11 June, 2013

ဦးတေဇပိုင် Air Bagan လေကြောင်းလိုင်းမှ မလေးရှားနိုင်ငံမှ အလုပ်သမားများ နေရပ်သို့ပြန်နိုင်ရန်အတွက် ပြည်တွင်းခရီးစဉ်များအတွင် အခမဲ့လိုက်ပါစီးနင်းခွင့်ပေးမည့် အပြင် အလုပ်အကိုင်ပါစီစဉ်ပေးမည်

သူဌေးကြီးဦးတေဇပိုင် Air Bagan လေကြောင်းလိုင်းမှ မလေးရှားနိုင်ငံမှ အလုပ်သမားများ နေရပ်သို့ပြန်နိုင်ရန်အတွက် ပြည်တွင်းခရီးစဉ်များအတွင် အခမဲ့လိုက်ပါစီးနင်းခွင့်ပေးမည့် အပြင် အလုပ်အကိုင်ပါစီစဉ်ပေးမည်ဖြစ်ကြောင်း Air Bagan Facebook စာမျက်နာတွင်အောက်ပါအတိုင်း ကြေငြာထားသည်။မလေးရှားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအတွက် Air Bagan လေကြောင်းလိုင်း အနေဖြင့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးနိုင်ရန် စတင်ဆောင်ရွက်လျက် ရှိပါသည်။
မလေးရှားနိုင်ငံမှ အလုပ်သမားများ နေရပ်သို့ပြန်နိုင်ရန်အတွက် Air Bagan အနေဖြင့် ပြေးဆွဲလျက်ရှိသော ပြည်တွင်းခရီးစဉ်များအတွင် အခမဲ့လိုက်ပါစီးနင်းနိုင်ရန်အတွက် စီစဉ်ပေးမည်ဖြစ်ပါသည်။ ထို့ပြင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက်လည်း Air Bagan လေကြောင်းလိုင်းနှင့် ဆက်စပ်သော လုပ်ငန်းများ၏ လစ်လပ်နေရာများတွင် လာရောက်လျှောက်ထားပါက ဦးစားပေး ရွေးချယ်ခန့်ထားသွားရန် အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်
ဆက်သွယ်ဆောင်ရွက်လိုပါက Public Relation Department (ဖုန်းနံပါတ် ၀၁-၅၀၄၂၈၄) သို့တိုက်ရိုက် မေးမြန်းနိုင်ပါသည်။

ထို့ပြင် ဦးတေဇထူထောင်ထားသော Htoo Fundation မှလည်း မလေးရှားမှပြန်လည်ရောက်ရှိလာမည့် မြန်မာနိုင်ငံသားများအတွက် အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ လှူတန်းသွားမည်ဖြစ်ကြောင်း Hott Fundation Facebook တွင်ကြေငြာထားသည်။

ref
https://www.facebook.com/AirBagan
https://www.facebook.com/HtooFoundation