ဇွန်လ ၂၆ ရက်မှာတော့ ‘နှင်းဆီသခင်မော်ဒယ်အငြိမ့်’ အဖွဲ့နဲ့အတူ သန္တာဗိုက
စင်ကာပူနိုင်ငံမှာ ဖျော်ဖြေရေးအနေနဲ့ သွားရောက်ဖျော်ဖြေတော့ မှာဖြစ်ပါတယ်။
‘နှင်းဆီ သခင်မော်ဒယ်အငြိမ့်’ နဲ့ သွားရောက်ဖျော်ဖြေမယ့် သန္တာဗိုကို
ပွဲအတွက်ကြိုတင်ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး မေးကြည့်ေ တာ့ “သမီးတို့က
အငြိမ့်တော့ ကရ မှာမဟုတ်ဘူး။ သမီးနဲ့ ဝါဆိုမိုးဦးနဲ့က သီချင်းဆိုပြီး
ပါဖောမန့်လုပ်ရမှာ။ အခုကတည်းက သမီးနဲ့ ဝါဆိုက Uranium က ကိုဇေယျာနဲ့
အကလေ့ကျင့်နေတယ်။ ကိုဇေယျာလည်းပါမယ်။စင်ကာပူရောက်ရင်လည်း စင်ကာပူက Dancer
အဖွဲ့တွေနဲ့ နှစ်ရ က်လောက် လေ့ကျင့် မယ်။ ပွဲမှာ သူတို့တွေနဲ့လည်း
တွဲကရမှာ” လို့ပြောတဲ့ သန္တာဗိုက အဲဒီပွဲအတွက် ကြိုတင်ရင်ခုန်နေကြောင်း
ပြောပါတယ်။
”နည်းနည်းတော့ ရင်ခုန်တာပေါ့။ တစ်ခါမှာတော့ ပါဖောမန့်နဲ့
တွဲမလုပ်ဖူးဘူး။ ဒါက သမီးအတွက် ပထမဦး ဆုံးအကြိမ်ပါ။ သမီးက တအားႀကီးေ တာ့
မကတတ္ဘူး။ ဒါပေမဲ့ ဟိုရောက်ရင် ကိုယ့် ကိုယ်ကိုယ်
ယုံကြည်မှုအပြည့်ထားပြီးတော့ ကြိုးစားပြီးကမှာပါ”လို့ပြောပါတယ်။ သရုပ်ဆောင်
အပြင် အဆိုဘက်ပါ လုပ်ဖြစ်နေတဲ့ သန္တာဗိုက သူ့ရဲ့ တစ်ကိုယ် တော်စီးရီးကို
မိုးတွင်းကုန်ရင် ထွက်တော့မှာဖြစ်ပြီး စီးရီးနာ မည်ကိုတော့ ‘ကျောက်
ဆစ်နှလုံးသား’ လို့ပေးထားကြောင်း ပြောပါတယ်။ “တစ်ကိုယ်တော်ခွေက ပြီးသွား
ပြီ။မိုးတွင်းကုန်ရင် ထွက်ဖို့လုပ်ထားတယ်။ သီချင်းက စုစုပေါင်း ၁၂ ပုဒ်
လောက်ပါတယ်။ တေးရေးတွေက တော့ မင်းချစ်သူ၊ စိုးလင်း၊ ရဲလေး၊ မိုးမိုး၊
သားကြီး၊ Ar- T ၊ ဖိုးကာ၊ ဟဲလေး၊ ဘန်နီဖြိုးတို့ ရေးပေးထား တယ်” လို့
အခွေနဲ့ပတ်သက်ပြီး သန္တာဗိုက ပြောပါတယ်။
တွယ်တာ - Popular Journal