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သိန်း ၊ ဗိုလ်ကြီးသာလင်း တို့မှ
အစည်းအဝေး နောက်ကျ၍ မီးမပေးဘူး ၊ မီးလင်းရေး ကော်မတီ ဥက္ကဌ ဦးမြင့်သန်းမှ
ကျွန်တော်တို့ တောသူတောင်သား လယ်သမားများအား `` ခင်ဗျားတို့က တိုင်လား
တောလား `` နဲ့ ဘာတွေလဲ ၊ ညောင်မြစ်ဆွဲအုပ်စု မီးလင်းဖို့မှာ သပြေလှရွာ
မပါဘူး အဲဒါသိလား ၊ ဆူပူကြိမ်းမောင်းခဲ့ပါတယ်။
ကျွန်တော်တို့ ရွာမှ နောက်တစ်ကြိမ် ရွာမီးလင်းရေး အတွက် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီး ၊ စွမ်းအင်ဝန်ကြီး ဦးသန်းဌေး တို့အား ထပ်မံတိုင်ကြား ခဲ့ရာတွင် စွမ်းအင်ဝန်ကြီး ဦးသန်းဌေးမှ ညောင်မြစ်ဆွဲကျေးရွာ အုပ်စု တစ်ခုလုံးမီးလင်းအောင် ဆောင်ရွက်ပြီး ကြောင်း အောက်ခြေမှ တင်ပြပြီး ဖြစ်ကြောင်း ၊ အမှန်တကယ်တော့ သပြေလှရွာ ဆိုတာ ညောင်မြစ်ဆွဲအုပ်စုထဲ မှာပါ ၊ ၀န်ကြီးမှ သပြေလှရွာ မီးမလင်းကြောင်း သိသော အခါ အောက်ခြေမှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်သိန်း ၊ မီးလင်းရေးကော်မတီ ဥက္ကဌ ဦးမြင့်သန်း ၊ အဖွဲ့ဝင် ဦးဝင်းစိန် ၊ အဖွဲ့ဝင် ဦးမင်းစိုး တို့မှ သပြေလှရွာ ဆိုတာ ညောင်မြစ်ဆွဲအုပ်စုအတွင်းရှိ ကျေးရွာမဟုတ်ကြောင်း ၊ ရှားတောကျေးရွာအုပ်စုမှ ကျေးရွာ ဖြစ်ကြောင်း ပြန်လည်တင်ပြခဲ့ခြင်းသာ ဖြစ်ပါသည်။မကြာမီ မှာပဲ ညောင်မြစ်ဆွဲကျေးရွာ မီးလင်းရေး ကော်မတီ ဥက္ကဌ ဦးမြင့်သန်း မှ သပြေလှရွာ မီးလင်းရေး အတွက် ယခင် (၁၉) သိန်းခန့် ကုန်ကျမည်ဟု ပြောသော်လည်း ယခု အခါ စာထွက်လာသော အခါ ( ကျပ်သန်းပေါင်း ၁၉.၈ ) သန်း ကုန်ကျမည်ဖြစ်ကြောင်း ၊ အဲသည့်ငွေက မီးလင်းရေးအတွက် တိုင်း OIC ထံ (၅) သိန်း ၊ ခရိုင် ၊ မြို့နယ် ( EPC ) တို့ကိုလည်း ပေးရန် ကျန်သေးတယ် ဟုပြောပါသည်။ကျွန်တော်တို့က တောသူတောင်သား လက်လုပ်လက်စား လယ်သမား အစိုးရ ၀န်ထမ်း အငြိမ်းစာတွေ ပါ ဒီလောက်တော့ ဘယ်တတ်နိုင်ပါ့မလဲ သူတို့တွေရဲ့ အမျိုးမျိုး ပညာပြ လိမ်လည်နေခြင်းကို ခံနေရပါတယ်။သို့ပါ၍ သမ္မတ ကြီး ၊ တိုင်းဒေသကြီး ၀န်ကြီး ၊ စွမ်းအင်ဝန်ကြီး ၊ သက်ဆိုင်ရာ လူကြီးများနှင့် တကွ အစိုးရ ၀န်ကြီးများအားလုံးအား ကျွန်တော်တို့ တောသူ တောင်သား လယ်သမားများအပေါ် အနိုင့်အထက် ပြုမှုခြင်းအား သိရှိနိုင်ပါရန်နှင့် တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးနိုင်ပါရန် တိုင်ကြားအပ်ပါသည်။
သပြေလှရွာ ရွာသူရွာသားများ