ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းများကို ပြည်ပအဖွဲ့အစည်း တစ်ခုနှင့် ပူးပေါင်းဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း
နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေ
အတွင်းရေးမှူးနှင့် အမှတ်(၃)တပ်နယ်မှူးဖြစ်သူ ဗိုလ်မှူးချုပ်
စောချစ်သူ က ဇူလိုင် ၄ ရက်က ပြောကြားခဲ့သည်။မြေမြှုပ်မိုင်း ရှင်းလင်းရေးနှင့် ပတ်သက်ပြီး
အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် နယ်ခြားစောင့်တပ်၊ KNU၊ စစ်ဘက်မှ တာဝန်ရှိသူများ ဆွေးနွေး
ခဲ့ကြကြောင်းလည်း သိရသည်။
''မြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ အစည်း
အဝေး တက်ခဲ့တာ ရှိပါတယ်။ BGF (နယ်ခြားစောင့်တပ်)၊ KNU ရော အစိုးရဘက်ရော ပူးပေါင်းပြီး ပြည်သူတွေ သွားလာတဲ့ နေရာနဲ့ မနီး
ဝေးနေရာတွေမှာ မိုင်းပြန်လည် ရှင်းလင်းဖို့ အဓိက ဆွေးနွေးခဲ့ကြ
တာပါ။ လောလောဆယ်တော့ အကောင်အထည် မဖော်ဖြစ်သေးပါဘူး'' ဟု ဗိုလ်မှူးချုပ် စောချစ်သူက ပြောကြားသည်။
''အရင်တုန်းက စစ်ဆင်ရေး လုပ်တဲ့နေရာ အတော်များများမှာ မိုင်းတွေရှိနေ
တယ်။ နော်ဝေက ပြည်ပအဖွဲ့အစည်း တစ်ခုကဒီမှာ မိုင်းရှင်းလင်းဖို့ ကမ်းလှမ်းထားတာ ရှိပါတယ်။ သူတို့က ၁၀ လပိုင်းလောက်မှာ ဒီကိုလာဖို့
ရှိတယ်။ ဒီကအဖွဲ့တွေကတော့ မိုင်းရှိတဲ့နေရာကို လမ်းပြပေးမှာ ဖြစ်ပါတယ်'' ဟု ၎င်းက ပြောကြားသည်။
eleven media group