21 May, 2013

သီလရှင်သင် ပညာရေးကျောင်းနဲ့ One More အလှူ

လူတယောက် တလ တထောင်နှုန်း လှူဒါန်းထည့်ဝင်မှုတွေကို လစဉ် စုစည်း ကောက်ခံပေးနေတဲ့ One More အဖွဲ့က ရန်ကုန်မြို့ပြင်တနေရာမှာရှိတဲ့ ချမ်းသာအောင် သီလရှင်သင် ပညာရေးကျောင်းကို မကြာသေးခင်က သွားရောက်ခဲ့ပါတယ်။
အလှူငွေတချို့ကို သွားရောက်ပေးအပ်ခဲ့တာပါ။
ရန်ကုန်မြို့ပြင် ဒဂုံတက္ကသိုလ်ရှေ့ လမ်းမကြီးကနေသွားရင် ဒီကျောင်းလေး
ကို ရောက်ပါတယ်။ သွားရေးလာရေး တော်တော်လေး ခက်ခဲပါတယ်။ တက္ကစီသမားတွေ ညည်းတွားကြတဲ့လမ်းပါ။

ဒဂုံတက္ကသိုလ်နဲ့ သိပ်မဝေးပေမယ့် ဖော်ထားတဲ့မြေကွက် အများအပြားဟာ အိမ်ဆောက်ဖို့ ဝေး၊ ခြံစည်းရိုးတောင် မရှိတာလမ်းတလျှောက် တွေ့ရပါတယ်။

ဒါကြောင့် ဒဂုံတက္ကသိုလ်ကို ဘယ်လိုနေရာမှာတည်ခဲ့တယ်ဆိုတာ မရောက်
ဖူးသူတွေ ခန့်မှန်းနိုင်လောက်ရောပေါ့

ချမ်းသာအောင် သီလရှင်သင် ပညာရေးကျောင်းကို သွားရာလမ်းမှာ
မြင်ကွင်းက ရန်ကုန်မြို့တွင်းနဲ့ မတူပါ။

အမျိုးသမီးနင်းတဲ့ဆိုက်ကားကို တွေ့နိုင်သလို အကောင်းဆုံးဝီစကီ ဆိုတဲ့ကြော်ငြာကို ပတ်လည်ကပ်ထားတဲ့ လမ်းဘေးရေအိုးစင်ကိုလည်း
တွေ့နိုင်ပါတယ်။

သီလရှင်သင် ပညာရေးကျောင်းကို ရောက်တော့ နွေရာသီပန်းချီသင်တန်းနဲ့ တိုးပါတယ်။

အဆောင်တချို့ တိုးချဲ့ဆောက်နေတာလည်း တွေ့ရပါတယ်။

http://www.youtube.com/watch?v=ykg_CPzNQ_8&feature=player_embedded

ဧရာဝတီ