11 July, 2014

ကုလသမဂ္ဂ၏သံတမန်တစ်ဦးဖြစ်လာသည့် ဟယ်ရီပေါ်တာမင်းသမီး

 နာမည်ကျော်ဟယ်ရီပေါ်တာဇာတ်လမ်းတွဲများမှ ပင်တိုင်မင်းသမီးတစ်ဦးဖြစ်သူ အသက်(၂၄)နှစ်အရွယ် အမ်မာဝပ်ဆန်းအား ကုလသမဂ္ဂ၏ အမျိုးသမီးများ လုပ်ပိုင်ခွင့်နှင့် တန်းတူညီမျှအခွင့်အရေးရရှိရေးအတွက် အထောက်အကူပြုမည့် သံတမန်တစ်ဦးအဖြစ် ဇူလိုင် ၈ ရက်က ခန့်အပ်ခဲ့ကြောင်း သိရသည်။
''ဒီလိုတာဝန်မျိုးထမ်းဆောင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိ ပါတယ်၊ UN Woman
တစ်ယောက်အနေနဲ့ အံ့သြဖွယ်ရာ လူတွေနဲ့တွဲပြီး အလုပ်လုပ်ရမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှား မိပါတယ်''ဟု မင်းသမီး အမ်မာဝပ်ဆန်းက ဆိုသည်။

အခြားသော ကုလသမဂ္ဂသံတမန်များအဖြစ်ပြီးခဲ့သည့် မေလက ဘရောင်းတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သူ မင်းသမီး အမ်မာဝပ်ဆန်းအပြင် အော်စကာမင်းသမီး နစ်ကိုးလ်ကဒ်မင်းန်၊ ထိုင်းမင်းသမီး Bajrakitiyabha Mahidol တို့လည်းပါဝင်ကြောင်း သိရသည်။

အမ်မာဝပ်ဆန်း ပါဝင်သရုပ်ဆောင်ခဲ့သော ဇာတ်ကားများသည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်းက တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ဝင်ငွေ အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ သန်းအထိ ရရှိအောင်မြင်ခဲ့ပြီး ယမန်နှစ်အတွင်းက အမျိုးသားဖက်ရှင်မဂ္ဂဇင်းတစ်စောင် ဖြစ်သည့် GQ မှ Woman of the Year အဖြစ် ရွေးချယ်ခံထားရသူလည်းဖြစ်သည်။

မျိုးစန္ဒာမောင်

The Mirror Daily