နယ်စပ် မြ၀တီ ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု ပြုရာတွင် ကရင်ပြည်နယ်၊
မွန်ပြည်နယ်နှင့် ကျန်တိုင်းနှင့် ပြည်နယ်အားလုံး အတွင်းသို့
သယ်ယူပို့လျက်ရှိသော မော်တော်ယာဉ်များ မြ၀တီ ကုန်သွယ်ရေးဇုန်သို့
ဝင်ရောက်လာပါက တစ်ပြေးညီ အခွန်ဆောင်
သွားလာရမည် ဖြစ်ကြောင်း၊ မွန်၊ ကရင်ဂျူတီဟူ၍ သီးသန့် မရှိကြောင်း မြ၀တီ
နယ်စပ်ကုန်သွယ်ရေး စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းမှ တာဝန်ရှိသူ တစ်ဦးက ''မွန်၊ ကရင် ဂျူတီ
ဆိုတာ သီးသန့် မရှိပါဘူး။ ဒေသတွင်း သွားလာနေတဲ့ ကားလေးတွေကို ကုန်စည်
စီးဆင်းမှု မြန်ဆန်စေဖို့
အတွက် အနည်းငယ် ဖြေလျော့ခဲ့တဲ့ သဘောပဲ ရှိပါတယ်။
ဒါကို ယခင်က တာဝန်ကျခဲ့တဲ့ ၀န်ထမ်းတချို့နဲ့ စီးပွားရေး သမားအချို့
ပေါင်းပြီး အခွင့်ကောင်း ယူသွားတာ။ ဒေသတွင်း သုံးလို့ဆိုပေမယ့် ရန်ကုန်၊
မန္တလေးထိ သွားလာခဲ့ကြတယ်။ ခုအချိန်မီ ပြုပြင်ပြီး ဇုန်အတွင်း ၀င်ရောက်လာတဲ့
မည်သည့် ကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကားကိုမဆို အခွန်တစ်ပြေးညီ
ဆောင်ရမယ်ဆိုတဲ့ လက်ကမ်းစာရွက် လေးတွေလည်း ဝေထားပြီး ဖြစ်ပါတယ်'' ဟု
ပြောကြားသည်။
မြ၀တီ ဒေါနတောင်ကျော် ကုန်သွယ်လမ်း ကုန်သွယ်နေသည့်
ယာဉ်ငယ်ဟိုင်းလပ်စ် အမျာစုမှာ မြ၀တီနယ်စပ်မှ တစ်ဆင့် ဘားအံ၊ မော်လမြိုင်
ဈေးကွက်သို့ တင်ပို့လျက်ရှိ၍ ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေရန်
အနည်းငယ် ဖြေလျော့ခဲ့သည့် အပေါ်မှာ ကုန်သည်အချို့က ယခင်တာဝန်
ထမ်းဆောင်ခဲ့သော ၀န်ထမ်းအချို့နှင့် ပူးပေါင်းပြီး မရိုးမဖြောင့်
လုပ်ဆောင်ခဲ့မှုကြောင့် ယခုကဲ့သို့ ကောလဟလ သတင်းများ ထွက်ပေါ်ခဲ့ရခြင်း
ဖြစ်ကြောင်း သိရှိရသည်။
EMG
မြ၀တီကုန်သွယ်ရေးဇုန်သို့ ၀င်ရောက်လာသော ကုန်တင်ယာဉ်များကို တွေ့ရစဉ်