11 June, 2013

Two-Child Policy ကို ထောက်ခံကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြား

ရိုက်တာသတင်းဌာနက သတင်းတစ်ပုဒ် ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို မေးမြန်းထားချက်လည်း ဖြစ်ပါတယ်။ Two-Child Policy ဟာ ဘင်္ဂါလီအမျိုးသမီးတွေအတွက် ကောင်းဖို့
ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီအမျိုးသမီးတွေဟာ ကလေးအများကြီး ယူလေ့ရှိကြကြောင်း၊ ဒေသအချို့မှာဆိုရင် မိသားစုတစ်စုကို ကလေး ၁၀ ယောက်ကနေ ၁၂ ယောက်အထိ ယူကြတာမျိုးရှိနေကြောင်း၊ ဒီလို ကလေးအများကြီးယူတာကြောင့် မွေးလာတဲ့ကလေးသူငယ်တွေ အာဟာရ ပြည့်ဝရေးအတွက်လည်း လိုအပ်ချက်တွေ ရှိစေမှာ ဖြစ်ကြောင်း၊ ဒီကလေးသူငယ်တွေ ပညာသင်ကြားပေးဖို့ဆိုတာကလည်း မလွယ်ကူလှ
ကြောင်း၊ အရေအတွက်များနေတဲ့ ကလေးသူငယ်တွေကို ပြုစုစောင့်ရှောက်
ဖို့လည်း အခက်အခဲဖြစ်စေမှာ ဖြစ်ကြောင်း ဦးခင်ရီက ပြောကြားခဲ့ပါတယ်။

ရိုက်တာသတင်းဌာနက ဒီ Two-Child Policy ကို ထောက်ခံသလား လို့ မေးတဲ့အခါ ဦးခင်ရီက "ထောက်ခံပါတယ်" လို့ ပြန်လည် ဖြေကြား
ခဲ့ပါတယ်။

Hmuu Zaw