နေပြည်တော် ဥပ္ပါတသန္တိစေတီတော်သို့..
နေပြည်တော် မြို့တော်သစ်ကြီးနဲ့
ပတ်သက်ပြီး ရေးမဲ့အကြောင်းအရာ၊ ဖော်ပြမဲ့ ဓာတ်ပုံများ အားလုံးဟာ ပြည်ပကိုရောက်ရှိနေကြလို့ မရောက်ကြသေးတဲ့ မိတ်ဆွေ
မောင်နှမများ၊ ပြည်တွင်းကနေပြီး အလှမ်းဝေးနေသေးလို့ မရောက်ရသေးသူများ
အားလုံးအတွက် ရည်ရွယ်ပြီး မြို့သစ်ကြီးရဲ့ အနေအထားကို တွေ့နိုင်၊
သိရှိနိုင်ဖို့ ဒေသန္တရ ဗဟုသုတ သက်သက် အနေနဲ့ ဖော်ပြ ရေးသားခြင်းဖြစ်ပြီး
အခြား ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိကြောင်းကိုတော့ ပဏာမအနေနဲ့ စကားဦး
ခံထားပါရစေ။
လုံးတော်ပြည့် ဖူးတွေ့ရသော စေတီတော်ကြီး
ဒီပိုစ့်မှာတော့
ရွှေတိဂုံဘုရားနဲ့ ပုံစံတူတည်ထားတဲ့ ဥပ္ပါတသန္တိ စေတီတော်ကြီးရဲ့
ရှုထောင့်ပေါင်းစုံက ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံများကိုသာ သီးသန့်
ဖော်ပြပေးမှာဖြစ်ပြီး နောက်ပိုစ့်တွေမှာ မြို့တော်တစ်ခွင်၊ နေပြည်တော်
ရေပန်းဥယျာဉ်နဲ့ နေပြည်တော်ရဲ့ ဆာဖာရီ ဥယျာဉ်သစ်ကြီးများ
အကြောင်းတို့ကိုလည်း ထပ်မံဖော်ပြပေးပါဦးမယ်။
စေတီတော်ကြီးသို့ ၀င်ရောက်ရာ လမ်းမပေါ်မှ ဖူးတွေ့ရပုံ
နီးလာတဲ့မြင်ကွင်း
တံခွန်တိုင်၊ ဓာတ်လှေကား၊ မြေထိန်းနံရံများ

ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ဟူ၍ ဘွဲ့မည်ရ....
စေတီတော်ဆီသို့
အောက်တွင် ဆက်လက်ကြည့်ရှုပါရန်
စေတီပေါ်သို့ တက်ရောက်ရန် ဓာတ်လှေကား
ကားပါကင်နဲ့ ဈေးဆိုင်များ
ဓာတ်လှေကားဆီမှ စေတီတော်သို့ လာရာလမ်း
ကျယ်ဝန်းတဲ့ ရင်ပြင်တော်နဲ့ တံခွန်တိုင်
ရင်ပြင်တော်ပေါ်မှ
ရင်ပြင်ပေါ်က လှမ်းကြည့်ရင်
ရင်ပြင်ပေါ်က လှမ်းမြင်ရတဲ့ ရှုခင်းနဲ့ ဓမ္မာရုံ
စေတီတော်ကြီးအတွင်း
စေတီတော်ကြီးအတွင်း မြင်ကွင်း
ကျောက်စိမ်းဆင်းတုတော်
အပေါ်ဆုံးက အစိမ်းကွက်တွေမြင်ရတဲ့ တိုင်လုံးကြီးတွေဟာလည်း ကျောက်စိမ်းပြားများ ကပ်လှူထားတာ ဖြစ်ပါတယ်
ကျောက်စိမ်းဆင်းတုတော်အား အနီးကပ် ဖူးတွေ့ရပုံ (မျက်နှာတော်မှာ ကျောက်စိမ်းအရည်ကြောင့် အစိမ်းရောင် ဖြစ်နေပါတယ်)
ကျောက်စိမ်းပြားစီ၊ ရွှေရေးချ တိုင်ကြီး
တိုင်လုံးတော်များ
စေတီအတွင်း မျက်နှာကျက်တော်မှ ပါဠိ၊ မြန်မာ၊ အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးထားသော တရားတော်များ
ကျယ်ဝန်းတဲ့ စေတီတွင်းမြင်ကွင်း
ဝတ်ရွတ်စဉ်ဖြင့် ရွတ်ဖတ် ပူဇော်နေကြသူများ
စေတီနံရံမှာ မြတ်စွာဘုရား၏ ဇာတ်နိပါတ်တော်များကို စကျင်ကျောက်များဖြင့် ထွင်းထုကာ ရွှေရေးချ ဘောင်များဖြင့် ပူဇော်ထားပါတယ်။
၎င်း ဗုဒ္ဓ၀င် စကျင်ကျေက် ပန်းပုကားချပ်များမှာ စေတီနံရံပတ်ပတ်လည် တလျှောက်လုံး ကပ်လှူပူဇော်ထားတာကို တွေ့ခဲ့ရပါတယ်။
မီးဆလိုက်များထွန်းကာ အလင်းပေးထားတဲ့ ပန်းပုကားချပ်များ
အောက်မှာတော့ ကျွန်မ ဓာတ်ပုံရိုက်ခဲ့မိတဲ့ အချို့သော စကျင်ကျောက်ထွင်း ဗုဒ္ဓ၀င်ကားချပ်များကို ဖော်ပြပေးပါမယ်။
စေတီတော်ကြီးနဲ့ တံခွန်တိုင်ကြီးကို ညချမ်းအချိန် ခပ်လှမ်းလှမ်းမှ ဖူးတွေ့ရပုံ
ကားမောင်းနေချိန် ရိုက်မိလို့ နည်းနည်း ၀ါးသွားတယ်။
စေတီနဲ့ တံခွန်တိုင်
ထိပ်ဖျားတွင် အလောင်းတော် ရွှေဟသာင်္မင်းရုပ်တု၊ အောက်ခြေတွင် စတုလောကပါလ နတ်မင်းကြီး လေးပါး ပါသော တံခွန်တိုင်
နတ်မင်းကြီးလေးပါး ရုပ်တုပါ တံခွန်တိုင်ကြီးနဲ့ အင်္ဂလိပ်လို ရေးထိုးထားတဲ့ ကဗ္ဗည်းစာ
မြန်မာဘာသာဖြင့် ရေးထိုးထားတဲ့ ကဗ္ဗည်းစာ
“ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ရာဇဓာနီ မင်းနေပြည်တော်” ဟု မော်ကွန်းမှတ်တမ်း ရေးထိုးထားသော တံခွန်တိုင်
မှတ်ချက်။ ။ ဒေသန္တရ ဗဟုသုတအတွက် မျှဝေခြင်း ဖြစ်ပါကြောင်း ထပ်လောင်း ပြောကြား ပါရစေ။
အားလုံးဘဲ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းကြပါစေ...
