14 September, 2013

5 dolls အဖွဲ့၏ Can You Love Me? ဂီတ ဗီဒီယို ထုတ်လွှင့်ပြသ

ငယ်ရွယ် သွက်လက်ပြီး ချစ်စရာ ကောင်းသည့် မိန်းမချောလေး ခြောက်ဦးဖြင့် ဖွဲ့စည်းထား သည့် တောင်ကိုရီးယား အဆိုအဖွဲ့ 5 dolls အဖွဲ့သည် ၎င်းတို့၏ Can You Love Me? တေးဂီတ ဗီဒီယိုဖြင့် ဂီတ လောကသို့ ပြန်လည် ၀င်ရောက်လာခဲ့သည်။
Can You Love Me? ဂီတဗီဒီယိုအား X sports သတင်း ဌာနမှ ထုတ်လွှင့် ပြသထားပြီ ဖြစ်ပြီး မကြာမီ

Core Contents Media သတင်း ဌာနမှလည်း ထုတ်လွှင့် သွားမည်ဟု သိရသည်။ 5 dolls အဖွဲ့၏ Can You Love Me? ဂီတဗီဒီယိုတွင် f T-ara N4 စာသား Rap များကို ပီပြင်စွာ သီဆိုတတ်သည်ဟု ကျော်ကြားသည့် ဒါနီက Rap တေးသီချင်း စာသားများ ကို သီဆို ပေးထားသည်။ Can You Love Me? တေးသီချင်းသည် ကိုရီးယားရိုးရာ တူရိယာ များနှင့် ခေတ်ပေါ် ဂီတကို တွဲဖက်၍ သီဆိုရသော ပေါ့ပ် တေးသီချင်း ကောင်းတစ်ပုဒ် ဖြစ် သည်။

5 dolls အဖွဲ့သည် ၎င်းတေးသီချင်းအား ဒါနီနှင့်အတူ M! Count- Down ဖျော်ဖြေပွဲတွင် ဖျော်ဖြေ သွားမည်ဟု သိရသည်။

မြ၀တီ