ဧရာဝတီတိုင်း
ဒေသကြီး ကန်ကြီးထောင့် မြို့နယ် ဘုရားကုန်း (၁)ရပ်ကွက်၌ မေ ၁၇ ရက်
နံနက်ပိုင်းက ကလေး ကို ကိုယ်တိုင် မွေးပြီး အိမ်သာ ကျင်းထဲ စွန့်ပစ်သူအား
ဖမ်းဆီး ရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၇ ရက် နံနက် ၁၁ နာရီက ကန်ကြီးထောင့်မြို့ ဘုရားကုန်း
(၁)ရပ်ကွက်နေ ကိုထွန်းသန်းသည် ၎င်းနေအိမ်ရှိ အိမ်သာသို့ သွားစဉ် မွေးကင်းစ
ကလေးငယ် တစ်ဦး ငိုသံကြား ရသဖြင့် အိမ်သာပေါ်မှ ဆင်း၍ အိမ်သာကျင်း အတွင်း
ကြည့်ရာ မွေးကင်းစ ကလေးငယ် (ယောက်ျားလေး)အား တွေ့ရသဖြင့် အနီးရှိ
ရာအိမ်မှူး ဦးရဲထွန်း၊ ဆယ်အိမ်မှူး ဦးမြင့်သန်းတို့နှင့် အတူ ကလေးငယ်အား
ဆယ်ယူပြီး အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှခိုင်ထံ အကြောင်းကြားပြီး
ကန်ကြီးထောင့် ဆေးရုံသို့ ပို့ဆောင် ကုသမှု ခံယူနေစဉ် ထိုည ၈ နာရီချိန်တွင်
သေဆုံး သွားသဖြင့် စစ်ဆေးနိုင်ရန် ကန်ကြီးထောင့် ရဲစခန်းမှ သေမှုသေခင်း
အမှတ်စဉ် ၆/၁၃ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့သည်။
ထို့နောက် သက်သေများ၏
ထွက်ဆိုချက် အရ သဇင်ဦး ၁၉ နှစ် (ဘ)ဦးထွန်းသန်း ဘုရားကုန်း(၁)ရပ်ကွက်
ကန်ကြီးထောင့် မြို့နေသူမှ ကလေးအား ကိုယ်တိုင် မွေးပြီး စွန့်ပစ်
ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက် ခဲ့သဖြင့် ကန်ကြီးထောင့် ရဲစခန်းမှ သေမှုသေခင်း
အမှတ်စဉ် ၆/၁၃ အားပိတ်၍ မေ ၁၇ ရက် ညနေ ၃ နာရီ ၃၅ မိနစ်က သဇင်ဦးအား
ကန်ကြီးထောင့် ရဲစခန်းမှ (ပ)၅ဝ/၁၃၊ ပုဒ်မ ၃၁၇ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီး
စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။
မြ၀တီ-
ဓာတ်ပုံ- မတ်လအတွင်းက တောင်ကြီးမြို. ရူ့ခင်းသာပန်းခြံအတွင်းမှ မွေးကင်းစ အချင်းပါ မိန်းကလေးငယ်။
http://mixgawli.blogspot.com/2013/05/blog-post_2101.html