၂ဝဝ၈ခုနှစ်မှာ မော်ဒယ်သင် တန်းတက်ရင်း အနုပညာ လောကထဲကို ဝင်လာသူကတော့
နာဂတိုင်းရင်းသူ မာရီနာပဲဖြစ်ပါ တယ်။ မာရီနာဟာ ဒါရိုက်တာ
ကြည်ဖြူသျှင်ရိုက်ကူးမယ့် နာဂရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင်သရုပ်
ဆောင်မှာဖြစ်ပါတယ်။ နာဂတိုင်း ရင်းသူတစ်ဦးအနေနဲ့ နာဂရုပ်ရှင် ကားကြီးမှာ
ပါဝင်သရုပ်ဆောင်မယ့် သူမရဲ့ ရင်ခုန်သံကို “ဒီဇာတ်ကား ကြီးက
ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှု ဓလေ့တွေ တိုးတက်လာပြီဆိုတဲ့ အကြောင်းကို
ထည့်ရိုက်မှာဆို တော့ နာဂလူမျိုးက ဟိုးတုန်းကလို
မဟုတ်တော့ဘူး။ဖွံ့ဖြိုးတိုးတက် လာပြီ။ မြန်မာသာမက ကမ္ဘာမှာပါ နာဂတိုင်း
ရင်းသားတွေရှိတယ်ဆိုတာ သိစေချင်တာကြာပြီ။ အခုဖော်ကျူး
ရိုက်ကူးရမှာဖြစ်တဲ့အတွက် ဂုဏ်ယူ ပါတယ်” လို့ပြောပြခဲ့ပါတယ်။ဒီ ဇာတ် ကား
ရိုက်ကူးဖို့အတွက် မာရီနာ အဝတ်အစားပိုင်းရော၊ စိတ်နေစိတ်ထားကိုယ်အမူအရာ
နှုတ်အမူအရာ ပိုင်းတွေ ပြင်ဆင်နေပုံကို မေးကြည့် တော့ “အဝတ်အစားပိုင်းကတော့
ဘယ်လိုဝတ်ရမယ်ဆိုတာ ဒါရိုက် တာက မပြောသေးဘူး။ ပြီးတော့ အဲဒါက
နာဂလူကြီးတွေနဲ့ ညှိရမယ်။ ဒါကရိုးရာ ယဉ်ကျေးမှုနဲ့ ဆိုင်သွားပြီ
ဆိုတော့အမှားအယွင်းပါလို့ မရ ဘူး။ ရိုးရာယဉ်ကျေးမှုပုံစံကို ထပ်
ပြီးလေ့လာရဦးမယ်။ စာအုပ်တွေ ဖတ်ပြီးလေ့လာ တယ်။ နောက် တစ်ခုက
(နာဂလန်း)ဆိုတာ အိန္ဒိယ မှာရှိတယ်။ အဲဒီကို သွားလေ့လာဖို့
တော့အစီအစဉ်ရှိပါတယ်” လို့ ပြောပြ ခဲ့ပါတယ်။ ဇာတ် လမ်းတွေ ရိုက်ကူး တဲ့အခါ
ရွေးချယ်ရိုက်ကူးလေ့ရှိတဲ့ မာရီနာက နာဂဇာတ်ကားကို အဓိက
လက်ခံရိုက်ကူးဖြစ်သွားတဲ့ အကြောင်း ကို”မာရီနာက ဇာတ်ကားတွေ ရွေး
ရိုက်တာများတယ်။ ကာရိုက်တာ တစ်ခုကို ကိုယ်နဲ့လိုက်လားအရင် စဉ်းစားတယ်။
တစ်ကားဆိုတစ်ကား ပဲ ကောင်းကောင်းေ လးရိုက်ပြီး ပရိသတ်တွေ ရင်ထဲမှာ
ကျန်ခဲ့မယ့် ကားမျိုး ရိုက်ချင်တာလည်းပါတယ်။ အခုနာဂဇာတ်ကားလက်ခံဖြစ်တာက
နာဂလူကြီးတွေက ဇာတ်ကားရိုက်ဖို့ ရှိတယ်။ ဒါရိုက်တာမကြည်ဖြူသျှင် နဲ့
ရိုက်မှာဆိုပြီး ကမ်းလှမ်းလာတာ လည်းပါသလို၊ နာဂဆိုတာ တချို့က မသိသေးတာ
ရှိတယ်။ ဒါကြောင့် ကိုယ့်လူမျိုးကို ဂုဏ်ပြုရိုက်ဖို့အခွင့် အလမ်းရလာလို့
ဝမ်းသာအားရနဲ့ လက်ခံဖြစ်တယ်” လို့ရှင်းပြခဲ့ပါတယ်။
ထူးထူး - Popular Journal