ထိုင်းနိုင်ငံ လူမှုရေးပညာရှင်နှင့် မြန်မာပညာရှင်များ ပါဝင်သော တနင်္သာရီ
တိုင်း ထားဝယ်ဒေ ရေရှည် တည်တံ့ဖွံ့ဖြိုးမှု ဆိုင်ရာ ပြည်သူ့ ဆွေးနွေးပွဲ Pubic Forum on Sustainable Development ကို ယနေ့ (၈) နာရီမှ (၁၂) နာရီ အထိ ကျင်းပခဲ့သည်ဟု တက်ရောက်သူ တစ်ဦးက ဆိုပါသည်။“ နေရာကတော့ ထားဝယ်မြို့ရဲ့ ကမ်းနားလမ်းက ဆိပ်ကမ်းသာ မင်္ဂလာ
ခန်းမမှာ ကျင်ပခဲ့ပါတယ်။ လူ (၁၅၀) ကျော် တက်ရောက်ပါတယ်။ အနည်းဆုံး လူထုလူတန်းစား အဖွဲ့ (၈) ဖွဲ့ လောက် တက်ကြပါတယ်။ အဓိကကတော့ ဒေသဖွံ့ဖြိုးအမှန် ဖြစ်ဖို့ပါဘဲ။ ပြီးခဲ့တဲ့ အပိုင်းတွေ
မှာတော့ နိုင်ထက်စီးနင်းမှုတွေများပါတယ်။ အဲဒီလိုမျိုး မဖြစ်အောင်လို့ပါ။ တကယ့် ဖွံ့ဖြိုးရေးကို လိုချင်ပါတယ်”ဟု ဆိုပါသည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ တနင်္သာရီတိုင်း ထားဝယ်ဒေသတွင် ဒေါ်လာ (၁၃)ဘီလီယံတန်သည့် ရေနက်ဆိပ်ကမ်း တစ်ခုတည်ဆောက်နေပါသည်။
ဤစီမံကိန်းကြောင့် မြေသိမ်းမှု၊ ကျေးရွာဖျက်သိမ်းခံရမှု ၊ပြန်လည်နေရာ
ချထားခြင်းမရရှိမှု ၊သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနှင့် ဘ၀ရပ်တည်ရေး အတွက်စီးပွားရေး လုပ်ငန်းများ ပျက်စီးမှုကြောင့် လူ့အခွင့်အရေး ချိုးဖေါက်ခြင်း ခံနေရပါသည်။
ဤသည် ထိုင်းနှင့်မြန်မာ အစိုးရကြား ကြီးမားသော စီးမံကိန်းတစ်ခု ဖြစ်
ပါသည်။ဤစီမံကိန်းကြောင့် လူ့အခွင့်အရေး ချိုးဖေါက် ခံရမှုများ ရှိပါက အာဆီယံ အဖွဲ့ဝင် နိုင်ငံ၏ လူ့အခွင့်အရေး ကော်မီရှင်သို့ တိုင်ကြားခွင့် ရှိပါသည်။ ဤသို့တရားဝင် တိုင်ကြားနိုင်ရေးကို ရည်ရွယ်ပြီး အကြမ်းဖက်
မှုနည်းကို မသုံးဘဲ စုစည်းညီညွတ်မှုကို အခြေခံပြီး ပူးပေါင်း ဆောင်
ရွက်ခြင်း အားဖြင့် ဖြေရှင်းသွားကြရန် ထိုင်းလူမှုရေး ကော်မီတီများက လိုလားဖွယ် ရှိပါသည်။
ဤသို့ကြောင့် တနင်္သာရီတိုင်း ထားဝယ်မြို့သို့ ရောက်ရှိလာပြီး ဒေသခံ
များနှင့် ညှိနှိုင်းတိုင်ပင်ခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ တစ်ဦးကဆိုပါသည်။ ဤဆွေးနွေးပွဲမျိုး နောက်နောင် ကျင်းပသွားရန် စီစဉ်ဦးမည်ဟု ဆိုပါသည်။
Pubic Forum on Sustainable Development ဆွေးနွေးပွဲကိုထိုင်း လူမှုရေး ပညာရှင် ဆရာကြီး ဆူလတ်ဆီဝါရတ် နှင့် ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒေါက်တာ နီရင်ပီတက်ဝချရာ တို့က ဦးဆောင် ကျင်းပခဲ့ပါသည်။ ထို့အပြင် (Burma Partnership) အဖွဲ့မှ ဒေါ်ခင်ဥမ္မာနှင့် ထားဝယ်ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ တည်ထောင်သူ အဖွဲ့ဝင် ဦးဇော်ဦးလည်း တက်ရောက် ဆွေးနွေးခဲ့ပါသည်။
ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ပြည်သူ့ဆွေးနွေးပွဲ ကို KDC,OHC, ထားဝယ် လယ်သမား အဖွဲ့အစည်း, TKPST, မာဃလူမှုရေး, NLD, NGO, အစိုးရ အဖွဲ့ လူမှု့ အဖွဲ့အစည်းများနှင့် စိတ်ဝင်စား ကြသည့် ထားဝယ်ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ပါသည်။
ရွှေဟင်္သာသတင်းဌာန
တိုင်း ထားဝယ်ဒေ ရေရှည် တည်တံ့ဖွံ့ဖြိုးမှု ဆိုင်ရာ ပြည်သူ့ ဆွေးနွေးပွဲ Pubic Forum on Sustainable Development ကို ယနေ့ (၈) နာရီမှ (၁၂) နာရီ အထိ ကျင်းပခဲ့သည်ဟု တက်ရောက်သူ တစ်ဦးက ဆိုပါသည်။“ နေရာကတော့ ထားဝယ်မြို့ရဲ့ ကမ်းနားလမ်းက ဆိပ်ကမ်းသာ မင်္ဂလာ
ခန်းမမှာ ကျင်ပခဲ့ပါတယ်။ လူ (၁၅၀) ကျော် တက်ရောက်ပါတယ်။ အနည်းဆုံး လူထုလူတန်းစား အဖွဲ့ (၈) ဖွဲ့ လောက် တက်ကြပါတယ်။ အဓိကကတော့ ဒေသဖွံ့ဖြိုးအမှန် ဖြစ်ဖို့ပါဘဲ။ ပြီးခဲ့တဲ့ အပိုင်းတွေ
မှာတော့ နိုင်ထက်စီးနင်းမှုတွေများပ
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ တနင်္သာရီတိုင်း ထားဝယ်ဒေသတွင် ဒေါ်လာ (၁၃)ဘီလီယံတန်သည့် ရေနက်ဆိပ်ကမ်း တစ်ခုတည်ဆောက်နေပါသည်။
ဤစီမံကိန်းကြောင့် မြေသိမ်းမှု၊ ကျေးရွာဖျက်သိမ်းခံရမှု ၊ပြန်လည်နေရာ
ချထားခြင်းမရရှိမှု ၊သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနှင့် ဘ၀ရပ်တည်ရေး အတွက်စီးပွားရေး လုပ်ငန်းများ ပျက်စီးမှုကြောင့် လူ့အခွင့်အရေး ချိုးဖေါက်ခြင်း ခံနေရပါသည်။
ဤသည် ထိုင်းနှင့်မြန်မာ အစိုးရကြား ကြီးမားသော စီးမံကိန်းတစ်ခု ဖြစ်
ပါသည်။ဤစီမံကိန်းကြောင့် လူ့အခွင့်အရေး ချိုးဖေါက် ခံရမှုများ ရှိပါက အာဆီယံ အဖွဲ့ဝင် နိုင်ငံ၏ လူ့အခွင့်အရေး ကော်မီရှင်သို့ တိုင်ကြားခွင့် ရှိပါသည်။ ဤသို့တရားဝင် တိုင်ကြားနိုင်ရေးကို ရည်ရွယ်ပြီး အကြမ်းဖက်
မှုနည်းကို မသုံးဘဲ စုစည်းညီညွတ်မှုကို အခြေခံပြီး ပူးပေါင်း ဆောင်
ရွက်ခြင်း အားဖြင့် ဖြေရှင်းသွားကြရန် ထိုင်းလူမှုရေး ကော်မီတီများက လိုလားဖွယ် ရှိပါသည်။
ဤသို့ကြောင့် တနင်္သာရီတိုင်း ထားဝယ်မြို့သို့ ရောက်ရှိလာပြီး ဒေသခံ
များနှင့် ညှိနှိုင်းတိုင်ပင်ခြင်းဖြစ