ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးနေတဲ့ ‘အာဒမ်ရယ်၊ဧဝရယ်၊ ယောက္ခမရယ်’ ဆိုတဲ့
ဇာတ်ကားကို နန်းဆုရတီစိုးက မို့မို့မြင့်အောင်၊ မိုး အောင် ရင်တို့နဲ့အတူ
ရိုက်ကူးနေပါ တယ်။ဒီဇာတ်ကားထဲမှာ နန်းဆုရတီ စိုးက
မို့မို့မြင့်အောင်ရဲ့သမီးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ် ကားလေး က
အချစ်ဟာသ ဇာတ်ကား လေးဖြစ်တယ်လို့ သိရပါတယ်။ နန်း ဆုရတီစိုးက အခုနောက်ပိုင်း
အချစ်
ဟာသဇာတ်ရုပ်ခပ်သွက်သွက်လေး တွေ သရုပ်ဆောင်ရတာကို ပရိသတ် တွေကလည်း
အားပေးသလို ကိုယ် တိုင်ကလည်း သဘောကျတယ်လို့ ဆိုပါတယ်။
ဇာတ်ကားရိုက်ကူးမှုထက် သီ ချင်းခွေကို ဦးစားပေးလုပ်ဖြစ်နေပေ မယ့်
အတတ်နိုင်ဆုံးတော့ နှစ်ဖက် စလုံးကို ကြိုးစားပြီး လုပ်ဖြစ်နေပြီး တစ်
ကိုယ်တော်အခွေနဲ့ ပတ်သက် ပြီးပရိသတ်ရဲ့ဝေဖန်အကြံဥာဏ်ပေး မှုကို
ကြားချင်တဲ့အတွက် အမြန်ဆုံးထွက်ချင်နေကြောင်း နန်းဆုရတီ စိုးက ပြောပါ တယ်။
နန်းဆု ရတီစိုးရဲ့ မကြာသေးမီ ကထွက် ရှိထား တဲ့ ‘ပြောင်းဖူး သည်မတိုး’ ဇာတ်
ကားလေးကလည်း ပရိ သတ်တွေ ကြိုက်နှစ်သက် တဲ့ ဇာတ်ကားေ လး တစ် ကားဖြစ်ပါတယ်။
ဒီ ဇာတ် ကားလေး ရိုက်ကူးတုန်း ကလည်းနန်းဆုရတီစိုးက အစစအရာရာ
ကိုယ်တိုင်ကြိုး စားမှုတွေ ပြုလုပ်ထားပြီး ဇာတ် ကားထွက် လာတဲ့အခါမှာလည်း
ပရိသတ်က အသိအမှတ်ပြုတဲ့ အတွက် တအားကိုပဲ ကျေနပ်မိ တယ်လို့ ဆိုပါတယ်။
“ပြောင်းဖူးသည် ဇာတ်ရုပ်ကို နန်းဆုလုပ်တတ်လိမ့်မယ်လို့ ပရိ သတ်တွေက
မထင်ထားဘူးလို့ ပြော ကြတယ်။ နောက်ပြီး ပြောင်းဖူး သည်ကာရိုက် တာမှာ
နန်းဆုသရုပ် ဆောင်တာကိုကြည့်ပြီး ချစ်စရာ လည်းကောင်းသလို တူလည်း တူ တယ်လို့
ပြောကြတယ်။ တစ်ခုရှိ တာက နန်းဆုက အသားဖြူနေတာ တစ်ခုပဲ၊
ကျန်တဲ့သရုပ်ဆောင်ပိုင်းက တော့ ပီပြင်တယ်လို့ ပြောကြတယ်။ ဒီဇာတ်ရုပ်ကို
နန်းဆုသရုပ်ဆောင်တဲ့ အခါမှာ မတူတူေ အာင် လုပ်ထား တယ်။ မိတ်ကပ်ကအစ
ကိုယ်တိုင် ပြင်တယ်။ပေါ့ပေါ့ပါးပါးမဟုတ်ဘဲ နဲ့ အတတ်နိုင်ဆုံးဖန်တီးယူထားတဲ့
အပေါ်မှာ ပရိသတ်က အသိအမှတ် ပြုပေးတဲ့အတွက် အတိုင်းမသိဝမ်း သာမိပါတယ်” လို့
ပြောပါတယ်။ နန်း ဆုရတီစိုးက နောက်ပိုင်းမှာလည်း ဇာတ်လမ်းအဆန်းလေးေ တွဆိုရင်
ကြိုးစားပြီး ရိုက်ကူးသွားမှာပါလို့ ဆိုပါတယ်။
လွင်လွင်ထွန်း
ဓာတ်ပုံ-အိသွဲ(တန့်ယန်း)
Popular Journal