11 June, 2013

အမျိုးးသားလွှတ်တော်အမတ် ဦးဆောင်ပြီး လမ်းလျှောက်ဆန္ဒပြမည်

လာမယ့် ဇွန် ၁၆ ရက်နေ့ကျရင် ရပ်ကွက်ပိုင် ပန်းခြံနဲ့အားကစားကွင်းပြန်ရရေးအမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင် ဦးဆောင်ပြီး တောင် ဥက္ကလာပမြို့နယ်က ပြည်သူတွေ လမ်းလျှောက် ဆန္ဒပြကြမယ်လို့ ဦးဖုန်းမြင့်အောင်က ဒီဗွီဘီ ကို ပြောပါတယ်။
ဦးဖုန်းမြင့်အောင်
ခုလို ဆန္ဒပြဖို့အတွက် မြို့နယ်ရဲတပ်ဖွဲ့ကို ပထမအကြိမ် တင်ပြစဉ်က သမ္မတဦးသိန်းစိန် သုဝဏ္ဏကွင်းမှာ မိန့်ခွန်းပြောမယ့် အစီအစဉ်ရှိတယ်
ဆိုပြီး လုံခြုံရေးအကြောင်းပြချက်နဲ့ ပယ်ချခံခဲ့ရဖူးပါတယ်။

ရပ်ကွက်ပိုင် အဲဒီမြေကွက်ကို သိမ်းပြီး အရင်က ကြံ့ခိုင်ရေးအသင်းရုံး တည်ဆောက်ခဲ့ကာ နောက်ပိုင်း ကြံ့ခိုင်ရေးပါတီက ဆက်လက်အသုံးပြုခဲ့ပါတယ်။ အခု အဲဒီ မြေကွက်အပေါ်မှာ အထပ်မြင့်အဆောက်
အဦးဆောက်နေတဲ့အတွက် ရပ်ကွက်ပိုင် ပန်းခြံနဲ့ အားကစားကွင်း မြေနေရာ
ပြန်လည်ရရှိဖို့ လမ်းလျှောက် ဆန္ဒပြဖို့ စီစဉ်ရတာလို့ သူက ပြောပြပါတယ်။

DVB News