သရုပ်ဆောင် ဇွဲနိုင်ဝင်းက ယခင်က ဆင်ဆာ အပိတ်ခံရသည့် ဇာတ်ကား ဆင်ဆာပြန် ကျသောကြောင့် ထွက်နိုင်အောင် ကြိုးစား နေကြောင်း ပြော သည်။
”ကျွန်တော် ကတော့ ဟာသဇာတ်ကားကို ဟာသ ဇာတ်ကားလိုပဲ ရိုက်တာ။ ဘယ်လိုဖြစ်လို့
ဆင်ဆာ မပေးလည်း မသိဘူး။ အများပြည်သူအား ပြသ ခွင့်မပြုဘူး ဆို ပြီး နှစ်ခါ
တိတိ ပိတ်ပင်တဲ့အတွက် အဲဒီဇာတ်ကား တစ်ကားတည်းကို ၄ နှစ်လောက် ကြာ
သွားပါတယ်။ ဘာအကြောင်းပြချက် မှ မရှိဘဲ နဲ့ မိန်းမအဖြစ် သရုပ်ဆောင် ထားလို့
ဆိုပြီး ပိတ်ထားပါတယ်။ အဒီခေတ် ဆင်ဆာ လူကြီးတွေက
ဘာအကြောင်းကြောင့်
ပိတ်လဲဆိုတာ သူတို့ဘာသာ သူတို့ သိပါလိမ့်မယ်။ ကျွန်တော် ကတော့ လိပ်ပြာ
သန့်တယ်။ ကျွန်တော်ပြောတဲ့ စကားကိုလည်း ကျွန်တော် တာဝန်ယူတယ်။
စန္ဒီမြင့်လွင်ရဲ့ ငါ့သမီးလေး တော်လိုက်တာ ဆိုတဲ့ သီချင်း Current ဖြစ်နေတဲ့
အချိန် မှာ ကျွန်တော် အဲဒီသီချင်းနဲ့ ရိုက်ထားတာ။ ကျွန်တော်
ဂျွန်ထရာဗိုလတာ ရဲ့ ဟဲစပရေး ပုံစံအတိုင်း ကလေး တစ်ယောက် အမေ လုပ်ထားတယ်။
ကိုသားညီက ကျွန်တော့် ကို လိုက်ပိုးနေတဲ့ လူပျို သိုးကြီး၊ ကျွန်တော့်
သမီးက ပိုင်ဖြိုးသု၊ ကျွန်တော့် သားမက် လုပ်တဲ့သူက မင်းခ လုပ်ထားတယ်။
ကိုညိုမင်းလွင်က ဖန်တီး ထားတာ ပါ။ ဒီဘက်ခေတ်လူကြီးတွေ ပြောင်းတော့မှ
ကျွန်တော့် ဇာတ်ကား ဆင်ဆာ ကျတာသိရတာ ဝမ်းသာရတယ်” ဟု ဇွဲနိုင်ဝင်းက ပြောသည်။
ဇွဲနိုင်ဝင်းက ”နယ် ပရိသတ်တွေက ကျွန်တော် တို့ကိုတွေ့ရင် ကိုသားကြီး
(ဒွေး) ကို သတိရကြတယ်။ ကျွန်တော်ရယ်၊ သားညီရယ် တစ်ခါ တလေ နယ်မှာ ဆုံတဲ့ပွဲ
မျိုးဆိုရင် အဲဒီက အန်တီကြီးတွေ၊ အဖွားအိုတွေ ဆို ဖက်ပြီး ငိုကြတာတွေကို
တွေ့ရတယ်။ အစ်ကို့အတွက် စိတ် မကောင်းဘူး။ ကျွန်တော်တို့ နှစ်ယောက်တွဲ ကို
တွေ့ လိုက်တဲ့ အခါ ကျတော့ ဖက်ပြီး ငိုကြတာပဲ” ဟု နယ်ရှိုးပွဲ အမှတ်တရများကို
ပြောသည်။ ၄င်းက ဆက်လက်၍ ဇာတ်ကား ရိုက်ကူးမှု အနေဖြင့် ခေါ်မည့်သူ မရှိ၍ မ
ရိုက်ဖြစ်ခြင်းဖြစ်ပြီး လတ်တလောတွင် ဇာတ်ကားပြန်ရိုက်ရန် ကြိုးစားနေကြောင်း
ပြောသည်။ ဇွဲနိုင်ဝင်းက ရုပ်ရှင်၊ ဂီတ၊ အနုပညာ အကြောင်းများ ပါဝင်သည့်
Mirror မဂ္ဂဇင်း ထုတ်ရန် စီစဉ်နေပြီး ဇွန်လထဲမှာပင် ပရိသတ်များ ဖတ်ရှုခွင့်
ရမည် ဖြစ်ကြောင်းပြောသည်။
ခိုင်ဝေလွင်
Popular Myanmar News Journal