ဧရာဝတီသား
ဧရာဝတီသား
11 July, 2014
Facebook ( Colour / background ) တွေကို အလန်းလေးတွေနဲ့သုံးမယ်
Fb ကာလာ ကို ကိုယ်ကြိုက်သလို ကာလာအမျိုးမျိုး
နောက်ခံအမျိုးမျိုးနှင့် သုံးကြမယ်နော်။ ဒီနည်းကို သုံးချင်ရင်တော့ Google Chrome သုံးဖို့တော့လိုပါတယ်။
Firefox နဲ့အသုံုးပြုလို့မရပါ။
အလုပ်ကို အလုပ်နဲ့တူအောင် အချိန်မှန်မှန် ပြန်ကြိုးစားနေပါတယ်လို့ဆိုတဲ့ ထွန်းထွန်း
ပရိသတ်တွေချစ်တဲ့ Examplez က ထွန်းထွန်းဟာ သရုပ်ဆောင်နယ်ပယ်မှာရော ဂီတလောကမှာပါ ခဏတာ ပျောက်ကွယ်သွားခဲ့ပေမယ့် ခုနောက်ပိုင်း ဇာတ်ကားတွေ ပြန်လည် ရိုက်ကူးနေပြီမို့ သူနဲ့တွေ့ဆုံခိုက် မေးဖြစ်ခဲ့သမျှတွေကတော့ "ကျွန်တော် လတ်တလောမှာတော့ ကျွန်တော့်ရဲ့စူပါစတား MTV ထွက်ရှိဖို့ပြင်ဆင်နေပါပြီ။ နောက်ပြီး မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်နေပါတယ်။ စူပါစတားMTV ကိုအောက်တိုဘာလ ဒါမှမဟုတ် ဒီနှစ်မကုန်ခင်လောက်တော့ အမြန်ဆုံး ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ မှော်ကျောက်စာ ရုပ်ရှင်ကားကြီးမှာတော့ ကျွန်တော်က ဇာတ်ပို့ပါ။ ကျွန်တော့်ကို ဇာတ်ပို့တစ်ယောက် လုပ်ပေးဖို့ လာကမ်းလှမ်း တယ်လို့ထင်ပါတယ်။ ကျွန်တော် ကိုယ်တိုင် အကောင်းဆုံးပြင်ဆင်ပြီးတော့ အလုပ်ကို အလုပ်နဲ့တူအောင် အချိန်မှန်မှန်လုပ်နေတယ်။ ပြီးတော့ ရိုက်ပြချင်တဲ့ကားတွေပြန်လည်
အောင်မြင်မှုဆိုတာထက် ပရိသတ်ပေးတဲ့ နေရာတစ်ခုကိုပဲ လိုချင်ပါတယ်ဆိုတဲ့ သဉ္ဇာနွယ်ဝင်း
အနုပညာအလုပ်ကို လုပ်နေချိန်မှာ ကိုယ့်ဘာသာ စိတ်ထည့်ထားတဲ့ ခံစားချက်က ကိုယ်ဘယ်နေရာ အထိ အောင်မြင်အောင် လုပ်နိုင်လဲ ဆိုတာရယ်၊ ကိုယ်ဘယ်လောက်လုပ်နိုင်လဲ ဆိုတာရယ်၊
ကိုယ့်ကိုယ်ကို သိချင်တာရယ်ကြောင့် ကြိုးစားမှု တစ်ခု လုပ်နေချိန်မှာ အောင်မြင်မှုဆိုတာ ထက် ပရိသတ်ပေးတဲ့ နေရာ တစ်ခုကိုပဲ လိုချင်ပါတယ်လို့ သဉ္ဇာနွယ်ဝင်းက ဆိုသည်။
မိန်းကလေးဆန်ဆန် ကာရိုက်တာ မျိုးတွေကို ဆက်တိုက် သရုပ်ဆောင် နေချိန်မှာ ကိုယ်အလုပ်ချင် ဆုံး ကာရိုက်တာလေးက ဂျစ်ကန်ကန်
ကုလသမဂ္ဂ၏သံတမန်တစ်ဦးဖြစ်လာသည့် ဟယ်ရီပေါ်တာမင်းသမီး
နာမည်ကျော်ဟယ်ရီပေါ်တာဇာတ်လမ်းတွဲများမှ ပင်တိုင်မင်းသမီးတစ်ဦးဖြစ်သူ အသက်(၂၄)နှစ်အရွယ် အမ်မာဝပ်ဆန်းအား ကုလသမဂ္ဂ၏ အမျိုးသမီးများ လုပ်ပိုင်ခွင့်နှင့် တန်းတူညီမျှအခွင့်အရေးရရှိရေးအတွက် အထောက်အကူပြုမည့် သံတမန်တစ်ဦးအဖြစ် ဇူလိုင် ၈ ရက်က ခန့်အပ်ခဲ့ကြောင်း သိရသည်။
''ဒီလိုတာဝန်မျိုးထမ်းဆောင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိ ပါတယ်၊ UN Woman
Facebook တွင် follower အများဆုံး ကိုရီးယားမင်းသမီးတစ်ဦးဖြစ်လာခဲ့သည့် ကူဟေးဆန်း
တောင်ကိုရီးယားကြယ်ပွင့် ကူဟေးဆန်းသည် ကမ္ဘာသုံးလူမှုကွန်ရက် စာမျက်နှာတစ်ခုဖြစ်သည့် facebook တွင် အခြားသောကိုရီးယားမင်းသား၊ မင်းသမီးများထက် follower အများဆုံး ကိုရီးယားမင်းသမီးတစ်ဦး ဖြစ်လာခဲ့သည်။
ကူဟေးဆန်း၏ facebook စာမျက်နှာတွင် ဇူလိုင် ၈ ရက်အထိ follower ပေါင်း ၃ ဒသမ ၇ သန်း ကျော်ရရှိနေပြီဖြစ်ကြောင်း၊
တံတောင်ဆစ် မဲမဲလေးတွေ ဖြူသွားအောင်
သံပုရာသီး တစ်ခြမ်းကို ယူပြီး တံတောင်ဆစ်ကို ငါးမိနစ်ခန့် ပွတ်ပါ။ ၃-၄နာရီလောက် ထားပေးပါ။
ထို့နောက် အ၀တ်ကြမ်းဖြင့် ပွတ်သပ်ပေးပြီး ရေနွေးနွေးဖြင့် ဆေးပေးပါ။ တစ်ပတ်ကို နှစ်ကြိမ် သုံးကြ
ိမ် ပြုလုပ်ပေးပါ။
နို့ချဉ် နှစ်ဇွန်းနှင့် ရှာလကာရည်နှစ်အား သမအောင် မွှေပြီး တံတောင်ဆစ် ပေါ်တွင်လိမ်းပေးပါ။ ထို့နောက် အ၀တ်တစ်ခုဖြင့်
ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့
မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ သာသနာတော်နှစ် ၂၅၅၈ခုနှစ်၊
ခရစ်နှစ်၂၀၁၄ခုနှစ် ယနေ့ ဇူလိုင်လ ၁၁-ရက်နေ့သည်
“ဝါဆိုလပြည့်နေ့” ဖြစ်ပါသည် ။
ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့
အထိမ်းအမှတ်အဖြစ်ကျင်းပရခြင်းမှာ ထိုနေ့၌
ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။
ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ၊
ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇာ် ၁၀၃ ခုနှစ်
ဝါဆိုလပြည့်နေ့ နေ၀င် ၊လထွက်အချိန် ပဉ္စ၀ဂ္ဂီငါးဦးတို့အား
ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။
ဓမ္မစကြာတရားတော်သည် ၀ိနည်းမဟာဝါ ပါဠိတော်
“ပဉ္စ၀ဂ္ဂိယကထာ” အမည်ဖြင့် လာရှိပါသည်။
ပဋီသမ္ဘိဒါမဂ္ဂ ပါဠိတော်၌
“ဓမ္မစက္က ပ၀တ္တန၀ါရ” အမည်ဖြင့် လာရှိပါသည်။
မဟာဝဂ္ဂသံယုတ် ပါဠိတော်၌
“ဓမ္မစက္က ပ၀တ္တနသုတ္တ”အမည်ဖြင့် လာရှိပါသည်။
“ဓမ္မစက္က ပ၀တ္တန”၏အဓိပ္ပါယ်မှာ-
တရားတည်းဟူသော အသိစက်ကိုဖြစ်စေ၊
လည်စေတော်မူခြင်းဟု အဓိပ္ပါယ်ရပါသည်။
(ဓမ္မစက္က = တရားတော် + ပ၀တ္တန = ဖြစ်စေ၊ လည်စေခြင်း)
ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို
ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကတ်သုံးပုံ၏
အနှစ်ချုပ်တရားကို ဆိုထိုက်ပါသည်။
ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ
“အစွန်း ၂ ခု”ကို ရှောင်ကြဉ်ရေး၊
မဇ္ဈိမ ပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး ၊
သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့်
ဗုဒ္ဓ၀ါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။
မြတ်စွာဘုရား၏ ဓမ္မစကြာ တရားတော်ကို နာကြားရသဖြင့်
“ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဓိယ၊ မဟာနံ၊ အဿဇိ” တည်းဟူသော
ပဉ္စ၀ဂ္ဂီ ငါးဦးနှင့်တကွ များစွာသော နတ်ဗြဟ္မာတို့ အကျွတ်တရား
ရရှိကြသည်။ ပဉ္စ၀ဂ္ဂီငါးဦးလည်း မြတ်စွာဘုရားထံတွင်
ရဟန်းအဖြစ်ကို ပြုခွင့်ပန်ကြ၏။
မြတ်စွာဘုရား ခွင့်ပြုသဖြင့် “ဧဟိဘိက္ခု ရဟန်း” အဖြစ်ကို ရရှိကြသည်။
“ဧဟိဘိက္ခု ရဟန်း” ဆိုသည်မှာ ဘုရားရှင် က ရဟန်းဖြစ်စေဟု
မိန့်တော်မူသဖြင့် ပရိက္ခရာ အစုံအလင်ဖြင့် ချက်ချင်း
ရဟန်း အဖြစ်ကို ရခြင်းပင်ဖြစ်သည်။
ဤသို့ ပဉ္စ၀ဂ္ဂီငါးဦးအား အမှူးထား၍ ဓမ္မစကြာ တရားဦးကို
ဟောကြားခြင်း၊ပဉ္စ၀ဂ္ဂီငါးဦးအား ဧဟိဘိက္ခု ရဟန်းအဖြစ်သို့
ခေါ်ဆောင်တော်မူခြင်းမှာ ဤ၀ါဆိုလပြည့်နေ့ပင် ဖြစ်၍
ဝါဆို လပြည့်နေ့ကို ဓမ္မစကြာ အခါတော်အဖြစ်ဖြင့်
သတ်မှတ်ကြခြင်း ဖြစ်သည်။ ၀ါဆိုလတွင် ပဉ္ဇင်းခံ၊
ရှင်ပြုခြင်းကို ရှေးအခါက ပြုခဲ့ကြခြင်း ဖြစ်သည်။
ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍
ဗုဒ္ဓဘာသာဝင်ရဟန်းရှင် လူတို့ကဓမ္မစကြာတရားတော်ကို
အထူးပင် အာရုံစိုက်၍ ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြပါသည်။
အမြို့မြို့အရွာရွာ၌ ဓမ္မစကြာအသင်းများ ဖွဲ့စည်းပြီး
ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်။
“၀ါဆိုလပြည့်နေ့၏ ထူးခြားချက်များ”
•••••••••••••••••••••••••••••
မြန်မာ့ရိုးရာ ၁၂ လ ရှိသည့်အနက် ၀ါဆိုလပြည့်နေ့သည်-
၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း၊
၂။ ဂေါတမဘုရားလောင်း၊ တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၃။ ဂေါတမဘုရားလောင်း၊ ဓမ္မစကြာတရား စတင်ဟောတော်မူသော
နေ့ဖြစ်၍ ထူးခြားခြင်း၊
၎။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၈။ “ဧဟိ ဘိက္ခု”ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍
ထူးခြားခြင်း။ဟူ၍ဖြစ်ပါသည်။
Young Buddhist's Association
မြန်မာနိုင်ငံမြေပုံကို ဂုဏ်ပျက်အောင် တက်တူးထိုးရင် အရေးယူနိုင်
တက်တူးထိုးရာမှာ မြန်မာနိုင်ငံ မြေပုံကို ဂုဏ်ကျက်သရေ ပျက်ပြားအောင် ရည်ရွယ်ထိုးပါက အရေးယူနိုင် တယ်လို့ တိုင်းဥပဒေချုပ်က ပြောပါတယ်။
အခုအခါ မြန်မာနိုင်ငံတော် မြေပုံကိုပါ တက်တူးရုပ်ပုံ အလှအနေနဲ့ ထိုးလာတာကြောင့် ဂုဏ်ကျက်သရေ ပျက်စေမယ့် ခန္ဒာအောက်ပိုင်း ထိုးပါက ဥပဒေအရ ဘယ်လို အရေးယူ ဆောင်ရွက်မလဲလို့ ပြည်ကြီးတံခွန် မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်က မေးမြန်း အဆိုပြု ခဲ့တာပါ။
“ယခုအခါ တက်တူးထိုးခြင်း ပုံစံအမျိုးမျိုးတွင် မြန်မာနိုင်ငံ မြေပုံအမှတ်အသားကို ရေးထိုးလာတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံ မြေပုံသည်
လူသားဂုဏ်သိက္ခာကျစေသည့် စင်ကာပူရောက် မြန်မာအိမ်အကူကိစ္စ နိုင်ငံခြားရေးဝန်ကြီးဌာန ကိုင်တွယ်မည်
စင်ကာပူနိုင်ငံရှိ ဈေးဝယ် စင်တာများတွင် ရောင်းကုန်ပစ္စည်းအဖြစ် ရောင်းချခံနေရသော မြန်မာအိမ်အကူ အလုပ်သမားများ အရေးနှင့် ပတ်သက်၍
တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သ တင်းရရှိသည်။
စင်ကာပူအလုပ်သမားအေ ဂျင်စီများ၏ လုပ်ဆောင်မှုများ၊ အိမ်အကူအလုပ်သမားများကို သရုပ်ပြခိုင်းစေမှုများသည် လူ သားတစ်ဦး၏ ဂုဏ်သိက္ခာကို ကျ ဆင်းစေသောကြောင့် တာဝန်ရှိ သူများနှင့် တွေ့ဆုံဆွေးနွေးသွား မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနကို
ရိုဟင်ဂျာတွေနဲ့ လက်မထပ်ဖို့ ဘင်္ဂလားဒေ့ရှ် အမိန့်ချမှတ်
မြန်မာနိုင်ငံကနေ ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေ (Credit: ABC)
ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာနိုင်ငံ ကနေ လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တွေကြား လက်ထပ်ခွင့် ပိတ်ပင်လိုက်ပါတယ်။
မြန်မာနိုင်ငံကနေလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တွေဟာ နိုင်ငံသား ခံယူချင်တဲ့ ရည်ရွယ်ချက်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို လက်ထပ် ချင်ကြတာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် တရား သူကြီး Syed Anisul Haque က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေနဲ့ လက်ထပ်တဲ့ ရိုဟင်ဂျာ
‹
›
Home
View web version