11 July, 2014

လူသားဂုဏ်သိက္ခာကျစေသည့် စင်ကာပူရောက် မြန်မာအိမ်အကူကိစ္စ နိုင်ငံခြားရေးဝန်ကြီးဌာန ကိုင်တွယ်မည်

Photo: လူသားဂုဏ်သိက္ခာကျစေသည့် စင်ကာပူရောက် မြန်မာအိမ်အကူကိစ္စ နိုင်ငံခြားရေးဝန်ကြီးဌာန ကိုင်တွယ်မည်
Thursday, July 3, 2014

စင်ကာပူနိုင်ငံရှိ ဈေးဝယ် စင်တာများတွင် ရောင်းကုန်ပစ္စည်းအဖြစ် ရောင်းချခံနေရသော မြန်မာအိမ်အကူ အလုပ်သမားများ အရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သ တင်းရရှိသည်။

စင်ကာပူအလုပ်သမားအေ ဂျင်စီများ၏ လုပ်ဆောင်မှုများ၊ အိမ်အကူအလုပ်သမားများကို သရုပ်ပြခိုင်းစေမှုများသည် လူ သားတစ်ဦး၏ ဂုဏ်သိက္ခာကို ကျ ဆင်းစေသောကြောင့် တာဝန်ရှိ သူများနှင့် တွေ့ဆုံဆွေးနွေးသွား မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနကို ကိုးကား၍ နိုင်ငံပိုင် သတင်းဌာနများက ဇူလိုင် ၂ ရက် ညက သတင်းထုတ်ပြန်သည်။

မြန်မာအိမ်အကူ အလုပ်သမားအရေးကို စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများက သက်ဆိုင်ရာနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ရန်ကုန်ရှိ စင်ကာပူ သံရုံးနှင့် ဆက်သွယ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စင်ကာပူနိုင်ငံ မြန်မာသံရုံး က အိမ်အကူများ ပြဿနာကို စုံ စမ်းဖော်ထုတ်သွားမည်ဖြစ် ကြောင်း  သံရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

စင်ကာပူနိုင်ငံတွင် ပြည်ပ အိမ်အကူလုပ်သားများကို စင်ကာပူ အေးဂျင့်များက ဈေးဝယ်စင်တာများ၌ ရောင်းကုန်ပစ္စည်းအ ဖြစ် ရောင်းချနေပြီး အိမ်အကူ အလုပ်သမားများအနေဖြင့် ၎င်းတို့ လုပ်ကိုင်နိုင်သည့် အလုပ်အကိုင် ပုံစံများကို ပြခန်းများ၌ သရုပ်ပြ လုပ်ဆောင်နေရခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကား၍ ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် စင်ကာပူနိုင်ငံသို့ အိမ်အကူအလုပ်သမားအဖြစ် လုပ်ကိုင်ရန် နည်းလမ်းအမျိုးမျိုး၊ နေထိုင်ခွင့်ပုံစံအမျိုးမျိုးဖြင့် ရောက်ရှိနေသော အမျိုးသမီးငယ်များ အပါအဝင် မြန်မာနိုင်ငံသားများကို ဥပဒေဘောင်အတွင်းမှ အလုပ်သမားအခွင့်အရေး အပြည့်အဝ ရရှိစေရန် ဘက်ပေါင်းစုံမှ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

မြန်မာအစိုးရက အိမ်အကူ အလုပ်သမားစေလွှတ်မှုကို ၂၀၁၃ခုနှစ်အတွင်းက တရားဝင်ခွင့်ပြု ခဲ့ခြင်း ဖြစ်သော်လည်း စင်ကာပူရှိ မြန်မာအိမ်အကူ အလုပ်သမား အများစုမှာ တရားမဝင်နည်းလမ်းများဖြင့် သွားရောက်လုပ်ကိုင်နေခြင်း ဖြစ်သည်။

စင်ကာပူနိုင်ငံတွင် လုပ်ကိုင်နေသော မြန်မာအိမ်အကူ အလုပ်သမား သုံးသောင်းခန့်ရှိကြောင်း သတင်းရရှိသည်။

မြန်မာအိမ်အကူအမျိုးသမီးငယ်တစ်ဦးကို အွန်လိုင်းမှတစ်ဆင့် လူတွေ့မေးမြန်းနေစဉ် (THE STRAITS TIMES)
7Day Daily