11 June, 2013

အခုပြောင်းလဲချင်နေပါပြီဆိုတဲ့ ဦးဇင်ဝိုင်း

တိုင်းရင်းသားညီညွတ်ရေး
ကျွန်တော်တို့နိုင်ငံမှာ အဓိက လိုအပ်နေတာက တိုင်းရင်းသားသွေးစည်း
ညီညွတ် ရေးပါ။ တိုင်းရင်းသားများဟာ တစ်ဦးနဲ့တစ်ဦး ယုံယုံကြည် ကြည်
သွေးစည်း ညီညွတ် အောင် မတည်ဆောက်နိုင်ဘဲနဲ့ သွားချင်တဲ့ခေတ်
စနစ်ကို သွားလို့မရ နိုင်ပါဘူး။ ဒီအတွက် ဒီဟာကို ခိုင်ခိုင်မာမာလုပ်ရပါမယ်။ ဆင်ဆာကို ဘယ်လောက်ပဲမလို ချင်ဘူးပြောပြော စောင့်တော့ ကြည့်ရပါ
မယ်။ ဒီနေ့ဒီအချိန်ထိ ဆင်ဆာဘုတ်အဖွဲ့မှာ မပါပါဘူး။ မပါရခြင်းအကြောင်း ကိုမေးတော့ ဆင်ဆာဘုတ် အဖွဲ့ကို တရားဝင်အသိအမှတ် မပြုတဲ့ အတွက် မတက်တာပါလို့ ပြောခဲ့ပါတယ်။ အနုပညာရှင်များ ဖန်တီးလိုက်တဲ့ အနုပညာ ပစ္စည်းကို ဘာမှမသိတဲ့လူ တွေ က ဖြတ်တောက်နေတဲ့ဟာကို ကျွန်တော်က သွားရောက် ပါဝင်နေမယ်ဆိုရင် ရုပ်ရှင် လောကသား ၅ဝဝဝ ကျော်ကို သစ္စာဖောက်ရာကျလိမ့်မယ်ဆိုတဲ့ စကားကို တရားဝင်သေချာ ပြောခဲ့ပါ
တယ်။ ကျွန်တော်တို့ နိုင်ငံမှာ လူမျိုးရေး၊ ဘာသာ ရေး အဓိကရုဏ်းတွေဖြစ်
ပေါ်လာအောင် လှုံ့ဆော်တဲ့အပြော အဆိုတွေ၊ အပြုအမူတွေမပါလာ
အောင်တော့ တင်းတင်း ကျပ်ကျပ်လုပ်သင့်တယ်လို့ ယူဆပါတယ်။ ကျန်တဲ့ ယဉ် ကျေးမှုဆိုတာ အလွန်ကျယ် ဝန်းပါတယ်။ လူသားတွေရဲ့ အစကို
ပြန်ကြည့်ရင် ကျောက် ခေတ် မှာ အဝတ်အစားမပါဘဲ နေခဲ့ကြတာပါ။ ဒါကြောင့် ရိုင်းစိုင်းတယ်၊ ယဉ်ကျေးတယ် ဆိုတာမျိုး မရှိပါဘူး။ ခေတ် ကာလအရ အဝတ် အစားဆို တာ ပေါ်လာပါတယ်။ လူနေမှု အသိုင်းအဝိုင်း၊ လူ့ဘောင် စနစ် တွေ ပေါ်လာပါတယ်။ ဒီစနစ် တွေကိုပဲ ကျင့်သုံးရမယ့် မူဝါဒ သဖွယ် ကိုင်တွယ် ခဲ့ကြပါတယ်။

ဆင်ဆာကဘယ်သူလဲ

လူတစ်ဦးကတစ်ဦးကို ချစ်တဲ့အကြောင်းကို မင်းကို ငါသိပ်ချစ်လိုက်တာ
ကွာလို့ ပါးစပ်နဲ့ ပြောမယ့်အစားယုယုယယ ကြင်ကြင်နာနာ ဒီမိန်းကလေး
ပခုံးကိုကိုင်ပြီး သူ့ရဲ့နဖူးကို ဖွဖွလေးများ နမ်းလိုက်ရင်ခုနကပြောလိုက်တဲ့ စကားတွေထက်…ကြည်နူးချမ်းမြေ့မယ်လို့ ထင်ပါတယ်။ဒါဟာ Sex မဟုတ်ပါဘူး။ တစ်ဖက်က လည်း မြန်မာ့လူ့ဘောင်မှာနမ်းခြင်းဆိုတာ ရှိပါတယ်။” မျက်လုံးလေးကလယ်ကလယ်” ဇာတ်ကားနဲ့ လူမင်းဇာတ်
ကားပြဿနာ တက်လာပါတယ်။ ဇာတ်ကားတစ် ကားလုံးကို Youtube မှာ အစအဆုံးတင်ပြလိုက်တာ မဟုတ်ပါဘူး။သူတို့သိစေချင်တာ၊ မြင်စေချင်
တာကို ဖြတ် တောက်ပြီးပြလိုက်တာပါ။ ဒါကိုကွန်မန့်တွေပေးကြတယ်။ တကယ်လည်း မကြည့်ဘဲနဲ့လုပ်ကြတာပါ။ကျွန်တော်မြင်တာက နဂိုက
တည်းကဆင်ဆာဆိုတာ မရှိသင့်တော့ပါဘူး။ ဆင်ဆာမှာ အဓိကရေးဆွဲ
ရမယ့် အချက် ၂ ချက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ဆင်ဆာက ဘယ်သူလဲ၊ မီဒီယာသမားများပဲဖြစ်ပါတယ်။ ပြီးရင် ပရိသတ်ပဲဖြစ်ပါတယ်။ကျွန်တော
ဇင်ဝိုင်း ရိုက်ကူးလိုက်တဲ့ဇာတ်ကားသည် မိသားစု၊မောင်နဲ့နှမသားချင်း ကြည့်လို့မသင့်တော်အောင် ညစ်ညမ်းရိုင်းစိုင်းနေရင် ကျွန်တော့် ပရိသတ်က အပြစ်ပေးပါလိမ့်မယ်။နောင် ဒီလိုဇာတ်ကားမျိုး ရိုက်ရဲမှာ မဟုတ်ပါဘူး။ သူ့ဘာသာဆင်ခြင်သွားပါလိမ့်မယ်။ရေစီးကြောင်းတစ်ခုကို ဖွင့်တဲ့နေရာမှာ အမှိုက်တွေ၊ ဒိုက်တွေလည်း ပါလာပါလိမ့်မယ်။ ဒါတွေပါလာမှာစိုးရိမ်လို့ ငါတို့ ဆန်ခါတော့ခံထားရမယ် ဆိုရင်အရင်ခေတ်ကိုပြန် ရောက်သွားပါလိမ့်မယ်။ ဒီအမှိုက်တွေ၊ဒိုက်တွေကအချိန်တန်ရင်ကမ်းပေါ်မှာကျန်ခဲ့ပြီး သန့်စင်တဲ့ရေ စီးကြောင်း ဖြစ်သွားပါလိမ့်မယ်။

ဒီနေ့အထိ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ညှိ နှိုင်းထားတာဆိုရင် သူတို့သည် Ratting စနစ်သွားဖို့အထိ ပါရည် ရွယ်ထားတယ်။ ဘယ်ဇာတ် ကားကို ၁၄ နှစ်အောက်ကြည့် ရှုကြ၊ ဘယ်ဇာတ်ကားက ၁၆ နှစ်အောက်၊ ဘယ်ကားက မိဘအုပ်ထိန်းသူပါမှ ကြည့်ရန်၊ ဘယ်ကားကိုမည်သူမဆို ကြည့်ရှုပိုင်ခွင့်ရှိပါ တယ်ဆိုပြီး နှုန်းနဲ့သွားဖို့ လုပ်နေပါတယ်။ ဒါကလည်း အနုပညာလွတ်လပ်ခွင့်ပဲဖြစ်ပါတယ်။ ပန်းချီဆရာဟာသူစိတ်ထဲမှာ ခံစားရတဲ့အတိုင်းရေးဆွဲသလို ရုပ်ရှင်သမား တစ်ယောက်ဟာလည်း ခံစားရသမျှ ရိုက်ကူးခွင့်ရှိပါတယ်။

ဒီအပေါ်မှာလည်း ဆွေးနွေးခဲ့ပါတယ်။အခုဖိလစ်ပိုင်မှာ မားကိုးစ် လက်ထက်
က ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေ အခုအချိန်ထိ မဖွင့် ပေးသေးပါဘူး။ နိုင်ငံ
တကာကအယူအဆတွေကို လက်ခံရမယ်ဆိုတဲ့ မူကို လက်ခံလို့မရတော့
ပါဘူး။ ယဉ်ကျေးမှု ဆိုတာကျယ်ပြန့်ပါတယ်။ တကယ်တမ်း အဖြေပေးသွား မှာကပရိသတ်ပါပဲ။ ပရိသတ် အဖြေပေးမယ်ဆိုရင် ပြောစရာ တစ်ခုရှိတာက
ဒါဆိုရင် ညစ် ညမ်းတဲ့ကားတွေ ရိုက်လိုက်ရင် ပရိသတ်ကြည့်မှာပဲ။ ပရိ သတ်ကြိုက်ရင် ပိုက်ဆံရကြမှာပဲ လေ။ အဲဒါကို အနုပညာလားဆိုပြီးပြော
စရာဖြစ်လာ နိုင်တယ်။ ဒါဆို တစ်ဖက်စောင်းနင်း ဖြစ်သွားပါပြီ။စလယ်ဆုံး သူ့ရဲ့ ဖန်တီးချက်၊သူပေးချင်တဲ့ အကြောင်းအရာကို မကြည့်ဘဲ ဒီအရက်
သောက်တာ၊ ဆေးလိပ် သောက်တာကိုဖြတ် တောက်ရပါမယ်ဆိုတာမျိုး
လက်မခံပါဘူး။ ဖြစ်စေချင်တာက မြန်မာ့ရုပ်ရှင်ကို ပြန်တိုးတက်အောင်
လုပ်သင့်တယ်။လက်ရှိကဘယ်လို ပုံစံဖြစ်နေတယ်၊ဒါကြောင့် ရိုက် နေရတာ ပါ။ ပရိသတ်ကလည်းသည်းခံပြီး ကြည့်နေရပါတယ်။

အခု ပြောင်းလဲချင်နေပါပြီ”

Popular Journal