ကမ္ဘာ့
အမြင့်ဆုံး မော်တော် ဆိုင်ကယ်ကြီး တစ်စီးကို အီတလီနိုင်ငံမှ
ဖေဘီယိုရက်ဂီယမ် နီဆို သူ အမျိုးသား တစ်ဦးက တည်ဆောက် ခဲ့ကြောင်း သိရသည်။
အဆိုပါ မော်တော် ဆိုင်ကယ်ကြီး၏ အရှည်မှာ ၁၆ ပေနှင့် ၈ ဒသမ ၇၈ လက်မရှိသည်။
ယင်း မော်တော်
ဆိုင်ကယ်သည် အီတလီ နိုင်ငံ မွန်တက်ချီ အိုအီမီလီယာမြို့ရှိ
မီတာ ၁၀၀ မော်တော် ကားမောင်း ပြိုင်ကွင်း၌ စမ်းသပ် စီးနင်းခဲ့ပြီး
ဖြစ်ကြောင်း သိရသည်။
ယင်းမော်တော် ဆိုင်ကယ်၏ လက်ကိုင်သည် မြေပြင်
အထက်မှ ငါးမီတာ အကွာတွင် ရှိပြီး ကမ္ဘာ့ အမြင့်ဆုံး မော်တော် ဆိုင်ကယ်အဖြစ်
ဂင်းနစ်စံချိန် အဖွဲ့က တရားဝင် အသိအမှတ် ပြုခဲ့ကြောင်း စက်တင်ဘာ ၁၂ ရက်
အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
မြ၀တီ